ခ်စ္သူ လန္ဒန္မင္းသားေလး Joe Alwyn ကုိ အတိအလင္းထုတ္ၾကြားလိုက္တဲ့ Taylor Swift

အေမရိကန္ရဲ႕ နွလံုးသည္းပြတ္ေလးလို႔ တင္စားေခၚဆိုခံရတဲ့ Taylor Swift ဟာဆိုရင္ တစ္ကမၻာလံုးကဝုိင္းခ်စ္ရတဲ့ အဆိုေတာ္တစ္ဦးျဖစ္ျပီး မၾကာေသးမီကမွထြက္ရွိထားတဲ့ Taylor Swift ရဲ႕ Lover Album ဟာလည္း ကမၻာအနွံ႔မွာအၾကီးအက်ယ္ေအာင္ျမင္မႈရေနတာလည္းျဖစ္ပါတယ္။ အေမရိကန္ရဲ႕ အဖိုးတန္ရတနာေလး Taylor ကေတာ့ လန္ဒန္ရဲ႕မင္းသားေလး Joe Alwyn နဲ႔ ခ်စ္သူေတြျဖစ္ေနတာ သံုးနွစ္ခန္႔ၾကာျပီျဖစ္ျပီး လန္ဒန္နဲ႔ LA ကုိ ကူးခ်ည္သန္းခ်ည္လုပ္ကာ ခ်စ္သူနဲ႔သာယာတဲ့အခ်စ္ေရးကုိအခ်ိန္ေတြအၾကာၾကီးထိန္းသိမ္းထားနုိင္ခဲ့သူပါ။

ဒါေပမယ့္ Taylor က Joe နဲ႔ခ်စ္သူေတြျဖစ္ေနတယ္ဆိုတာဟာ ပါပါရာဇီေတြရဲ႕ မႈန္ဝါးဝါးဓာတ္ပံုေလးေတြခိုးရို္က္ထားတဲ့ပံုေလးေတြနဲ႔သာအတည္ျပဳေနရတာျဖစ္ျပီး Taylor နဲ႔ Joe နဲ႔ ဟာ ဘယ္လိုုပြဲမ်ိဳးကုိမွ ထင္ထင္ရွားရွားအတူတက္ခဲ့ဖူးျခင္းမရွိသလုိ သူမ်ားေတြလိုလည္း ခ်စ္သူေတြပါလို႔အတိအလင္းေၾကျငာတာမ်ိဳးမရွိေသးပါဘူး။ အခုေတာ့ Taylor နဲ႔ Joe ကုိ သေဘာတူေနၾကတဲ့ပရိသတ္ေတြအတြက္ သတင္းေကာင္းေပၚထြက္လာျပီလို႔ဆိုရမွာပါ။အေၾကာင္းကေတာ့ Taylor ဟာ လန္ဒန္သားေလး Joe Alwyn ကုိ သူမရဲ႕ New York ျမိဳ႕ၾကီးထဲက Saturday Night Live Party ကုိ လက္ခ်င္းတြဲျပီး ပိုင္ပုိင္နုိင္နုိင္ေခၚေဆာင္လာခဲ့တာကုိတစ္ကမၻာလံုးက ပရိသတ္ေတြက ေတြ႕လိုက္ရလို႔ပါပဲ။



Taylor က ခ်စ္သူလက္ကုိတြဲျပီး ေပ်ာ္ရႊင္ေနသလုိ အင္မတန္အိေျႏၵၾကီးပါတယ္ဆိုတဲ့ Joe ကလည္း Taylor ရဲ႕လက္ကုိတြဲျပီးျပံဳးရယ္ေနခဲ့တာေတြ႕ရပါတယ္။ ဒီလို after party ေတြပြဲေတြကုိအတူတူတက္တယ္ဆိုတာမ်ိဳးသိပ္မရွိခဲ့ပဲ နွစ္ေယာက္တည္းအခ်ိန္ျဖဳန္းျပီးနွစ္ေယာက္တည္းကမၻာလုပ္ေနတတ္တဲ့ Taylor နဲ႔ Joe တို႔အတြက္ေတာ့အခုလို ပရိသတ္ေရွ႕မွာလက္ခ်င္းတြဲျပီးထုတ္ျပလုိက္တာက ခ်စ္သူကုိထုတ္ၾကြားလိုက္တယ္ဆိုတဲ့အဓိပၸါယ္လည္းသက္ေရာက္သလို သူတို႔နွစ္ေယာက္ရဲ႕အခ်စ္ေရးက သံုးနွစ္ေက်ာ္သြားတာေတာင္ ပူပူေႏြးေႏြးစံုတြဲေလးလိုပဲ ခ်စ္လို႔မဝျဖစ္ေနတုန္းပဲဆိုတာလည္းျမင္သာေစပါတယ္။




ပရိသတ္ေတြကေတာ့ ဒီလိုနွစ္ေယာက္သားလက္ခ်င္းတြဲျပီးလူေရွ႕ထြက္လာတဲ့အတြက္ ေပ်ာ္ရႊင္ဝမ္းသာေနၾကသလို Taylor နဲ႔ Joe ကုိ သေဘာေတြတူျပီး ျမန္ျမန္လက္ထပ္ေစခ်င္ေနၾကတာလည္းျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔႔ပရိသတ္ၾကီးေရာ Taylor နဲ႔ Joe ကုိခ်စ္ၾကလား။ သေဘာေရာတူၾကလား။ Joe နဲ႔ တြဲျပီးမွအခ်စ္သီခ်င္းေတြ ေဝေဝဆာဆာေရးေနတဲ့ Taylor ရဲ႕ Lover Album ကုိေရာနားေထာင္ျပီးၾကျပီလား။ေျပာခဲ့ၾကပါဦး။

Unicode



အမေရိကန်ရဲ့ နှလုံးသည်းပွတ်လေးလို့ တင်စားခေါ်ဆိုခံရတဲ့ Taylor Swift ဟာဆိုရင် တစ်ကမ္ဘာလုံးကဝိုင်းချစ်ရတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး မကြာသေးမီကမှထွက်ရှိထားတဲ့ Taylor Swift ရဲ့ Lover Album ဟာလည်း ကမ္ဘာအနှံ့မှာအကြီးအကျယ်အောင်မြင်မှုရနေတာလည်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ အဖိုးတန်ရတနာလေး Taylor ကတော့ လန်ဒန်ရဲ့မင်းသားလေး Joe Alwyn နဲ့ ချစ်သူတွေဖြစ်နေတာ သုံးနှစ်ခန့်ကြာပြီဖြစ်ပြီး လန်ဒန်နဲ့ LA ကို ကူးချည်သန်းချည်လုပ်ကာ ချစ်သူနဲ့သာယာတဲ့အချစ်ရေးကိုအချိန်တွေအကြာကြီးထိန်းသိမ်းထားနိုင်ခဲ့သူပါ။

ဒါပေမယ့် Taylor က Joe နဲ့ချစ်သူတွေဖြစ်နေတယ်ဆိုတာဟာ ပါပါရာဇီတွေရဲ့ မှုန်ဝါးဝါးဓာတ်ပုံလေးတွေခိုးရို်က်ထားတဲ့ပုံလေးတွေနဲ့သာအတည်ပြုနေရတာဖြစ်ပြီး Taylor နဲ့ Joe နဲ့ ဟာ ဘယ်လိုုပွဲမျိုးကိုမှ ထင်ထင်ရှားရှားအတူတက်ခဲ့ဖူးခြင်းမရှိသလို သူများတွေလိုလည်း ချစ်သူတွေပါလို့အတိအလင်းကြေငြာတာမျိုးမရှိသေးပါဘူး။ အခုတော့ Taylor နဲ့ Joe ကို သဘောတူနေကြတဲ့ပရိသတ်တွေအတွက် သတင်းကောင်းပေါ်ထွက်လာပြီလို့ဆိုရမှာပါ။အကြောင်းကတော့ Taylor ဟာ လန်ဒန်သားလေး Joe Alwyn ကို သူမရဲ့ New York မြို့ကြီးထဲက Saturday Night Live Party ကို လက်ချင်းတွဲပြီး ပိုင်ပိုင်နိုင်နိုင်ခေါ်ဆောင်လာခဲ့တာကိုတစ်ကမ္ဘာလုံးက ပရိသတ်တွေက တွေ့လိုက်ရလို့ပါပဲ။

Taylor က ချစ်သူလက်ကိုတွဲပြီး ပျော်ရွှင်နေသလို အင်မတန်အိန္ဒြေကြီးပါတယ်ဆိုတဲ့ Joe ကလည်း Taylor ရဲ့လက်ကိုတွဲပြီးပြုံးရယ်နေခဲ့တာတွေ့ရပါတယ်။ ဒီလို after party တွေပွဲတွေကိုအတူတူတက်တယ်ဆိုတာမျိုးသိပ်မရှိခဲ့ပဲ နှစ်ယောက်တည်းအချိန်ဖြုန်းပြီးနှစ်ယောက်တည်းကမ္ဘာလုပ်နေတတ်တဲ့ Taylor နဲ့ Joe တို့အတွက်တော့အခုလို ပရိသတ်ရှေ့မှာလက်ချင်းတွဲပြီးထုတ်ပြလိုက်တာက ချစ်သူကိုထုတ်ကြွားလိုက်တယ်ဆိုတဲ့အဓိပ္ပါယ်လည်းသက်ရောက်သလို သူတို့နှစ်ယောက်ရဲ့အချစ်ရေးက သုံးနှစ်ကျော်သွားတာတောင် ပူပူနွေးနွေးစုံတွဲလေးလိုပဲ ချစ်လို့မဝဖြစ်နေတုန်းပဲဆိုတာလည်းမြင်သာစေပါတယ်။

ပရိသတ်တွေကတော့ ဒီလိုနှစ်ယောက်သားလက်ချင်းတွဲပြီးလူရှေ့ထွက်လာတဲ့အတွက် ပျော်ရွှင်ဝမ်းသာနေကြသလို Taylor နဲ့ Joe ကို သဘောတွေတူပြီး မြန်မြန်လက်ထပ်စေချင်နေကြတာလည်းဖြစ်ပါတယ်။ ပြောချင်လွန်းလို့့ပရိသတ်ကြီးရော Taylor နဲ့ Joe ကိုချစ်ကြလား။ သဘောရောတူကြလား။ Joe နဲ့ တွဲပြီးမှအချစ်သီချင်းတွေ ဝေဝေဆာဆာရေးနေတဲ့ Taylor ရဲ့ Lover Album ကိုရောနားထောင်ပြီးကြပြီလား။ပြောခဲ့ကြပါဦး။