ကၽြန္ေတာ့္ဘဝမွာ အမုန္းဆံုးက ဒုသနေသာပါလို႕ေျပာလာတဲ့ သရုပ္ေဆာင္ညီဘြားညီ

0
84

ေဖ့ဘြတ္စ္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ လတ္တေလာ ေရပန္းစားေနတဲ့ သတင္းကေတာ့ သရုပ္ေဆာင္ညီဘြားညီ အေၾကာင္းပဲျဖစ္ပါတယ္။မင္းလြင္တင္ဆိုတဲ့ ေဖ့ဘြတ္စ္ အေကာင့္ကေန ပ်ံ႕ႏွံ႕လာတဲ့ ပို႕စ္ကတဆင့္ အိမ္ေထာင္ရွင္ အမ်ိဳးသမီးကို ေငြခ်ဴစားတဲ့ ပိုင္းလံုးဆိုျပီး ေဝဖန္ထိုးႏွက္မႈေတြ မ်ားျပားလာခဲ့ပါတယ္။

အိမ္ေထာင္ရွိဖခင္တစ္ဦးလည္းျဖစ္ သရုပ္ေဆာင္၊ဒါရိုက္တာတစ္ေယာက္လည္းျဖစ္တဲ့ ညီဘြားညီ က အသက္ (၇၁) ႏွစ္အရြယ္ အမ်ိဳးသမီးၾကီး ကို ခ်စ္ဟန္ေဆာင္ျပီး ေငြလိမ္လည္ယူတယ္ဆိုတဲ့ သတင္းက ဟိုးေလးတေက်ာ္ေက်ာ္ပ်ံ႕ေနပါတယ္။

ဒီလိုမ်ိဳးသတင္းေတြ ထြက္ေပၚလာမႈအေပၚ ညီဘြားညီ က Myanmar Celebrity နဲ႕ အင္တာဗ်ဳးမွာ အခုလို ရွင္းျပသြားပါတယ္။
“ကိုယ္ ပထမဆံုးလိုင္းဖြင့္လိုက္ေတာ့ ကိုယ့္ကိုယ္ကို သတ္ေသခ်င္ေလာက္ေအာင္အရမ္းရွက္သြားတယ္။ ဘာလို႕လဲဆိုေတာ့ ေလာကမွာ ကိုယ့္ဘဝမွာ အမုန္းဆံုးက ဒုသနေသာ သူမ်ားသားမယားကို ျပစ္မွားဖို႕ အရမ္းေၾကာက္ခဲ့တာ” လို႕ဆိုပါတယ္။

ေဒၚတူးတူးတင္ (ေခၚ) ေဒၚျဖဴျဖဴတင္ နဲ႕ ပတ္သက္ခဲ့ပံုကိုလည္း အခုလို ေျပာသြားပါတယ္။
“ သူ႕ကို ဘာလို႕ သံေယာဇဥ္ျဖစ္သြားလဲဆိုေတာ့ သူက ဆိုဆံုးမမႈေကာင္းတယ္။ အကို႕နိမ့္က်ေနတဲ့ ဘဝကို ဆြဲတင္ေပးခဲ့တာ သူ႕ေက်းဇူးေတြ အမ်ားၾကီး ရွိပါတယ္။ ဒီလိုမ်ိဳးေနရတာလည္း သူ႕ေက်းဇူးေတြ မကင္းပါဘူး။ သူ႕ကိုလည္း ေတာ္ေတာ္သံေယာဇဥ္ရွိခဲ့ပါတယ္။ ဒါေပမယ့္ အျပင္မွာ ေတြ႕လိုက္ရတဲ့ အခါက်ေတာ့ ေတာ္ေတာ္အသက္ၾကီး ေနျပီ။ ေျခေတြ လက္ေတြလည္း တုန္ေနျပီ။ ဒီလိုေျခေတြလက္ေတြတုန္ေနတဲ့ အဘြားအိုၾကီးတစ္ေယာက္ကို အကို ဘယ္လိုစိတ္နဲ႕ဆက္ဆံရမလဲ။ ရုပ္ကလည္း ကိုယ့္အေမနဲ႕ အရမ္းတူတယ္။ အကို႕မွာ အေမအစားရသလိုပဲ ခံစားရတယ္။ အဲ့ေတာ့ သူသြားခ်င္တဲ့ေနရာေတြလိုက္ပို႕ေပးတယ္။ စားခ်င္တာ ေကၽြးတယ္” ဆိုျပီး အေမတစ္ေယာက္အစားရသလို ခံစားခ်က္ကိုရွင္းျပသြားပါတယ္။

လက္ရွိမွာ မီးခိုးတိတ္ အလွဴအတန္းေတြ လုပ္ျပီး ဘာသာေရးေလ့လာလိုက္စားေနပါတယ္ဆိုတဲ့ ညီဘြားညီ ရဲ႕ အေျပာနဲ႕လုပ္ရပ္ ညီသလား ဆိုတာကိုေတာ့ ပရိသတ္ေတြက ေစာင့္ၾကည့္ ေဝဖန္ေနမွာပါ။

Unicode

ဖေ့ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လတ်တလော ရေပန်းစားနေတဲ့ သတင်းကတော့ သရုပ်ဆောင်ညီဘွားညီ အကြောင်းပဲဖြစ်ပါတယ်။မင်းလွင်တင်ဆိုတဲ့ ဖေ့ဘွတ်စ် အကောင့်ကနေ ပျံ့နှံ့လာတဲ့ ပို့စ်ကတဆင့် အိမ်ထောင်ရှင် အမျိုးသမီးကို ငွေချူစားတဲ့ ပိုင်းလုံးဆိုပြီး ဝေဖန်ထိုးနှက်မှုတွေ များပြားလာခဲ့ပါတယ်။

အိမ်ထောင်ရှိဖခင်တစ်ဦးလည်းဖြစ် သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ညီဘွားညီ က အသက် (၇၁) နှစ်အရွယ် အမျိုးသမီးကြီး ကို ချစ်ဟန်ဆောင်ပြီး ငွေလိမ်လည်ယူတယ်ဆိုတဲ့ သတင်းက ဟိုးလေးတကျော်ကျော်ပျံ့နေပါတယ်။

ဒီလိုမျိုးသတင်းတွေ ထွက်ပေါ်လာမှုအပေါ် ညီဘွားညီ က Myanmar Celebrity နဲ့ အင်တာဗျုးမှာ အခုလို ရှင်းပြသွားပါတယ်။
“ကိုယ် ပထမဆုံးလိုင်းဖွင့်လိုက်တော့ ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင်အရမ်းရှက်သွားတယ်။ ဘာလို့လဲဆိုတော့ လောကမှာ ကိုယ့်ဘဝမှာ အမုန်းဆုံးက ဒုသနသော သူများသားမယားကို ပြစ်မှားဖို့ အရမ်းကြောက်ခဲ့တာ” လို့ဆိုပါတယ်။

ဒေါ်တူးတူးတင် (ခေါ်) ဒေါ်ဖြူဖြူတင် နဲ့ ပတ်သက်ခဲ့ပုံကိုလည်း အခုလို ပြောသွားပါတယ်။
“ သူ့ကို ဘာလို့ သံယောဇဉ်ဖြစ်သွားလဲဆိုတော့ သူက ဆိုဆုံးမမှုကောင်းတယ်။ အကို့နိမ့်ကျနေတဲ့ ဘဝကို ဆွဲတင်ပေးခဲ့တာ သူ့ကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒီလိုမျိုးနေရတာလည်း သူ့ကျေးဇူးတွေ မကင်းပါဘူး။ သူ့ကိုလည်း တော်တော်သံယောဇဉ်ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြင်မှာ တွေ့လိုက်ရတဲ့ အခါကျတော့ တော်တော်အသက်ကြီး နေပြီ။ ခြေတွေ လက်တွေလည်း တုန်နေပြီ။ ဒီလိုခြေတွေလက်တွေတုန်နေတဲ့ အဘွားအိုကြီးတစ်ယောက်ကို အကို ဘယ်လိုစိတ်နဲ့ဆက်ဆံရမလဲ။ ရုပ်ကလည်း ကိုယ့်အမေနဲ့ အရမ်းတူတယ်။ အကို့မှာ အမေအစားရသလိုပဲ ခံစားရတယ်။ အဲ့တော့ သူသွားချင်တဲ့နေရာတွေလိုက်ပို့ပေးတယ်။ စားချင်တာ ကျွေးတယ်” ဆိုပြီး အမေတစ်ယောက်အစားရသလို ခံစားချက်ကိုရှင်းပြသွားပါတယ်။

လက်ရှိမှာ မီးခိုးတိတ် အလှူအတန်းတွေ လုပ်ပြီး ဘာသာရေးလေ့လာလိုက်စားနေပါတယ်ဆိုတဲ့ ညီဘွားညီ ရဲ့ အပြောနဲ့လုပ်ရပ် ညီသလား ဆိုတာကိုတော့ ပရိသတ်တွေက စောင့်ကြည့် ဝေဖန်နေမှာပါ။