ခ်စ္ဖို႕ေကာင္းတဲ့ Disney ရုပ္ရွင္ကားေတြအေျခတည္ရာ ေၾကကြဲဆုိ႕နင့္ဖြယ္ မူရင္းဇာတ္လမ္းမ်ား

ခ်စ္ဖို႕ေကာင္းတဲ့ Disney ရုပ္ရွင္ကားေတြအေျခတည္ရာ ေၾကကြဲဆုိ႕နင့္ဖြယ္ မူရင္းဇာတ္လမ္းမ်ား

Disney Animation ရုပ္ရွင္ေတြထဲက ဇာတ္ေကာင္ေတြဟာ ခ်စ္ဖို႕ေကာင္းတဲ့ မင္းသမီးေတြ၊ မင္းသားေတြျဖစ္ျပီး အဆံုးမွာ ေပ်ာ္ရႊင္စရာ ဇာတ္နဲ႕ သိမ္းသြားတာခ်ည္းပါပဲ။ ဒါေပမယ့္ ဒီ Story စတင္ျဖစ္ေပၚလာရာ အကိုးအကားဇာတ္လမ္း ေတြကေတာ့ ခ်ိဳျမိန္ခ်င္မွ ခ်ိဳျမိန္တာပါ။

  1. Rapunzel ရဲ့ ဇာတ္လမ္း အစစ္အမွန္

ဆံရွည္မေလး Rapunzel ရဲ့ ဇာတ္လမ္းကေတာ့ Grimm ညီအစ္ကိုမ်ားေရးတဲ့  နတ္သမီး ပံုျပင္ေတြကို အေျခခံတာပါ။ မူရင္းဇာတ္လမ္းမွာ စုန္းမၾကီးဟာ Rapunzel နဲ႕ မင္းသားအေၾကာင္းသိသြားတဲ့ အခါမွာ Rapunzel ရဲ့ ဆံပင္ေတြအားလံုးကို ညွပ္ပစ္ျပီး ျပတင္း၀မွာ တန္းလန္းခ်ထားပါတယ္။ မငး္သားက အမွတ္မထင္ ဆြဲလိုက္မိတဲ့အခါမွာ ဆံပင္ေတြနဲ႕အတူ ဆူးပံုေပၚ ေျခေခ်ာ္က်ျပီး မ်က္လံုးကြယ္သြားပါတယ္။ အဲ့ဒါကိုမွ Rapunzel က မ်က္ရည္ေတြနဲ႕ ကုသေပးခဲ့တာပါ။

  1. ေရသူမေလးရဲ့ အသည္းကြဲေရာဂါ

Little Mermaid ဆိုတဲ့ကားကေတာ့ Hans Christian Andersen ဆိုတဲ့ စာအုပ္ထဲက ပံုျပင္ပါ။   ကားထဲမွာ ေရသူမေလးက သူ႕ခ်စ္သူမင္းသားေလးနဲ႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဇာတ္သိမ္းသြားတယ္လို႕ ပါပါတယ္။ မူရင္းပံုျပင္မွာေတာ့ သူကယ္ခဲ့တဲ့ မင္းသားေလးဟာ အျခားမိန္းမတစ္ေယာက္နဲ႕ လက္ထပ္သြားပါတယ္။ အဲ့ဒီအခ်ိန္ ေရသူမေလးက အသဲကြဲျပီး သူ႕ကိုယ္သူ ပင္လယ္ထဲ ေျမွာေနလိုက္တာ ေနာက္ဆံုး ပင္လယ္ေရျမွပ္ေတြ ျဖစ္သြားတဲ့အထိပါပဲတဲ့။

  1. Moana ဟာ Maui ဆိုတဲ့ ေကာင္မေလး တစ္ေယာက္ကို အေျခခံထားတာပါ

.

Moana ဇတ္ေကာင္ကက်ေတာ့ အျပင္မွာ Polynesia ဆိုတဲ့ ျမိဳ႕ကို ဇာတ္လမ္းေရးသူေရာက္သြားတုန္းက ေတြ႕ခဲ့တဲ့ Maui ဆိုတဲ့ေကာင္မေလးကို အေျခခံထားတာပါ။ အဲ့ဒီဇာတ္လမ္းမွာ Polynesian မ်ိဳးႏြယ္ေတြရဲ့ ဓေလ့ထံုးတမ္းေတြအေၾကာင္း ေတာ္ေတာ္မ်ားမ်ားထည့္သြင္း ေရးဖြဲ႕ထားပါေသးတယ္။

  1. မူလန္ဟာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသခဲ့တာပါ

သတၱိရွိျပီး ရဲရင့္တဲ့ တရုတ္နိုင္ငံရဲ့ စစ္သူရဲေကာင္းမေလး မူလန္ရဲ့ ဇတ္လမ္းကို ၾကည္ျပီး ကၽြန္ေတာ္တို႕ေတြ စိတ္ခြန္အားေတြ တက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ မူလန္ဇာတ္လမ္းရဲ့ ဗားရွင္းေနာက္တစ္ခုမွာေတာ့ မူလန္ဟာ ေနာက္ဆံုး ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားေလသတည္းလို႕ ဆံုးသြားပါတယ္။ ဆယ္နွစ္ဆယ္မိုး စစ္ထြက္ျပီး မူလန္ ျပန္ေရာက္လာခ်ိန္မွာေတာ့ သူ႕အေဖကလည္းေသ၊ သူတို႕မိသားစုကလည္းကြဲ၊ ေနာက္ဆံုး အထီးက်န္မႈေ၀ဒနာနဲ႕ သူ႕ကိုယ္သူအျပစ္တင္ျခင္းေတြကို မရပ္တန္႕နိုင္လို႕ မူလန္ဟာ ကို္ယ့္ကိုယ္ကုိယ္သတ္ေသသြားပါတယ္တဲ့။

  1. Snow White ကားထဲက စုန္းမၾကီးဟာ ထုိက္သင့္တဲ့ ျပစ္ဒဏ္ခံခဲ့ရပါတယ္

Snow White ပံုျပင္ဇာတ္လမ္းထဲမွာ စုန္းမၾကီးဟာ ေက်ာက္တံုးပိေသသြားတာျဖစ္ေပမယ့္ မူရင္းဇာတ္လမ္းမွာေတာ့ မင္းသားေလးနဲ႕ snow white တုိ႕ရဲ့ မဂၤလာပြဲကို ေရာက္လာတဲ့ စုန္းမၾကီးကို မင္းသားေလးက ပူေနတဲ့ သံဖိနပ္ၾကီး ၀တ္ခိုင္းျပီးေတာ့ မေသမခ်င္း ကခိုင္းခဲ့တာပါ။

  1. Elsa ဟာ လူေကာင္းတစ္ေယာက္ မဟုတ္ပါဘူး

Frozen ရဲ့ဇာတ္လမ္းကလည္း Hans Christian Andersen ေရးတဲ့ နတ္သမီးပံုျပင္မ်ားကို အေျခခံထားတာပါ။ Disney က ရုပ္ရွင္ထဲမွာ Elsa ကခ်စ္ဖို႕ေကာင္းေပမယ့္ မူရင္းဇာတ္လမ္းထဲမွာေတာ့ စုန္းမၾကီးပါ။ သူဟာ သူ႕ကိုယ္ပိုင္ ေရခဲနန္းေတာ္ထဲမွာ အထီးက်န္စြာ ေနရင္း Kay ဆိုတဲ့ ေကာင္ေလးတစ္ေယာက္ကို ျပန္ေပးဆြဲျပီး ဖမ္းထားခဲ့ပါတယ္။ Kay ရဲ့သူငယ္ခ်င္း Gerda က Kay စုန္းမၾကီး လက္ထဲကေန စြန္႕စြန္႕စားစား ျပန္ကယ္ရတဲ့ ဇာတ္လမ္းေလးပါ။

  1. “Beauty and the Beast” ဟာ ျဖစ္ရပ္မွန္ ျပင္သစ္ဇာတ္လမ္းပါ။o

Beauty and the Beast မူရင္းဇာတ္လမ္းကို Gabrielle-Suzanne de Villeneuve ေရးခဲ့တာပါ။ သူဟာ အဲ့ဒီဇာတ္လမ္းကို Pedro နဲ႕ Catherine ဆိုတဲ့ အျပင္မွာတစ္ကယ္ရွိတဲ့ လင္မယားနွစ္ေယာက္ကို အေျခခံေရးဖြဲ႕ထားတာပါ။ လက္ေတြ႕ဘ၀မွာ ခင္ပြန္းျဖစ္သူ Pedro ဟာ ရွားပါးအေရျပားေရာဂါတစ္မ်ိဳးရျပီး တစ္ကိုယ္လံုး အေမြးေတြ ေနရာလပ္မက်န္ေအာင္ ေပါက္ေနသူပါ။ မိန္းမျဖစ္သူ Catherine ကေတာ့ ေခ်ာေမာျပီး လက္မထပ္ခင္အထိ သူ႕ေယာက္်ားဟာ အဲ့ဒီလိုလူမ်ိဳးဆိုတာ မသိပါဘူး။ Disney ဇာတ္လမ္းထဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေပါင္းဖက္ၾကေလသတည္းပါျပီး လက္ေတြ႕မွာလည္း ကေလး ၇ ေယာက္အထိ ရသြားတယ္ဆိုေတာ့ ပံုျပင္နဲ႕ လက္ေတြ႕ သိပ္မကြာဘူးလုိ႕ ေျပာလို႕ရပါတယ္။

  1. Sleeping Beauty ဆူးဆူးရျခင္း အေၾကာင္းအရင္း

Sleeping Beauty ဇာတ္လမ္းကေတာ့ ၁၆ ရာစုနွစ္ကတည္းက ေပၚေပါက္ခဲ့တာပါ။ Disney ရဲ့ ဇာတ္လမ္းထဲမွာေတာ့ မင္းသမီးေလး Zellandine က မင္းသား Troylus နဲ႕ ခ်စ္ၾကိဳက္ခဲ့ျပီး စုန္းမၾကီးရဲ့ ဆူးေတြေၾကာင့္ အိပ္ေပ်ာ္သြားခဲ့ပါတယ္။ မူရင္းဇာတ္လမ္းထဲမွာေတာ့ Zellandine က ကိုယ္၀န္ရျပီး ကေလးေမြးလိုက္ပါေသးတယ္။ သူေမြးတဲ့ ကေလးက ဆူးကို ရွာေတြ႕သြားတာျဖစ္ျပီး အဲ့ဒီဆူးနဲ႕ ထိမိလို႕ အိပ္ေပ်ာ္သြားတာပါ။

9.Pocahontas ဟာ John Smith နဲ႕ ဘယ္တုန္းကမွ မခ်စ္ၾကိဳက္ခဲ့ပါဘူး

Pocahontas ဆိုတဲ့ ဇာတ္ေကာင္က 1595 ခုနွစ္မွာေမြးတဲ့ တကယ့္ဇာတ္ေဆာင္ေပၚမွာအေျခခံထားတာပါ။ Disney ဇာတ္လမ္းထဲမွာ Pocahontas ဟာ အဂၤလိပ္ သေဘၤာသား John Smith နဲ႕ ခ်စ္ၾကိဳက္ခဲ့ေပမယ့္ လက္ေတြ႕မွာ သမီးရည္းစားေတြ မျဖစ္ခဲ့ပါဘူး။ Pocahontas ဟာ အဂၤလိပ္ စစ္သားေတြရဲ့ ျပန္ေပးဆြဲျခင္းကို ခံခဲ့ရျပီး အသက္ ၂၁ နွစ္မွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။

Unicode

ချစ်ဖို့ကောင်းတဲ့ Disney ရုပ်ရှင်ကားတွေအခြေတည်ရာ ကြေကွဲဆို့နင့်ဖွယ် မူရင်းဇာတ်လမ်းများ

Disney Animation ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဟာ ချစ်ဖို့ကောင်းတဲ့ မင်းသမီးတွေ၊ မင်းသားတွေဖြစ်ပြီး အဆုံးမှာ ပျော်ရွှင်စရာ ဇာတ်နဲ့ သိမ်းသွားတာချည်းပါပဲ။ ဒါပေမယ့် ဒီ Story စတင်ဖြစ်ပေါ်လာရာ အကိုးအကားဇာတ်လမ်း တွေကတော့ ချိုမြိန်ချင်မှ ချိုမြိန်တာပါ။

  1. Rapunzel ရဲ့ ဇာတ်လမ်း အစစ်အမှန်

ဆံရှည်မလေး Rapunzel ရဲ့ ဇာတ်လမ်းကတော့ Grimm ညီအစ်ကိုများရေးတဲ့  နတ်သမီး ပုံပြင်တွေကို အခြေခံတာပါ။ မူရင်းဇာတ်လမ်းမှာ စုန်းမကြီးဟာ Rapunzel နဲ့ မင်းသားအကြောင်းသိသွားတဲ့ အခါမှာ Rapunzel ရဲ့ ဆံပင်တွေအားလုံးကို ညှပ်ပစ်ပြီး ပြတင်းဝမှာ တန်းလန်းချထားပါတယ်။ မငး်သားက အမှတ်မထင် ဆွဲလိုက်မိတဲ့အခါမှာ ဆံပင်တွေနဲ့အတူ ဆူးပုံပေါ် ခြေချော်ကျပြီး မျက်လုံးကွယ်သွားပါတယ်။ အဲ့ဒါကိုမှ Rapunzel က မျက်ရည်တွေနဲ့ ကုသပေးခဲ့တာပါ။

  1. ရေသူမလေးရဲ့ အသည်းကွဲရောဂါ

Little Mermaid ဆိုတဲ့ကားကတော့ Hans Christian Andersen ဆိုတဲ့ စာအုပ်ထဲက ပုံပြင်ပါ။   ကားထဲမှာ ရေသူမလေးက သူ့ချစ်သူမင်းသားလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ဇာတ်သိမ်းသွားတယ်လို့ ပါပါတယ်။ မူရင်းပုံပြင်မှာတော့ သူကယ်ခဲ့တဲ့ မင်းသားလေးဟာ အခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်သွားပါတယ်။ အဲ့ဒီအချိန် ရေသူမလေးက အသဲကွဲပြီး သူ့ကိုယ်သူ ပင်လယ်ထဲ မြှောနေလိုက်တာ နောက်ဆုံး ပင်လယ်ရေမြှပ်တွေ ဖြစ်သွားတဲ့အထိပါပဲတဲ့။

  1. Moana ဟာ Maui ဆိုတဲ့ ကောင်မလေး တစ်ယောက်ကို အခြေခံထားတာပါ

.

Moana ဇတ်ကောင်ကကျတော့ အပြင်မှာ Polynesia ဆိုတဲ့ မြို့ကို ဇာတ်လမ်းရေးသူရောက်သွားတုန်းက တွေ့ခဲ့တဲ့ Maui ဆိုတဲ့ကောင်မလေးကို အခြေခံထားတာပါ။ အဲ့ဒီဇာတ်လမ်းမှာ Polynesian မျိုးနွယ်တွေရဲ့ ဓလေ့ထုံးတမ်းတွေအကြောင်း တော်တော်များများထည့်သွင်း ရေးဖွဲ့ထားပါသေးတယ်။

  1. မူလန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာပါ

သတ္တိရှိပြီး ရဲရင့်တဲ့ တရုတ်နိုင်ငံရဲ့ စစ်သူရဲကောင်းမလေး မူလန်ရဲ့ ဇတ်လမ်းကို ကြည်ပြီး ကျွန်တော်တို့တွေ စိတ်ခွန်အားတွေ တက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မူလန်ဇာတ်လမ်းရဲ့ ဗားရှင်းနောက်တစ်ခုမှာတော့ မူလန်ဟာ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလေသတည်းလို့ ဆုံးသွားပါတယ်။ ဆယ်နှစ်ဆယ်မိုး စစ်ထွက်ပြီး မူလန် ပြန်ရောက်လာချိန်မှာတော့ သူ့အဖေကလည်းသေ၊ သူတို့မိသားစုကလည်းကွဲ၊ နောက်ဆုံး အထီးကျန်မှုဝေဒနာနဲ့ သူ့ကိုယ်သူအပြစ်တင်ခြင်းတွေကို မရပ်တန့်နိုင်လို့ မူလန်ဟာ ကို်ယ့်ကိုယ်ကိုယ်သတ်သေသွားပါတယ်တဲ့။

  1. Snow White ကားထဲက စုန်းမကြီးဟာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံခဲ့ရပါတယ်

Snow White ပုံပြင်ဇာတ်လမ်းထဲမှာ စုန်းမကြီးဟာ ကျောက်တုံးပိသေသွားတာဖြစ်ပေမယ့် မူရင်းဇာတ်လမ်းမှာတော့ မင်းသားလေးနဲ့ snow white တို့ရဲ့ မင်္ဂလာပွဲကို ရောက်လာတဲ့ စုန်းမကြီးကို မင်းသားလေးက ပူနေတဲ့ သံဖိနပ်ကြီး ၀တ်ခိုင်းပြီးတော့ မသေမချင်း ကခိုင်းခဲ့တာပါ။

  1. Elsa ဟာ လူကောင်းတစ်ယောက် မဟုတ်ပါဘူး

Frozen ရဲ့ဇာတ်လမ်းကလည်း Hans Christian Andersen ရေးတဲ့ နတ်သမီးပုံပြင်များကို အခြေခံထားတာပါ။ Disney က ရုပ်ရှင်ထဲမှာ Elsa ကချစ်ဖို့ကောင်းပေမယ့် မူရင်းဇာတ်လမ်းထဲမှာတော့ စုန်းမကြီးပါ။ သူဟာ သူ့ကိုယ်ပိုင် ရေခဲနန်းတော်ထဲမှာ အထီးကျန်စွာ နေရင်း Kay ဆိုတဲ့ ကောင်လေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး ဖမ်းထားခဲ့ပါတယ်။ Kay ရဲ့သူငယ်ချင်း Gerda က Kay စုန်းမကြီး လက်ထဲကနေ စွန့်စွန့်စားစား ပြန်ကယ်ရတဲ့ ဇာတ်လမ်းလေးပါ။

  1. “Beauty and the Beast” ဟာ ဖြစ်ရပ်မှန် ပြင်သစ်ဇာတ်လမ်းပါ။o

Beauty and the Beast မူရင်းဇာတ်လမ်းကို Gabrielle-Suzanne de Villeneuve ရေးခဲ့တာပါ။ သူဟာ အဲ့ဒီဇာတ်လမ်းကို Pedro နဲ့ Catherine ဆိုတဲ့ အပြင်မှာတစ်ကယ်ရှိတဲ့ လင်မယားနှစ်ယောက်ကို အခြေခံရေးဖွဲ့ထားတာပါ။ လက်တွေ့ဘဝမှာ ခင်ပွန်းဖြစ်သူ Pedro ဟာ ရှားပါးအရေပြားရောဂါတစ်မျိုးရပြီး တစ်ကိုယ်လုံး အမွေးတွေ နေရာလပ်မကျန်အောင် ပေါက်နေသူပါ။ မိန်းမဖြစ်သူ Catherine ကတော့ ချောမောပြီး လက်မထပ်ခင်အထိ သူ့ယောက်ျားဟာ အဲ့ဒီလိုလူမျိုးဆိုတာ မသိပါဘူး။ Disney ဇာတ်လမ်းထဲမှာ ပျော်ပျော်ရွှင်ရွှင်ပေါင်းဖက်ကြလေသတည်းပါပြီး လက်တွေ့မှာလည်း ကလေး ရ ယောက်အထိ ရသွားတယ်ဆိုတော့ ပုံပြင်နဲ့ လက်တွေ့ သိပ်မကွာဘူးလို့ ပြောလို့ရပါတယ်။

  1. Sleeping Beauty ဆူးဆူးရခြင်း အကြောင်းအရင်း

Sleeping Beauty ဇာတ်လမ်းကတော့ ၁၆ ရာစုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တာပါ။ Disney ရဲ့ ဇာတ်လမ်းထဲမှာတော့ မင်းသမီးလေး Zellandine က မင်းသား Troylus နဲ့ ချစ်ကြိုက်ခဲ့ပြီး စုန်းမကြီးရဲ့ ဆူးတွေကြောင့် အိပ်ပျော်သွားခဲ့ပါတယ်။ မူရင်းဇာတ်လမ်းထဲမှာတော့ Zellandine က ကိုယ်ဝန်ရပြီး ကလေးမွေးလိုက်ပါသေးတယ်။ သူမွေးတဲ့ ကလေးက ဆူးကို ရှာတွေ့သွားတာဖြစ်ပြီး အဲ့ဒီဆူးနဲ့ ထိမိလို့ အိပ်ပျော်သွားတာပါ။

9.Pocahontas ဟာ John Smith နဲ့ ဘယ်တုန်းကမှ မချစ်ကြိုက်ခဲ့ပါဘူး

Pocahontas ဆိုတဲ့ ဇာတ်ကောင်က 1595 ခုနှစ်မှာမွေးတဲ့ တကယ့်ဇာတ်ဆောင်ပေါ်မှာအခြေခံထားတာပါ။ Disney ဇာတ်လမ်းထဲမှာ Pocahontas ဟာ အင်္ဂလိပ် သင်္ဘောသား John Smith နဲ့ ချစ်ကြိုက်ခဲ့ပေမယ့် လက်တွေ့မှာ သမီးရည်းစားတွေ မဖြစ်ခဲ့ပါဘူး။ Pocahontas ဟာ အင်္ဂလိပ် စစ်သားတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး အသက် ၂၁ နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။