  1. Valentine day မှာ ကိုယ့်ကိုယ်ကိုယ် ချစ်ပြလိုက်ပါ
  1. သူငယ်ချင်းတွေနဲ့ ချိန်းပါ
7အထာကျကျဝတ်ဆင်ပါ
  1. ကိုယ့်ကိုယ်ကိုယ်ကျွေးမွေးပါ
Unicode
ချစ်သူမရှိတဲ့ FA တွေလည်း Valentine Day ကို ဒီလိုကျင်းပလို့ရတယ်နော်
ချစ်သူမရှိတာနဲ့ Valentine Day ကို ကျင်းပခွင့်မရှိတော့ဘူးလို့ မထင်ပါနဲ့။ အောက်မှာ ဖော်ပြပေးသွားမယ့် အချက်တွေကတော့ Valentine Day ကို တစ်ကိုယ်တည်း ပျော်ရွှင်စွာ ဘယ်လို ကျင်းပနိုင်မလဲ ဆိုတာတွေပဲဖြစ်ပါတယ်
  1. Valentine day မှာ ကိုယ့်ကိုယ်ကို်ယ် ချစ်ပြလိုက်ပါ
Valentine day မှာ သူများကို ချစ်ပြနေစရာမလိုပါဘူး။ ကျန်းမာတဲ့ အစားအစာတွေစား၊ လေ့ကျင်ခန်းတွေလုပ်၊ ကိုယ့်ကိုယ်ကိုယ် ချောကလက်ဝယ်ပေးရင်း ကိုယ့်ကိုုယ်ကိုယ်ချစ်ပြလိုက်ပါ။
  1. Valentine Day မှာ တစ်ယောက်တည်းဆိုပြီး ၀မ်းနည်းအားငယ်မနေပါနဲ့
FA ဖြစ်တာကြောင့်မို့ ၀မ်းနည်းနေစရာမလိုပါဘူး။ FA မှာလည်း FA တွေရဲ့ အားသာချက်ရှိသလို RS တွေမှာလည်း သူတို့ရဲ့ အားနည်းချက်နဲ့ သူတို့ရှိပါတယ်။ ဒါကြောင့် FA ဖြစ်ရခြင်းရဲ့ အားသာချက်တွေကို များများတွေးပြီး လွပ်လွပ်လပ်လပ် နေရတာကို ပျော်ရွှင်ပစ်လိုက်ပါ။
  1. သူငယ်ချငး်တွေနဲ့ ချိန်းပါ
Valentine Day ဆိုတော့ RS ရှိတော့ သူငယ်ချင်းတွေနဲ့တာ့ ဘယ်ချိန်းလို့ရမလဲ။ ကိုယ့်လို Single သူငယ်ချင်းတွေ အချင်းချင်း ချိန်းပြီး Double တွေ Multi တွေ ဖြစ်အောင် လုပ်လိုက်ပါ။
  1. ကိုယ့်ရဲ့ အချစ်ဟောင်းတွေပေးခဲ့တဲ့ သင်ခန်းစာတွေကို ပြန်စဉ်းစားပါ
Valentine Day မှာ Single ဖြစ်နေသူတွေကတော့ ရည်းစားဟောင်းတွေကို သတိရကြမှာပါပဲ။ ဒါပေမယ့် အဲ့ဒီ ရည်းစားဟောင်းတွေကို ထိုင် Feel မနေပါနဲ့။ သူတို့တွေပေးခဲ့တဲ့ သင်ခန်းစာတွေကို ပြန်စဉ်းစားပြီး သူတို့နဲ့ ပြတ်သွားလို့ ကိုယ်ဘယ်လောက်အဆင်ပြေလာတာ၊ သူတို့ကြောင့်ကိုယ်ဟာ အရင်ကထက်ကောင်းတဲ့လူတစ်ယောက်ဖြစ်တာလာ ဆိုတဲ့ အချက်မျိုးကိုသာ စဉ်းစားပေးပါ။
5 မိသားစုနဲ့အချစ်ဖြုန်းပါ
Valentine day ဟာ ချစ်သူများနေပါ။ အဲ့ဒီထဲမှာ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ကို်ယ်ချစ်တဲ့ မိသားစုတွေဟာလည်း ချစ်သူတွေပါပဲ။ သာမန်နေ့တွေမှာ အချိန်မပေးနိုင်ရင်တောင် အဲ့ဒီနေ့ သပ်သပ် အချိန်ပေးပြီး လက်ဆောင်တွေပေးတာမျိုး စကားပြောပေးတာမျိုး လုပ်ပေးမယ်ဆိုရင် မိသားစုဝင်တွေ ဘယ်လောက်ပျော်သွားမလဲ စဉ်းစားကြည့်ပါဦး။
  1. ကိုယ်ကို စိတ်အပန်းပြေစေမယ့်ဟာမျိုးလုပ်ပါ
တစ်ယောက်တည်း ထိုင်ငိုင်နေတာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပို်ကောင်းပါတယ်။ အဲ့ဒီတစ်ခုက ကိုယ့်ကိုယ် စိတ်ကြည်နူးမှုပေးနိုင်တာမျိုးဆို ပိုကောင်းတာပေါ့။ ဒါကြောင့် ခေါင်းသွားလျှော်တာမျိုး၊ Spa သွားတာမျိုး၊ ယောဂကျင့်တာမျိုး စတဲ့ စိတ်ကြည်နူးမှုပေးနိုင်တဲ့ အလုပ်တစ်ခုုခုကို လုပ်လိုက်ပါ။
7အထာကျကျဝတ်ဆင်ပါ
Valentine Day မှာ အလှဆုံးပြင် အလန်းဆုံး ၀တ်ခြင်းအားဖြင့် RS ရှိနေတဲ့ လူတွေ အားကျသွားအောင်၊ လည်ပြန်ငေးသွားအောင် လုပ်လို့ရပါတယ်။
  1. ပျော်ရွှင်စေမယ့် ရုပ်ရှင်မျိုးကြည့်ပါ
ကို်ယ်ကြိုက်တဲ့ မင်းသားမငး်သမီးပါတဲ့ ကားတွေကြည့်ရင်းလည်း Valentine Day ကို ဖြတ်သန်းလို့ရတာပဲ။ အဲ့ဒါဆို ဆွေးနေချိန်တောင် ရှိတော့မှာ မဟုတ်ဘူး။ ဘာခတ်တာမှတ်လို့။
  1. ကိုယ်လုပ်စရာရှိတာတွေကို စာရင်းလုပ်ပါ
Valentine Day ဆိုတာက တစ်ရက်တည်းနဲ့ ပြီးသွားမှာ။ ဒါပေမယ့် ကိုယ့်ဘဝက ပြီးမှမပြီးသေးတာ။ ဆက်ကြိုးစားနေရဦးမှာပဲ။ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေ၊ တွေ့စရာရှိတဲ့ လူတွေ၊ စာမေးပွဲတွေ၊ အစည်းအဝေးတွေ ဘယ်နေ့လဲဆိုတာ ချမှတ်ရင်း အကောင်းဆုံးဖြစ်အောင် ဘယ်လို ပြင်ဆင်မလဲဆိုတဲ့ အစီအစဉ်ပါဆွဲလိုက်ပါ။
  1. အချစ်ဟောင်းတွေကိုထားခဲ့၊ သူတို့ထက်ကောင်းတဲ့ အချစ်သစ်ကိုရှာပါ
Valentine Day ဆိုတာ နေ့တစ်နေ့သာသာ ဖြစ်ပြီး ဒီနေ့မှာ FA ဖြစ်တယ်ဆိုတာ တစ်သက်လုံး FA ဖြစ်နေမယ်ဆိုတဲ့ အဓိပ္ပါယ်မှမဟုတ်တာ။ ရှေ့လျှောက်ဒီထက်ကောင်းတဲ့လူတွေနဲ့ တွေ့ရဦးမှာ မို့လို့ ဘာမှအားငယ်နေစရာမလိုပါဘူး။ ဒါကြောင့် သင်လိုချင်တဲ့ချစ်သူပုံစံက ဘယ်လိုမျိုးလဲ၊ ဘယ်လို နားလည်မှုတွေပေးမှ သင်က ချစ်သူအဖြစ်လက်ခံမလဲဆိုတာ စာရင်းလုပ်ကြည့်ပါဦး။
  1. သင်လုပ်ချင်နေတဲ့ အရာတစ်ခုကို ပြီးမြောက်အောင်လုပ်လိုက်ပါ
Valentineday မဟုတ်ပါဘူး။ သင့်ရဲ့နေ့ပါ။ ဒါ့ကြောင့် သင်လုပ်ချင်တာ ဥပမာ ခွေးကိုရေချိုးပေးတာမျိုး၊ ဟင်းချက်စားတာမျိုးကို လုပ်ရင်း တစ်ယောက်တည်း နေချင်သလိုနေလို့ရတာကို စိတ်ရှိလက်ရှိ ဂုဏ်ယူလို်က်ပါ။
  1. ကိုယ့််ကိုယ်ကိုယ်ကျွေးမွေးပါ
ချောကလက်မစားရလည်း ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ၀ယ်စားလို့ရပါတယ်။ လက်ဆောင်ဝယ်ပေးမယ့်သူမရှိလည်း ကိစ္စမရှိပါဘူး။ ကိုယ့်လိုချင်တာ ကိုယ့်ဘာသာ ၀ယ်လို့ဖြစ်နေတာပဲလေ။ အတွဲတွေ လက်ဆောင်ရတွေ ဘာတွေလည်း အားကျမနေပါနဲ့။ သူတို့ခမျာ အဲ့ဒီလက်ဆောင်လေးရဖို့ တစ်နှစ်ပတ်လုံး အချုပ်အချယ်ခံထားရတာ။ ဒါ့ကြောင့် ကိုယ်လိုချင်တာ ကိုယ်စားချင်တာ ကိုယ့်ဘာသာ ၀ယ်စားရင်း Valentine Day ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလိုက်ပါ။