ခန္ဓာကိုယ်ကို ဗန်းပြနေတဲ့သူတွေကို အထိနာစေမယ့် အိမ့်ချစ်ရဲ့သီချင်း

0
70

ပြည်သူချစ်နိုင်ငံကျော်တေးသံရှင်ကြီး ချစ်ကောင်းရဲ့ သမီးဖြစ်သူ လက်ရှိအချိန်မှာ ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ အများအပြားရရှိထားတဲ့ နိုင်ငံကျော် တေးသံရှင် အိမ့်ချစ်ကတော့ သူရဲ့ အင်္ဂလိပ်လိုချည်းပဲ သီဆိုထားတဲ့ Slayဆိုတဲ့ အခွေက မကြာခင်မှာ ထွက်တော့မှာဖြစ်ပြီး အဲ့အခွေထဲမှာ ပါတဲ့ Bang Bangဆိုတဲ့ သီချင်းကတော့ ခန္ဓာကိုယ်ကို ဗန်းပြပြီး ဘဝကို တည်ဆောက်နေတဲ့ သူတွေကို အထိနာသွားအောင်လို့ သီချင်းတစ်ပုဒ်နဲ့ ပစ်လိုက်တာမျိုး ဖြစ်ကြောင်း 8days ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။

အိမ့်ချစ်က “အဲ့ဒီ Bang Bangဆိုတဲ့သီချင်း ရေးဖြစ်တာကတော့ ဘာကြောင့်လဲဆိုတော့ အိမ့်ချစ်လည်း တစ်ခါတစ်လေ ကျရင်ကိုယ်ခံစားရတဲ့ အကြောင်းအရာလေးပေါ့နော် အိမ့်ချစ်တို့ အနုပညာသမားတွေမှာက ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ပေါ့နော်။ ကောင်းတဲ့လူတွေလည်း ရှိကြတယ်။ မကောင်းတဲ့လူတွေကြောင့်မို့လို့ အိမ့်ချစ်တို့ အနုပညာသမားတွေက အလကား အပေါစားတွေလို့ တော်တော်များများက သတ်မှတ်ခြင်းခံရတယ်။ ကိုယ်ကိုတိုင်လည်း အဲ့လိုမျိုး အပြောခံရတာမျိုး ကြုံခဲ့ဖူးတယ်။ အဲ့လိုကျတော့ ကိုယ်က ဘယ်လောက်ပဲ ကောင်းအောင်နေနေ တစ်စုံတစ်ယောက်က မကောင်းနဲ့ဘဲ ကိုယ့်တစ်လောကလုံး အဲ့လိုပြောခံရတဲ့အတွက်ကြောင့် စိတ်မကောင်ဘူး။

အဲ့လိုမျိုး လုပ်နေတဲ့ လူတွေကို ထိထိရောက်ရောက်လေး ပြင်းပြင်းထန်ထန်လေး သီချင်းတစ်ပုဒ်နဲ့ ပစ်လိုက်ချင်တယ် အဲ့တာကြောင့် Bangဆိုပြီး ဒီသီချင်းကိုရေးတာ ဒီသီချင်းကလည်း တော်တော်လေး ကြမ်းတမ်းတဲ့အတွက်ကြောင့် ဒီသီချင်းတစ်ပုဒ်ကြောင့်ပါပဲ အိမ့်ချစ်အခွေမှာ warning လုပ်တာလေးကို ထိုးရတယ်။ ၁၈နှစ်အောက်တွေ နားထောင်ဖို့ သိပ်မသင့်တော်ဘူး။ အဓိကတော့ ခန္ဓာကိုယ်ရောင်းစားပြီးတော့ Brandedတွေကိုင်ပြတယ် ဒါတွေကိုသာယာနေတယ်။ အမေမွေးထဲက ခန္ဓာကိုယ်မဟုတ်ဘဲနဲ့ ဆီလီကွန်တွေထည့်ကြတယ် ပြင်ကြတယ် ဆင်ကြတယ်။ အဲ့တာတွေအကုန်လုံးက ကိုယ့်ခန္ဓာကိုယ်ကို ဗန်းပြပြီးတော့ ကိုယ့်ဘဝကို တည်ဆောက်နေတဲ့သူတွေကို အထိနာသွားအောင်လို့ သီချင်းတစ်ပုဒ်ထဲနဲ့ ပစ်လိုက်တဲ့ သဘောပါ။”လို့ ပြောခဲ့ပါတယ်။

FGကစီစဉ်ပြီး ရိုက်ကူးထားတဲ့ MTVမှာ Sexyပုံစံလေး ရိုက်ထားတာနဲ့ ပတ်သက်ပြီး “ရှက်လည်းရှက်တယ် အရမ်းလည်းပင်ပန်းတယ် ရှက်တယ်ဆိုတာလည်းလေ ကျန်တဲ့ အချိန်တွေက ပြဿနာမရှိဘူး အဓိက ရေလောင်းတဲ့အချိန်မှာ အဲ့အင်္ကျီက အရမ်းပါးတယ်။ ပထမဆုံး ရေလောင်းတဲ့အချိန်အကုန်လုံး အကွက်လိုက်မြင်ရတဲ့ အခါကျတော့ သဘက်နဲ့ ပြန်ပတ်ပြီး ပြေးပြီးတော့ အောက်ကနေ လျှော့ပန်တစ်ထပ် ထပ်ဝတ်ရတယ်။ အင်္ကျီရင်ခံတစ်မျိုး ထပ်ဝတ်ရတယ်။ အဲ့လိုဝတ်ပြီးတော့မှ ရေလောင်းချတယ် အဲ့ဒီရေလောင်းချပြီးရိုက်တာက MTVထဲမှာသာ ရေချိုးခန်းလို့ထင်ရတာ အမှန်မှန်က Mrtv 4 ရေးကူးရဲ့ အပြင်outdoorမှာ အပြင်မှာဆို နံရံကြီးပဲ ရှိတယ်။ အဲ့မှာ မီးတွေထိုးပြီးတော့ အိမ့်ချစ်ကို မနက်၃နာရီကြီး ရေတွေဝိုင်းလောင်းကြတာ အဲ့မှာအိမ့်ချစ်တုန်နေပြီ။ အဲ့သီချင်းက ကောင်လေးတစ်ယောက်ရဲ့ အထိအတွေ့ကြောင့်မို့လို့ ကိုယ်က အရူးမူး ဖြစ်နေတာကြောင့် အဲ့လိုsexyပုံစံမျိုးလေး ရိုက်ထားတာပါ။”လို့ပြောပါတယ်။

“Slay” သီချင်းတွေနဲ့ပတ်သက်ပြီးတော့ “၇ပုဒ်တိတိကို ကိုယ်တိုင်ရေးပါတယ်။ နောက်ပြီးတော့ ၇ပုဒ်မှာမှ ၂ပုဒ်ကတော့ စုတွဲသီချင်းလေးတွေမှာ William ရေးတာပါတယ်။ နောက် Black T ရေးတာလေးတွေပါမယ်။ အိမ့်ချစ်ရဲ့ မောင်လေး ကောင်းပြည့်စုံဆိုတာ အိမ့်ချစ်ရဲ့ မောင်လေးတစ်ယောက်လိုပဲ သူကလည်း အိမ့်ချစ်ကို Slayဆိုတဲ့ Titleသီချင်းလေးရေးတဲ့နေရာမှာ ကူညီပေးတယ် အဲ့တာကြောင့် သူ့နာမည်လေးပါ ထည့်ပေးတာပေါ့။ သူက အရမ်းစာတော်တယ် အင်္ဂလိပ်လို အရမ်းတော်တဲ့ ကလေးလေး အိမ့်ချစ်ရေးတာမှားနေရင် သူက ပြန်ပြင်ပေးတယ်။ စကားလုံး အမိုက်စားတွေထည့်ပေးတယ် အဲ့လိုကျတော့ သူ့ကို တေးရေးအနေနဲ့ ခေါင်းစဉ်တပ်ပေးတာ။ ၇ပုဒ်တိတိက ကိုယ်တိုင်ရေးတာဆိုတော့ နောက်တစ်ပုဒ်က သူတို့groupလေးရှိတယ် သူတို့က သီချင်းလည်း တီးတယ် သီချင်းလည်း ရေးတယ်။ သူတို့ သီချင်းလေးပေါ့။”လို့ ပြောခဲ့ပါတယ်။

အခု”Slay”အခွေက အင်္ဂလိပ်လိုကြီးပဲဆိုတော့ အင်္ဂလိပ်စကားလေ့လာခဲ့တာနဲ့ပတ်သက်ပြီး”ငယ်ငယ်ထဲက အိမ့်ချစ်က ဘာသာစကားကို ဝါသနာပါတယ် တော်တော်များများက အိမ့်ချစ်ကို အင်္ဂလိပ်ကျောင်းတက်လားလို့ မေးတယ်။ အိမ့်ချစ်က ငယ်ငယ်ထဲက အင်္ဂလိပ်ကျောင်းမတက်ခဲ့ပါဘူး ဗမာကျောင်းပဲ တက်ခဲ့တာပါ။ အိမ့်ချစ်TTCမှာတက်တယ် ဒါပေမဲ့ အိမ့်ချစ်တို့ကျတော့ ငယ်ငယ်ထဲက TTCတို့ဘာတို့တွေမှာ တက်တဲ့သူတော်တော်များများလည်း အင်္ဂလိပ်ကောင်းကြပါတယ်။ နိုင်ငံခြားကျောင်းတက်မှမဟုတ်ပါဘူး။ ဗမာကျောင်းတက်တဲ့သူတွေလည်း အင်္ဂလိပ်လို့တော်ကြတယ်။ International Schoolသွားမှ မဟုတ်ဘူး။ အဓိကအဲ့တာလေးလည်း ပါတယ် ငါတို့သာမန်မိန်းကလေးတွေ သာမန်ကျောင်းသူလေးတွေလိုပဲ ကျောင်းတက်ခဲ့တယ် ဒါပေမဲ့ ငါတို့ရဲ့ Levelအရည်အချင်းတွေ ဒီလောက်ရှိတယ်ဆိုတာကို ပြချင်တာလည်း ပါပါတယ်။ အင်္ဂလိပ်လို့ဆိုထားတာက နိုင်ငံတကာအထိ ဖောက်ဖို့မဟုတ်ဘူး အိမ့်ချစ်က စပြီး လမ်းဖွင့်ပေးတဲ့ သဘောပေါ့။ ဆက်ပြီးတော့ ဖောက်ရမယ့် ကလေးတွေအများကြီးရှိသေးတယ်။ အဲ့ကလေးတွေအတွက် အရှေ့ကနေ ဂီတလောကအတွက် အကြီးတစ်ယောက်အနေနဲ့ လုပ်ပေးသင့် လုပ်ပေးထိုက်တယ်လို့ ယူဆပြီးတော့ အိမ့်ချစ်ဒီအခွေလေးကို လုပ်တာပါ။”လို့ ပြောခဲ့ပါတယ်။