ချစ်သူက ရက်ရက်စက်စက်ဖောက်ပြန်တာခံရဖူးတဲ့ ကမ္ဘာကျော်များ

အချစ်ဆိုတဲ့အရာက ချိုမြိန်မှုတွေကိုယူဆောင်လာပေးနိုင်သလို နာကျင်စရာတွေကိုလည်းယူလာနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ဘယ်လောက်ပဲချစ်ချစ် တစ်ချိန်ကျရင်တော့ ရေစက်ကုန်သွားကြရတာပါပဲ။ အဲဒီလိုရေစက်ကုန်တဲ့အခါ တစ်ဖက်ဖက်ကဖောက်ပြန်လို့လည်းဖြစ်နိုင်သလို နှစ်ယောက်လုံးကမချစ်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အချစ်ကိုအရူးအမူးကိုးကွယ်မိတဲ့လူတော်တော်များများဟာ ဖောက်ပြန်တာကိုခံရပြီး နာကျင်ရတာလည်းအမှန်ပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ကိုယ်ချစ်တဲ့လူကဖောက်ပြန်တာခံရပြီးနာကျင်ခဲ့ရတဲ့ ကမ္ဘာကျော်တွေကိုဖောပြပေးလိုက်ပါတယ်။

Jennifer Anniston



တစ်ကမ္ဘာလုံးရှေ့မှာ လူသိရှင်ကြားဖောက်ပြန်ခံရပြီး နာကျင်အရှက်ရခဲ့တဲ့ မင်းသမီးကို ပြပါဆိုရင်တော့ အားလုံးသိကြတဲ့ Jennifer Anniston ပါပဲ။ Jennifer ဟာ Brad Pitt နဲ့ လက်ထပ်ထားတဲ့အချိန်မှာ Brad Pitt က Angelina Jolie နဲ့ Mr. and Mrs. Smith ဇာတ်ကားကိုရိုက်ပြီး Jolie ကမှအချစ်စစ်ပါဆိုပြီး တစ်ကမ္ဘာလုံးမျက်စိရှေ့မှာ လူသိရှင်ကြားဖောက်ပြန်ခံလိုက်ရတာပါ။ အဲဒီနောက်ပိုင်းမှာ Jolie နဲ့ Brad Pitt တို့အကြီးအကျယ်တွေရန်ဖြစ်ပြီး ကတောက်ကဆဖြစ်ကြချိန်မှာ Brad Pitt က Jennifer ဆီပြန်လာချင်ခဲ့ပေမယ့် Jennifer က လက်မခံခဲ့ဘူးလို့သိရပါတယ်။

Kim Kardashian




အခြေသတင်းကြီးတဲ့ မော်ဒယ် Kim Kardashian ဟာလည်းဘဝမှာအရာအားလုံးပြည့်စုံနေတယ်လို့ထင်ရပေမယ့် ချစ်တဲ့လူဆီကဖောက်ပြန်ခံရတဲ့ ဝေဒနာကိုခံစားခဲ့ရတာပါပဲ။ Kim ရဲ့ အရင်ချစ်သူ Ray J က Kim ရဲ့မွေးနေ့မှာပဲ အခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တာပါ။ မွေးနေ့လက်ဆာင်ကလည်း သင်းလိုက်တာလို့ပြောရမှာပါပဲ။ ကိုယ့်ကောင်မလေးမွေးနေ့မှာ စိတ်ချမ်းသာအောင်ထားရမယ့်အစားဖောက်ပြန်တာကတော့ တော်တော်ဆိုးပါတယ်

Britney Spears



ကမ္ဘာကျော်အဆိုတော် Britney Spears ဟာဆိုရင် အရာအားလုံးကိုပိုင်ဆိုင်ထားတဲ့ မိန်းမချောမိန်းမလှလေးဖြစ်ပြီး အောင်မြင်မှုလည်းရရှိထားသလို ချမ်းသာကြွယ်ဝတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမယ့် သူမရဲ့ အရင်ရည်းစား David Lucado က အခြားအမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သူမ မဟုတ်တဲ့ ကောင်မလေးတစ်ယောက်ကို David Lucado က နမ်းနေတဲ့ Video ဟာ သူမကို တကယ်ပဲအသည်းကွဲစေခဲ့တယ်လို့ Britney က ဆိုပါတယ်။

Sandra Bullock

အလှဘုရင်မ Sandra Bullock ဟာဆိုရင် တစ်ကမ္ဘာလုံးက ပုရိသတွေရဲ့အိပ်မက်မင်းသမီးပါ။ ဒါပေမယ့် သူမကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကံအကောင်းဆုံးအမျိုးသားဖြစ်တဲ့ သူမရဲ့ ခင်ပွန်းဟောင်း Jesse James က ကောင်မလေးပေါင်းများစွာနဲ့ ရှုပ်ပြီး သူမအပေါ်ဖောက်ပြန်ခဲ့တာကြောင့် Sandra က Jesse နဲ့ 2010 မှာ ကွာရှင်းခဲ့ပါတယ်။

Robert Pattison

ဒါကတော့ ယောက်ျားလေးတွေချည်းပဲဖောက်ပြန်တတ်တာမဟုတ်ဘူးလို့ညွှန်ပြနေပါတယ်။ Robert Pattison ရဲ့ကိစ္စကိုတော့အားလုံးမှတ်မိကြမှာပါ။ Robert Pattison ဟာ သူနှစ်ရှည်လများတွဲလာခဲ့တဲ့ Twilight မင်းသမီး Kristen Stewart ရဲ့ ဖောက်ပြန်ခြင်းကိုအလူးအလဲခံစားခဲ့ရပါတယ်။ Snow White and The Huntsman ဒါရိုက်တာ နဲ့ Kristen နဲ့ ရိုက်ကွင်းမှာနမ်းနေကြတာကိုမိသွားခဲ့တဲ့အခါ Robert ဟာ ဘယ်နည်းနဲ့မှခွင့်မလွှတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။

အခုပြောပြသွားတာတွေကတော့ ချစ်သူဆီကနေ ဖောက်ပြန်ခံလိုက်ရတဲ့ ကမ္ဘာကျော်တွေအကြောင်းဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖောက်ပြန်ခံရဖူးတဲ့အတွေ့အကြုံတွေရှိလား။ ရှိရင်အဲဒါကိုဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတဲ့ လမ်းညွှန်ချက်လေးတွေ share ပေးခဲ့ပါဦး။ ကိုယ်နှလုံးသားတစ်ခုလုံးပေးထားတဲ့လူဆီက ယုံကြည်မှုတွေချိုးဖောက်ခံလိုက်ရတာ တော်တော်လေးနာကျင်ရမယ့်အတွေ့အကြုံဆိုတာတော့သေချာပါတယ်။

Unicode


Jennifer Anniston

Kim Kardashian


Britney Spears


Sandra Bullock


Robert Pattison

