ချစ်စရာခွေးလေး ၁၆ ကောင်နဲ့ ထူးထူးခြားခြားချစ်ခွင့်ပန်ခဲ့တဲ့သူ

0
80

ခွေးချစ်တတ်တဲ့ ချစ်သူကောင်မလေးကို များသောအားဖြင့် ခွေးလေးရဲ့ လည်ပင်းမှာ လက်စွပ်တစ်ကွင်း ခြည်ပေးပြီး ပရိုပိုစ့် လုပ်ကြလေ့ရှိပေမယ့် မောရစ်ဂိုးစတိန်း ဆိုတဲ့ အမေရိကန်ကောင်လေးတစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်းခံမှုကတော့ ပိုပြီး ပြောစမှတ်တွင်စရာ ဖြစ်ခဲ့ပါတယ်။

မောရစ်ဟာ သူ့ချစ်သူ လော်ရာစတမ်ပါ နဲ့ လေးနှစ်တာချစ်ကြိုက်ခဲ့ပြီးနောက် ခွေးချစ်တတ်တဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ သေချာဂရုတစိုက် ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံး နယူးယောက်မှာ နေထိုင်ပေမယ့် ကျေးဇူးတော်နေ့အားလပ်ရက်မှာ လော့စ်အိန်ဂျလိမြို့ကို အလည်အပတ် ရောက်နေတုန်း အခုလို လက်ထပ်ခွင့် တောင်းခဲ့တာပါ။

အပ်ထားတာ သူတို့ကိုယ်တိုင်ပဲ ဆိုတာတော့ ပေးမသိခဲ့ပါဘူး။ထို့နောက် မောရစ်က လော်ရာကို အပျင်းပြေတောင်တက်ရအောင် ဆိုပြီး ကြိုတင်စီစဉ်ထားတဲ့ တောင်ကုန်းလေးဆီ ခေါ်ဆောင်လာတဲ့အခါမှာတော့ နှင်းဆီပွင့်ဖတ်တွေနဲ့ လျှောက်လမ်းလေးက သူ့ရဲ့ အကြံအစည်ကို စတင်ဖော်ပြနေခဲ့ပါပြီ။

ဒီအစီအစဉ်အတွက် မောရစ်ဟာ “Pack of Hearts” ဆိုတဲ့ လူတွေကို နှစ်သိမ့်ကူညီပေးဖို့ အထူး လေ့ကျင့်ပေးထားတဲ့ ခွေးလေးတွေကို ဌားရမ်းခဲ့သလို တူရိယာမပါဘဲ သီဆိုတဲ့ “Capella” အဖွဲ့တစ်ခုကိုလည်း ဌားရမ်းခဲ့ပါတယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ ပုန်းကွယ်ထားခဲ့စေပြီး နှင်းဆီပန်းလေးတွေ ခင်းထားတဲ့ လျှောက်လမ်းကို ခေါ်လာခဲ့တာပါ။

တောင်ကုန်းလေးရဲ့ အပေါ်ကိုရောက်တဲ့အခါမှာတော့ လော်ရာရဲ့ သံသယတွေ သေချာသွားပါပြီ။ သူဌားထားတဲ့ အဖွဲ့လေးက လော်ရာ နှစ်သက်တဲ့ ဒစ္စနေကာတွန်းကားထဲက ဇာတ်ဝင်သီချင်းလေးတွေကို ကြည်နူးစရာ သီဆိုရင်း သူတို့ စုံတွဲကို သတ်မှတ်ထားတဲ့ နေရာလေးမှာ စောင့်နေခဲ့တယ်။

သူတို့ရဲ့ သီချင်းသံတွေကြားမှာပဲ မောရစ်က ဒူးထောက်ချလိုက်ပြီး လော်ရာကို မြတ်နိုးစွာ လက်ထပ်ခွင့် တောင်းခံပါတော့တယ်။ အရမ်းတွေကြွေနေပြီဖြစ်တဲ့ လော်ရာလည်း အမြန်ဆုံး ခေါင်းငြိမ့်လိုက်တော့တာပေါ့။ အဲဒီလို ခေါင်းငြိမ့်အပြီးမှာတော့ လူသားတွေကို နှစ်သိမ့်ဖို့ အသေအချာလေ့ကျင့်ထားတဲ့ ခွေးလိမ္မာလေး ၁၆ ကောင်ကို သူတို့ဆီ လွှတ်ပေးလိုက်တဲ့အခါ ချစ်စဖွယ်သတ္တဝါလေးတွေက သူတို့ကြားထဲ ပြေးဝင်လာပြီး ရုပ်ရှင်တွေထဲကလို မမေ့နိုင်စရာ ကြည်နူးဖွယ် အခိုက်အတန့်လေး ဖြစ်သွားခဲ့ပါတော့တယ်။

သေချာလေ့ကျင့်ပေးထားတဲ့ ခွေးလေးတွေဟာ သူတို့နှစ်ယောက်ကို ပွတ်သီးပွတ်သပ်လုပ်နေကြပြီး တစ်လှည့်စီ ပွေ့ဖက်ဖို့ ကြိုးစားနေကြပုံတွေကိုတော့ သူတို့ရဲ့ သူငယ်ချင်း ဓါတ်ပုံဆရာမလေး ရီဘက်ကာမှ အစအဆုံး မှတ်တမ်းတင်ပေးခဲ့တာပါ။

လော်ရာကတော့ သူမရဲ့ တွစ်တာမှာ ဒီဖြစ်ရပ်ကို ပြန်လည်ဝေမျှခဲ့ပြီး သူဘယ်လောက်တောင် ပျော်ရွှင်ခဲ့ရတယ် ဆိုတာကို ပြန်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ခွေးတွေကို လွှတ်ပေးလိုက်တာဟာ အခမ်းအနားမှာ ခိုဌက်တွေ လွှတ်ပေးလိုက်တာထက် ပိုချစ်ဖို့ကောင်းတဲ့ အခိုက်အတန့်ဖြစ်တယ်လို့ ဆိုခဲ့တဲ့အတွက် မောရစ် ပင်ပန်းရကျိုးနပ်သွားတာပါပဲ။

လေးနှစ်ကြာ သံယောဇဉ်နဲ့ လေးလေးနက်နက် သေသေချာချာ ချစ်ခွင့်ပန်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ သူ့ရဲ့ ထူးခြားတဲ့ ပုံစံကြောင့် အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ မောရစ်နဲ့ လော်ရာတို့ဟာ သူတို့မိသားစုတွေကိုပါ ဖိတ်ခေါ်ခဲ့ပြီး အမှတ်တရ စားသောက်ပွဲလေးနဲ့ သူတို့ရဲ့ စေ့စပ်ပွဲကို နိဂုံးချုပ်ခဲ့ပါတော့တယ်။

ပြောချင်လွန်းလို့ ပရိသတ်တွေရော ခွေးချစ်တတ်တဲ့သူတွေ၊ အများနဲ့မတူ မတအားရိုတဲ့ လက်ထပ်ခွင့် တောင်းခံပုံလေးကို ချစ်တဲ့သူတွေ ရှိနေလား။