ဂျွန်လွင်မရှိရင် မင်းသားဖြစ်လာစရာမရှိဘူးဆိုတဲ့ အောင်ရဲလင်း

0
76

အောင်ရဲလင်းဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အချစ်တွေကိုရော မိန်းကလေးတွေရဲ့နှလုံးသားတွေကိုရောဖမ်းစားထားသူလည်းဖြစ်ပါတယ်။ အောင်ရဲလင်းက မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်မင်းသားဘဝကိုတက်လာသူပါ။ အောင်ရဲလင်းကို ဒီလိုထိပ်တန်းရောက်စေခဲ့သူတွေထဲမှာ မော်ဒယ်ဘဝကအသေအချာ လေ့ကျင့်သင်ကြားပြသပေးခဲ့တဲ့ ဆရာဂျွန်လွင်လည်းပါတယ်လို့သိရပါတယ်။ အောင်ရဲလင်းက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဂျွန်လွင်ရဲ့ သူ့ဘဝအပေါ်အရေးပါအရာရောက်ပုံတွေကိုပြောပြထားပါတယ်။

အောင်ရဲလင်းက မော်ဒယ်ဘဝကတက်လာသူဆိုတော့ မော်ဒယ်ရှိုးပြန်လျှောက်ရတဲ့အခါ ပျော်မိကြောင်း “ဖက်ရှင်ရှိုးတွေက ကျွန်တော့်ဘဝမှာအမြဲတမ်းအမှတ်တရဖြစ်နေမှာပါ။ ဘာလို့လဲဆိုတော့ ဆရာ ဂျွန်လွင်နဲ့ပြန်တွေ့ရတယ်။ ကျွန်တော့်ဘဝက ဒီဖက်ရှင်ရှိုးတွေနဲ့ပဲစခဲ့ရတာ။ဆိုတော့.. ဒီဖက်ရှင်ရှိုးတွေဆီကိုပြန်ရောက်လာတဲ့အချိန်မှာ ကျွန်တော့်ဘဝက အတိတ်ကိုပြန်ရောက်သွားသလိုပါပဲ။ အတိတ် taste ပေါ့။ အတိတ်ကိုရောက်သွားတဲ့စိတ်ပေါ့နော်။အဲဒီစိတ်ကိုပြန်ရပါတယ်”လို့ ပြောပြထားပါတယ်။

အောင်ရဲလင်းက ဆရာဖြစ်သူ ဂျွန်လွင်သာမရှိရင်မင်းသားဖြစ်လာစရာအကြောင်းမရှိဘူးဆိုပြီး “နောက်ပြီးတော့ ကျွန်တော့်ဆရာဂျွန်လွင်နဲ့ အမြဲတမ်းလက်တွဲပြီးတော့ လက်တွဲလာတာ ဆယ်စုနှစ်ကျော်သွားပြီပေါ့။ ဆယ်စုနှစ်ကျော်အောင်လက်တွဲခွင့်ရတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော့်ဆရာ ကိုဂျွန်လွင်ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်။ ပြီးတော့ သူသာလျှင်မရှိခဲ့ဘူးဆိုရင် ကျွန်တော်လည်းမင်းသားဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဒီလောကထဲကိုသူပဲကျွန်တော့်ကိုခေါ်လာခဲ့ပေးတာပါ။ကျွန်တော့်အပေါ်မှာ ကျေးဇူးတော်တော်ကြီးမားပါတယ်”လို့ ရင်ဖွင့်ပြောပြထားပါတယ်။

ဂျွန်လွင်ပြောတဲ့ သူ့လက်နဲ့ထိတဲ့လူတိုင်းအောင်မြင်တယ်ဆိုတာကိုလည်း အောင်ရဲလင်းက “အဲဒီစကားကိုလက်ခံပါတယ်။ဘာလို့လဲဆိုတော့ ဆရာဂျွန်လွင်ကအမြင်ရှိတယ်လေ။ ဥပမာလေးပေးရမယ်ဆိုရင် ကျွန်တော်နဲ့စပြီးတွေ့တဲ့အချိန်မှာကျွန်တော့်ကိုအရင်ဘာလုပ်လဲဆိုတော့ ကျွန်တော်ကအဲ့တုန်းက ပိန်ပိန်လေးလေ။လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ပေါ့ ကျွန်တော့်အသက်ဆယ့်ငါးဆယ့်ခြောက်လောက်အချိန်မှာ ကျွန်တော်နဲ့တွေ့ခဲ့တာ။ကျွန်တော်အေဂျင်စီကိုရောက်လာပြီး သိပ်မကြာဘူး တစ်ပတ်လောက်ရှိတော့ ကျွန်တော့်ကိုဘာလုပ်ပေးလဲဆိုတော့ ကျွန်တော့်ကို Gym ကစားဖို့ Gym လိုက်အပ်ပေးပါတယ်။ အဲဒီအချိန်မှာ Gym က ခေတ်မစားဘူး။ အဲ့လိုဆော့ရမယ်လို့လည်း ဘယ်သူမှသိပ်မသိကြသေးဘူးလေ။ဆိုတော့ သူက အမြင်ရှိတယ်ဆိုတာက အဲဒီလွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်ကတည်းကိုက။ ကိုဂျွန်ရဲ့လက်နဲ့ထိရင်ရွှေဆိုတာက အဓိကက သူ့ရဲ့ Training အောက်မှာကျွန်တော်အများကြီးဖြတ်သန်းလာခဲ့ရတာ သူက Training လည်းကောင်းတယ်။သေချာသိအောင်နားလည်အောင်လည်းပြောပြတတ်တယ်။တကယ်တော်တဲ့ဆရာကောင်းတစ်ယောက်ပါ”လို့ စိတ်ရှည်လက်ရှည်အရှည်ကြီးပြောပြသွားပါတယ်။

အောင်ရဲလင်းက ဆရာဂျွန်လွင်ကိုအခုထိကြောက်တုန်းပဲလို့လည်း “ကြောက်တာပေါ့ ကျွန်တော့်ဆရာကိုး။ ကျွန်တော်တို့လည်းအခုအချိန်ထိအဆဲခံနေရတုန်းပါပဲ။တစ်ခါတစ်လေ Messenger တွေဘာတွေထဲကနေလည်း သူ အချိုးမပြေတာတွေတွေ့ရင် တစ်ခါတစ်ခါကျလှမ်းလှမ်းပြောတာတွေရှိပါတယ်။ အခုအချိန်အထိလည်းဆုံးမတုန်းပါပဲ။ ကျွန်တော့်ဆရာဖြစ်တဲ့အတွက် ကျွန်တော်ဆရာ့အပေါ်မှာ အမြဲတမ်းချစ်ကြောက်ရိုသေပါတယ်” လို့ ဖြေကြားသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အောင်ရဲလင်းကိုချစ်ကြလား။အောင်ရဲလင်းကို မော်ဒယ်အနေနဲ့ကြိုက်လား မင်းသားတစ်ယောက်အနေနဲ့ပိုကြိုက်လား။ အောင်ရဲလင်းရဲ့ရုပ်ရှင်ကားတွေကိုရောဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say