ချစ်သူနဲ့ငါးနှစ်ပြည့်သွားပြီဆိုတဲ့ ထက်ထက်ထွန်း

0
63

ထက်ထက်ထွန်းဟာဆိုရင် သိပ်မကြာသေးခင်ကမှ လူသိများကျော်ကြားလာတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ထက်ထက်ထွန်းကတော့ မကြာသေးခင်က မီဒီယာတွေနဲ့အင်တာဗျူးမှာ ပရိသတ်တွေအတွက် shock ရသွားစေမယ့် ကိစ္စတစ်ခုကိုထုတ်ဖော်ပြောပြလိုက်ပါတယ်။ အဲဒါကတော့ ရည်းစားနဲ့ချစ်သူသက်တမ်းငါးနှစ်ပြည့်သွားပြီဆိုတဲ့အကြောင်းပါပဲ။ ထက်ရဲ့ရည်းစားကတော့သူများတွေထင်နေသလို ယွန်းဝင့်လွှာအောင်တော့မဟုတ်ပါဘူး။ ယောက်ျားလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်သူနဲ့အကြောင်းကိုထက်ထက်ထွန်းက အခုလိုပဲ ပြောပြသွားပါတယ်။

ထက်ထက်ထွန်းက မနေ့က (16.1.2019)ဟာ သူမရဲ့ ချစ်သူသက်တမ်းငါးနှစ်ပြည့်တဲ့နေ့ဖြစ်ကြောင်း “ဒီနေ့က ထက်ရဲ့ထူးထူးခြားခြားနေ့တစ်ခုပါ။. ဒါပေမယ့် ဘာ plan မှမရှိဘူး။ ဒီနေ့က ထက်တို့ရဲ့ ငါးနှစ်ပြည့် Anniversary နေ့လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဘာ plan မှမရှိဘူး။ ဒီလိုပဲပြီးဆုံးသွားတာပဲ”လို့ပြောပြသွားပါတယ်။ ငါးနှစ်ပြည့် Anniversary တောင် ဘာ plan မှမရှိတာ Valentine’s Day ကိုတော့မမျှော်လင့်တော့ပါဘူးဆိုပြီးတော့လည်း “ငါးနှစ်ပြည့် Anniversary တောင် ဘာplanမှမရှိတာ အများပြည်သူနဲ့သက်ဆိုင်တဲ့ Valentine’s Day ကို ထက်မမျှော်လင့်တော့ပါဘူး။ နှစ်ယောက်တည်းနဲ့သက်ဆိုင်တဲ့ ငါးနှစ်ပြည့် Anniversary တောင် ဘာ plan မှမရှိပဲပြီးဆုံးသွားတာဆိုတော့လေ”လို့ ဖြေကြားထားပါတယ်။

ချစ်သူက အလုပ်ကိုပဲစိတ်ထဲထားတာကြောင့် တော်တော်သည်းခံနေရကြောင်းလည်း ထက်ထက်ထွန်းက “သူကအဓိကကအလုပ်ကိုပဲအရမ်းစိတ်ထဲထားတဲ့လူမျိုးဆိုတော့လေ။ကိုယ်ကလည်းဒါမျိုးကိုအရမ်းသဘောကျတဲ့လူမျိုးဆိုတော့ တော်တော်တော့သည်းခံရတယ်။ ပုံမှန်နေ့တွေမှာကိုယ့်ကိုယ်ကိုယ်သည်းခံနိုင်မယ်ထင်ပေမယ့်လေ.. တကယ်တမ်းရောက်လာတဲ့အချိန်မှာ တစ်ခုခုတော့လုပ်ချင်တယ်ဆိုတဲ့ ဆန္ဒလေးတော့ရှိတာပေါ့နော်”လို့ပြောထားပြီး ယောက်ျားစိတ်ပေါက်လာတာ ချစ်သူကြောင့်လည်းပါတယ်လို့ “ကိုယ်က မိန်းကလေးဆိုတော့ ရိုတာပေါ့။ တစ်ခါတစ်လေ ယောက်ျားစိတ်ပေါက်လာတာသူ့ကြောင့်လည်းပါပါလိမ့်မယ်”လို့ ပြောထားပါသေးတယ်။

ထက်ထက်ထွန်းက Anniversary နေ့တွေမှာနောက်ဆိုဖုန်းတောင်ဆက်ဖို့အစီအစဉ်မရှိတော့ဘူးလို့လည်း “အရင်နှစ်တွေကတော့အများကြီးစီစဉ်ပေးတယ်ပေါ့နော်။ ဒီနှစ်ကတော့ အများကြီးစိတ်လျှော့ပြီး ဖုန်းလေးတစ်ကောလ်ပဲဆက်တာကိုတောင် reject လုပ်ခံရတယ်ဆိုတော့ နောက်နှစ်တွေဆိုရင် ဖုန်းတောင်ဆက်ဖို့အစီအစဉ်မရှိတော့ပါဘူး”လို့ ပြောထားပါတယ်။

ပရိသတ်တွေကတော့ ယွန်းဝင့်လွှာအောင်နဲ့ LGBT စုံတွဲဆိုပြီးအားပေးလိုက်ကြသမျှ ခဲလေးသမျှသဲရေကျရလေခြင်းဆိုပြီး ဝေဖန်နေကြပါတယ်။ တကယ်တမ်း LGBT စုံတွဲပုံစံတွေလုပ်လာပြီးမှ ဘဲကြီးနဲ့ငါးနှစ်ဆိုပြီးထွက်လာတော့ မသိသေးတဲ့ပရိသတ်တွေအနေနဲ့လည်းရင်နာရမှာအမှန်ပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဘယ်လိုထင်လဲ။ ထက်ထက်ထွန်းကို အားပေးကြလား။ နောက်ထပ် ထက်ထက်ထွန်းရဲ့အနုပညာတွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say