ဂျင်းအကြီးကြီးထည့်နေသော ချိမများ

0
104

တိုးတက်နေတဲ့ ခေတ်ကြီးမှာတော့ အရွယ်ရောက်ပြီး သိတတ်စအရွယ်ကတည်းက Social Media တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ ဒီလိုမျိုးသုံးစွဲလာတဲ့အချိန်မှာတော့ ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများကတော့နေ့စဉ် အဖြစ်အပျက်များကို သိရဖို့အတွက် သုံးကြတာ များပါတယ်။ တချို့ကျတော့လည်း Social Media မှာနာမည်ကြီးဖြစ်ဖို့အတွက် အသုံးပြုကြပါတယ်။

အထူးသဖြင့်တော့ မိန်းကလေးတွေက ဆယ်လီဖြစ်အောင် လုပ်ကြတာ များတယ်လေ။ တချို့ဆယ်လီဖြစ်နေတဲ့ မိန်းကလေးတွေထဲမှာတော့ တကယ်ချောတဲ့လှတဲ့ ကောင်မလေးတွေရှိသလို Effect များစွာနဲ့လှနေတဲ့ ကောင်မလေးတွေလည်း ရှိပါတယ်။ ဒါကြောင့် Social Media တွေမှာရှိတဲ့ ကောင်မလေးတွေ အားလုံးကို မယုံသင့်ဘူးဆိုတာကတော့ သေချာပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိန်းကလေးတွေဟာ ဓါတ်ပုံရိုက်မယ့်အချိန်မှာသာ အလှဆုံးဖြစ်အောင် နေတတ်ကြလို့ပါ။

ဒါပေမယ့်လည်း သာမန်အချိန်မှာတော့ တော်တော်လေးကို ပျက်တီးပျက်ချော် နိုင်လွန်းပါတယ်။ မိန်းကလေး အများစုကတော့ လူရှေ့သူရှေ့မှာ အိနြေ္ဓကြီးတတ်ကြပေမယ့်လည်း နောက်ကွယ်မှာတော့ သူတို့ မဟုတ်တဲ့အတိုင်း နေတတ်ကြပါသေးတယ်။ တချို့မိန်းကလေးတွေကို အင်တာနက်ပေါ်မှာ ခန္ဓာကိုယ်အရမ်းလှတယ်ဆိုပြီး အထင်သွားမကြီးလိုက်ပါနဲ့။ ဓါတ်ပုံရိုက်နေတဲ့ အချိန်လေးမှာပဲ လှအောင်ရိုက်ပြီး သာမန်အချိန်မှာတော့ တခြားစီဖြစ်နေတတ်ပါတယ်။

တချို့ကျတော့လည်း ရုပ်လေးနဲ့မှ မလိုက်အောင် မျက်နှာပြောင်တတ်ကြပါတယ်။ တချို့ မိန်းကလေးတွေကတော့ ရှိနေတဲ့ အဆီလေးတွေကို ဖွက်ထားပြီး လှအောင် ဓါတ်ပုံရိုက်တတ်ကြပါတယ်။ ဒါကြောင့် တချို့သောအရာတွေက ကိုယ့်မျက်စိနဲ့ မမြင်ရသေးပဲ သွားပြီးတော့ မယုံသင့်ဘူးလို့ ထင်ပါတယ်။ သင်တို့လည်း တခါတလေ အခန့်မသင့် လမ်းကြုံခဲ့လို့ ဂျင်းမမိစေဖို့ အတွက် အခု ပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြတဲ့ Before & After မြင်ကွင်းလေးတွေကို ကြည့်လိုက်သင့်ပါတယ်။