ချစ်​သူ​ကောင်​​လေးတစ်​​ယောက်​ရထားသလို ဖြစ်​​စေမယ့်​ အမျိုးသမီးသုံး ဖက်​​ခေါင်းအုံး

0
51

အွန်​လိုင်းမှာ​တော့ အ​တော်​​လေး​ဟော့သွားတဲ့ ဖက်​​ခေါင်းအုံး ​တွေဖြစ်​ပါတယ်​။ အိုက်​ဒီယာက ဆန်းကြယ်​သလို ချစ်​သူရည်းစားအရှုပ်​အ​ထွေးနဲ့ ဘဝကိုမဖြတ်​သန်းချင်​သူ ပျိုမဒီ​တွေအတွက်​လည်း ကိုယ်​အိပ်​စက်​ချိန်​တိုင်းမှာ အနားမှာ သိပ်​ချစ်​ရတဲ့ချစ်​သူတစ်​​ယောက်​ရှိ​နေသလို စိတ်​​ကျေနပ်​မှုအပြည့်​အဝရ​စေတာ​ကြောင့်​ပဲ အခုချိန်​မှာ သိပ်​ပြီးနာမည်​ကြီး​နေရတာပါ။

လွတ်​လွတ်​လပ်​လပ်​ ​နေချင်​လှတဲ့ တစ်​ကိုယ်​ရည်​သမား​တွေအတွက်​ အံကိုက်​ဖြစ်​ပြီး မင်းမရှိတဲ့ည​တွေ ဘယ်​လိုဖြတ်​သန်းရမလဲလို့ ​တွေးပူစရာ မရှိ​တော့​လောက်​​အောင်​ကို ပူပူ​နွေး​နွေး အသည်းကွဲသမား​တွေအတွက်​လဲ အစားထိုးဖက်​​ခေါင်းအုံး​လေး ဖြစ်​​နေပြန်​ပါတယ်​။

ကိုယ်​​ငွေ့​တော့မရဘူး၊ စကား​တွေအပြန်​အလှန်​ရဘူးဆို​ပေမယ့်​ ဒါ့ထက်​ပိုသာတာက အိပ်​စက်​ချိန်​တိုင်းမှာ အနားမှာ တစ်​​ယောက်​​ယောက်​က​ထွေးဖက်​​ပေးထားသလြိ သိပ်​ပြီးသက်​​သောင့်​သက်​သာ ရှိ​စေတာပါ။ တကယ့်​လူတစ်​​ယောက်​လို ဖက်​​ခေါင်းအုံး ကို တီထွင်​ထားပြီး သန်​မာ​ပေမယ့်​ သိမ်​​မွေ့ နူးညံ့တဲ့ လက်​​မောင်းတစ်​ဖက်​ကိုပါ ထည့််​သွင်းဖန်​တီးထား​တာ​ကြင့် ဖက်​ပဲထားထား၊ ​ထွေးပဲထားထား သိပ်​ဇိမ်​ရှိ​စေပါတယ်​။

လူတိုင်းမှာ အချစ်​ခံချင်​ကြတဲ့ ပြင်းပြဗီဇက တစ်​ချိန်​မဟုတ်​တစ်​ချိန်​မှာ တစ်​နည်းနည်းနဲ့​ဖြေသိမ့်​၊ ​ဖြေ​ဖျောက်​ ​နေကြရတာပဲ မဟုတ်​လား​လေ။ ည​ရေးညတာ အထီးကျန်​မှု​တွေကို ​ဖြေ​ဖျောက်​ဖို့ အ​ကောင်းဆုံးအားသာချက်​ရှိ​နေတာ​ကြောင့်​ သိပ်​​ရေပန်းစားလူကြိုက်​များ​နေပြီး ကိုယ်​လိုအပ်​ရင်​လိုအပ်​သလို ကိုယ့်​ချစ်​သူသုံးတတ်​တဲ့ ​ရေ​မွှေး နံ့​​​​မျိုး​လေး ဖြန်း​ပေးထားရင်​ ပိုလို့​တောင်​ အိပ်​မက်​ကမ္ဘာထဲနှစ်​ခြိုက်​​စေပါလိမ့်​ဦးမယ်​။

ကျန်းမာ​ရေးနဲ့ညီညွှတ်​တဲ့ ချည်​သား​အစစ်ေ​တွကို အသုံးပြုချုပ်​လုပ်​ထားပြီး ကိုယ်​ခန္ဓာ နဲ့ ဓာတ်​မတည့်​မှု​တွေလည်း ကင်းပ​စေပါတယ်​။ အလွန့်​အလွန်​ နူးညံ့သိမ်​​မွေ့တဲ့ ဖက်​​ခေါင်းအုံး အသား​ကြောင့််​ သင့်​အသားအရည်​ကလည်း ထိခိုက်​မှုဖြစ်​မှာလည်း ပူစရာမရှိတာထူးခြားချက်​ပါ။

တစ်​ညလုံး ဖက်​ထားပြီး ညလုံး​ပေါက်​ ရုပ်​ရှင်​​တွေကြည့်​​နေတဲ့အချိန်​ အိပ်​ရာထဲမှာ ​နွေး​ထွေးလုံခြုံ​စေတဲ့ စိတ်​ခံစားမှု​တွေကို ဖန်​တီး​ပေးတယ်​၊ ဒါ့အပြင်​ကို အထီးကျန်မှုကို​ကျော်​လွှားဖို့ ​​ချစ်​သူ​ကောင်​​လေးတစ်​​ယောက်​ရထားသလို ဖြစ်​​စေမယ့်​ အမျိုးသမီးသုံး ဖက်​​ခေါင်းအုံး​တွေက လက်​ရှိမှာ သိပ်​ပြီး​ရောင်း​ကောင်း​နေသလို အ​မေဇုန်​က​နေလဲ မှာယူရရှိနို်​င်​တယ်​လို့လဲ သိရပါတယ်​။

ZAW (H2H)