ခ်စ္ရတဲ့ပရိသတ္ေတြနဲ႔ စင္ကာပူမွာ ေတြ႔ဆံုပြဲ လုပ္ဖို႔႐ွိေနတဲ့ Lee Seung Gi

ကိုရီးယားရဲ႕ နာမည္ႀကီး သရုပ္ေဆာင္ ၊ အဆိုေတာ္ ၊ အစီစဥ္တင္ဆက္သူ တစ္ေယာက္ျဖစ္တဲ့ Lee Seung gi ကိုေတာ့ က်ေနာ္တို႔ ျမန္မာပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ သိၿပီးသားျဖစ္မွာပါ ။ အသက္ ၃၂ ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ Lee Seung gi ကေတာ့ Brilliant Legacy (2009), My Girlfriend Is a Nine-Tailed Fox (2010), The King 2 Hearts (2012), Gu Family Book (2013), You’re All Surrounded (2014), and A Korean Odyssey (2017–2018) စတဲ့ ဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ Strong Heart ဆိုတဲ့ Talk Show တစ္ခုမွာလည္း သူက 2009 ခုႏွစ္ကေန 2012 အထိ Host တစ္ေယာက္အေနနဲ႔ လုပ္ကိုင္ခဲ့ဖူးပါတယ္။

သူကေတာ့ အခု ေအာက္တိုဘာလထဲမွာ သူရဲ႕ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲေလးတစ္ခု ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ အဲ့ဒီပြဲကိုေတာ့ သူရဲ႕ မနီလာခရီးစဥ္အၿပီးမွာ စင္ကာပူကိုသြားၿပီး စင္ကာပူမွာ ပရိသတ္ေတြနဲ႔ ေတြ႔ဆံုပြဲေလးတစ္ခုကို ေအာက္တိုဘာ 26 ရက္ေန႔မွာျပဳလုပ္သြားမယ္လို႔သတင္းရထားပါတယ္။ The Korean Odyssey လို႔ေခၚတဲ့ ကိုရီးယား ဝူခုန္းကေတာ့ သူ႔ကို ေတာ္ေတာ္ေအာင္ျမင္ေအာင္လုပ္ေပးႏိုင္ခဲ့တဲ့ ဇာတ္ကား တစ္ကားျဖစ္ပါတယ္။



သူအခုလို ပရိသတ္ေတြနဲ႔ေတြ႕ဆံုမယ့္အေၾကာင္းကိုလည္း Video တစ္ခုလုပ္ၿပီး “ ဟယ္လို စင္ကာပူေရ ။ က်ေနာကေတာ့ Lee Seng Gi ျဖစ္ပါတယ္။ အခ်ိန္ေတြက ေတာ္ေတာ္အကုန္ျမန္လွပါတယ္။ က်ေနာ္နဲ႔ Airens တို႔ေတြ႔ဆံုခဲ့တာေတာင္ သိပ္မၾကာလိုက္ဖူးလို႔ထင္ရေလာက္ေအာင္ပဲ ။ လာမယ့္ ေအာက္တိုဘာလ 26 ရက္ စေနေန႔ ညေန ၇ နာရီမွာေတာ့ က်ေနာ္တို႔ေတြ အတူတူေတြ႔ဆံုၾကၿပီး ေပ်ာ္ရႊင္စရာ အမွတ္တရေလးေတြကို ဖန္တီးရယူ ၾကရေအာင္လား ဗ်ာ” ဆိုၿပီး ဖိတ္ေခၚထားပါတယ္။




Unicode

ကိုရီးယားရဲ့ နာမည်ကြီး သရုပ်ဆောင် ၊ အဆိုတော် ၊ အစီစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ Lee Seung gi ကိုတော့ ကျနော်တို့ မြန်မာပရိသတ်တွေ တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ ။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Lee Seung gi ကတော့ Brilliant Legacy (2009), My Girlfriend Is a Nine-Tailed Fox (2010), The King 2 Hearts (2012), Gu Family Book (2013), You’re All Surrounded (2014), and A Korean Odyssey (2017–2018) စတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Strong Heart ဆိုတဲ့ Talk Show တစ်ခုမှာလည်း သူက 2009 ခုနှစ်ကနေ 2012 အထိ Host တစ်ယောက်အနေနဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။

သူကတော့ အခု အောက်တိုဘာလထဲမှာ သူရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးတစ်ခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီပွဲကိုတော့ သူရဲ့ မနီလာခရီးစဉ်အပြီးမှာ စင်ကာပူကိုသွားပြီး စင်ကာပူမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလေးတစ်ခုကို အောက်တိုဘာ 26 ရက်နေ့မှာပြုလုပ်သွားမယ်လို့သတင်းရထားပါတယ်။ The Korean Odyssey လို့ခေါ်တဲ့ ကိုရီးယား ဝူခုန်းကတော့ သူ့ကို တော်တော်အောင်မြင်အောင်လုပ်ပေးနိုင်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။



သူအခုလို ပရိသတ်တွေနဲ့တွေ့ဆုံမယ့်အကြောင်းကိုလည်း Video တစ်ခုလုပ်ပြီး “ ဟယ်လို စင်ကာပူရေ ။ ကျနောကတော့ Lee Seng Gi ဖြစ်ပါတယ်။ အချိန်တွေက တော်တော်အကုန်မြန်လှပါတယ်။ ကျနော်နဲ့ Airens တို့တွေ့ဆုံခဲ့တာတောင် သိပ်မကြာလိုက်ဖူးလို့ထင်ရလောက်အောင်ပဲ ။ လာမယ့် အောက်တိုဘာလ 26 ရက် စနေနေ့ ညနေ ၇ နာရီမှာတော့ ကျနော်တို့တွေ အတူတူတွေ့ဆုံကြပြီး ပျော်ရွှင်စရာ အမှတ်တရလေးတွေကို ဖန်တီးရယူ ကြရအောင်လား ဗျာ” ဆိုပြီး ဖိတ်ခေါ်ထားပါတယ်။