ဂီတက ကျွန်တော့အသက်ပါဆိုတဲ့ အုပ်စိုးခန့်

0
68

အုပ်စိုးခန့်ကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ဆယ်ကျော်သက်တွေပါးစပ်ဖျားမှာရေပန်းစားပြီး အောင်မြင်လာခဲ့တဲ့လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူအောင်မြင်ခါစအချိန်မှာအသက်က အတော်အတန်ငယ်သေးတယ်လို့ဆိုရမှာပါ။ အုပ်စိုးခန့်ဟာ မကြာသေးမီကပဲ သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်အခွေ The Number One ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အုပ်စိုးခန့်က မီဒီယာတွေနဲ့ Interview မှာ သူ့ရဲ့အခွေအကြောင်းနဲ့ထွက်ရှိနေတဲ့ကောလဟလနဲ့ပတ်သက်ပြီးတော့ ဖြေကြားထားခဲ့ပါတယ်။

အုပ်စိုးခန့်က အခွေထဲကသီချင်းတွေအကြောင်းကို “ကျွန်တော့် Album ထဲမှာသီချင်းက ဆယ့်လေးပုဒ်ပါပါတယ်။ လူငယ်တွေကြိုက်မယ့်သီချင်းလေးတွေလည်းပါတယ်။အသက်နှစ်ဆယ်သုံးဆယ် ကိုကိုတို့မမတို့နားထောင်လို့အဆင်ပြေမယ့်သီချင်းလေးတွေလည်းပါပါတယ်။ အမျိုးအစားစုံပါတယ်”လို့ပြောပြထားပါတယ်။

အုပ်စိုးခန့်က ဂီတနဲ့ပတ်သက်တဲ့အမြင်၊ဂီတအပေါ်ထားတဲ့သံယောဇဉ်ကိုလည်း “ကျွန်တော်က ဂီကတကျွန်တော့်ရဲ့အသက်လို့ဆိုချင်ပါတယ်။ ကျွန်တော်ဘာပဲလုပ်ရလုပ်ရ ဂီတနဲ့ဆိုကျွန်တော်လုံးဝအဆင်ပြေတယ်။ ဂီတက ကျွန်တော့်ဘဝလို့ကို ကျွန်တော်သတ်မှတ်ထားပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

ယွန်းယွန်းနဲ့ချစ်နေတယ်ဆိုတဲ့ ကောလဟလတွေကိုလည်းအုပ်စိုးခန့်က “ကျွန်တော်က ဒီအနုပညာလောကထဲကို စပြီးတော့ ခြေစုံပစ်ဝင်ကတည်းက ကျွန်တော်ဒီအတွေးတွေးထားရမယ်။ မင်းဒါတွေခံရမယ် မင်းဒါတွေခံနိုင်ရမယ်။အကယ်၍ဒီသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဒီသတင်းတွေကပေါ်လာမှာပဲဆိုတော့ ဒီသတင်းတွေကို ကျွန်တော်က ခေါင်းထဲမထည့်ပဲနဲ့ ကျွန်တော့်အလုပ်ကိုကျွန်တော်ဆက်လုပ်နေမှာပါ”လို့ ဖြေကြားသွားပါတယ်။

အုပ်စိုးခန့်က လူငယ်တွေအပေါ် အကြံပေးစကားကိုလည်း “လူဆိုတာအမှားမကင်းဘူး။ ကျွန်တော်လည်းအမှားမကင်းဘူး။ အဲဒီအတွက် ကိုယ့်အမှားကိုကိုယ်သိပြီး ကိုယ့်ဘဝကိုတော်ပြီဆိုပြီး တိခနဲဖြတ်မချလိုက်ပါနဲ့။ကိုယ့်ဘဝကိုဆက်ကြိုးစားပါ။ တစ်ချိန်ချိန်ကျရင်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်ဒီကနေပြီးတော့ ပြောချင်ပါတယ်။ အဲဒါကြောင့်ကိုယ့်ဘဝကို ဂျုံးဂျုံးချပြီး မသတ်လိုက်ပါနဲ့။ ကျွန်တော်ပြောချင်တာကတော့ Keep the best ပေါ့နော်။ everything’s like.. do the best ပေါ့နော်။ အဲ့လိုပြောချင်ပါတယ်” လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အုပ်စိုးခန့်ကိုချစ်ကြလား။ အုပ်စိုးခန့်ရဲ့ အခွေကိုရောနားထောင်ပြီးသွားပြီလား။ အုပ်စိုးခန့်ရဲ့သီချင်းအသစ်တွေကိုရောအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say