ချစ်သူအသစ်စက်စက်ကို လူမြင်ကွင်းမှာ အနမ်းတွေခြွေနေတဲ့ Liam Hemsworth
ကြည့်ရတာ Liam ရဲ့ အသည်းကွဲတဲ့နေ့တွေ၊ထပ်ပြန်တလဲလဲလည်ပတ်နေတဲ့အချိန်ကာလတွေဟာ ကုန်ဆုံးသွားခဲ့ပြီလို့ဆိုရမှာပါ။ Liam ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ Miley Cyrus နဲ့ ပြတ်လိုက်တွဲလိုက်သံသရာကိုကျော်ဖြတ်ခဲ့ပြီး Miley ဘယ်လိုပဲဆိုးဆိုးသည်းခံခဲ့သလို Miley ရဲ့ထူးဆန်းတဲ့ performance တွေ၊ သူမတူတဲ့အမူအကျင့်တွေကိုလည်း အားလုံးသိကြတဲ့အတိုင်းချစ်ခြင်းမေတ္တာနဲ့ သည်းခံခဲ့ပြီး ဘယ်နှစ်ကြိမ်ပဲ ပြတ်သွားပါစေ Miley နားကိုအမြဲတမ်းပြန်လာခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာမှာ Miley နဲ့ ပြတ်စဲပြီးသွားတဲ့နောက်ပိုင်း Liam ဘက်က Miley နဲ့ ရေစက်ကုန်ပြီလို့သတ်မှတ်လိုက်ပုံပါပဲ။
Unicode
ကြည့်ရတာ Liam ရဲ့ အသည်းကွဲတဲ့နေ့တွေ၊ထပ်ပြန်တလဲလဲလည်ပတ်နေတဲ့အချိိန်ကာလတွေဟာ ကုန်ဆုံးသွားခဲ့ပြီလို့ဆိုရမှာပါ။ Liam ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ Miley Cyrus နဲ့ ပြတ်လိုက်တွဲလိုက်သံသရာကိုကျော်ဖြတ်ခဲ့ပြီး Miley ဘယ်လိုပဲဆိုးဆိုးသည်းခံခဲ့သလို Miley ရဲ့ထူးဆန်းတဲ့ performance တွေ၊ သူမတူတဲ့အမူအကျင့်တွေကိုလည်း အားလုံးသိကြတဲ့အတို်င်းချစ်ခြင်းမေတ္တာနဲ့ သည်းခံခဲ့ပြီး ဘယ်နှစ်ကြိမ်ပဲ ပြတ်သွားပါစေ Miley နားကိုအမြဲတမ်းပြန်လာခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်် ပြီးခဲ့တဲ့ စက်တင်ဘာမှာ Miley နဲ့ ပြတ်စဲပြီးသွားတဲ့နောက်ပိုင်း Liam ဘက်က Miley နဲ့ ရေစက်ကုန်ပြီလို့သတ်မှတ်လိုက်ပုံပါပဲ။
Liam ဟာ လောလောဆယ်မှာ Miley နဲ့ ကွာရှင်းခွင့်တောင်းခံထားပြီး သိပ်မကြာခင်ရက်သတ္တပတ်တွေမှာပဲ သိပ်ကိုချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေးအသစ်ကို ကောက်ရသွားခဲ့ပါတယ်။ အဲဒီမိန်းကလေးကလည်း Liam လိုုပဲ Australian သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူမအသက်ဆယ့်ခြောက်နှစ်အရွယ်ကတည်းက မော်ဒယ်တစ်ဦးအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီးပရိသတ်တွေရဲ့နှလုံးသားကိုသိမ်းပိုက်ထားနို်င်ပြီဖြစ်တဲ့ နုနယ်ပျိုမြစ် အသက်နှစ်ဆယ့်နစ်နှစ်အရွယ် Maddison Brown ဆိုသူလေးဖြစ်ပါတယ်။ ရွှေဝါရောင်ဆံပင်ရှည်ကြီးတွေနဲ့ မင်းသမီးလေးလိုလှတဲ့ သူမဟာ Liam ရဲ့အသည်းကို ခြွေချသွားနိုင်ခဲ့တာသေချာပါတယ်။ Liam က အခုဆိုရင် Maddison ကို သွားလေရာခေါ်သွားပြီး မခွဲနိုင်မခွာရက်ကိုချစ်မြတ်နိုးနေတာဖြစ်ပါတယ်။
မကြာသေးမီီက ညတစ်ညမှာ Maddison နဲ့ Liam ဟာ ပျော်ရွှင်စွာလျှောက်လည်နေတာကိုမြင်ရပြီး မြို့ကြီးရဲ့ မီးရောင်စုံတွေအောက်မှာတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အနမ်းတွေခြွေနေကြပြီး ပျော််ရွှင်မြူးထူးနေကြတာကိုလည်းတွေ့ရပါတယ်။ Liam ကလည်း Maddison ရဲ့နားမှာ ပေါ့ပါးလွပ်လပ်နေပြီး သူ့ထက် အသက်အများကြီးငယ်တဲ့ ချစ်သူကောင်မလေးကို လူမြင်ကွင်းမှာ ချွဲပြီးဖက်ထားတာကိုလည်း ကြည်နူးစရာမြင်ကွင်းလေးအဖြစ်မြင်ရပါသေးတယ်။ ယောက်ျားလေးတွေက သူတို့တကယ်ချစ်တဲ့ ကောင်မလေးကိုမှ အားကိုးပြီးချွဲကြတယ်ဆိုတာကြောင့် ကြည့်ရတာ Liam က Australian သရုပ်ဆောင်လေးကို နှစ်နှစ်ကာကာချစ်နေပုံပါပဲ။
ပရိသတ်တွေကတော့ တည်ငြိမ်အေးချမ်းပြီး ချစ်ဖို့ကောင်းလှတဲ့ Maddison ကို Liam နဲ့ သဘောတူနေကြပြီး သူမရဲ့ ရင့်ကျက်မှုနဲ့ ချစ်စရာကောင်းမှုဟာ Liam လိုအပ်နေတဲ့အရာပဲလို့ မှတ်ချက်တွေပေးထားကြပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Liam နဲ့ Maddison ကို သဘောတူကြလား။ Miley ဟာလည်း ချစ်သူအသစ် Cody Simpson နဲ့ အဆင်ပြေနေပုံရတာကြောင့် Liam နဲ့ Miley ပြန်ပေါင်းစပ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူးလို့ဆိုရမှာပါ။