ငယ်ငယ်ကတည်းကကြိုက်ခဲ့ရတဲ့မင်းသားအကြောင်းပြောတဲ့ မထက်

0
174

မထက်ဟာ LGBT အသိုင်းအဝိုင်းမှာရော Transgender တွေထဲမှာရောအရှိန်အဝါကြီးမားတဲ့ Fashion Icon တစ်ခုဖြစ်သလို အလှအပရေးရာမှာလည်း အရမ်းကိုလူသိများလေးစားခံရတဲ့ အားပေးမှုတွေအများကြီးရရှိထားသူဖြစ်ပါတယ်။မထက်က ကျားကျားကြိုက်ကြိုက်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး Make Up Artist အဖြစ်ကနေ မင်းသမီးတစ်လက်အဖြစ်ခဏတာကူးပြောင်းလာနေခဲ့တာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ခံစားချက်တွေနဲ့ သဘောထားအမြင်တွေကို မထက်က မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောကြားထားပါတယ်။

မထက် က ကျားကျားကြိုက်ကြိုက်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံကို “သူငယ်ချင်းရေလကခံလိုက်ပါ ရိုက်ကြမယ်ဆိုတော့ မီဒီယာဆဲဗင်းန်က ကိုရွှေမန်းကလည်း ထက်ရယ် ရိုက်လိုက်ပါ အကိုတို့အကောင်းဆုံးကြိုးစားထားတယ်။ ဇာတ်လမ်းကောင်းကောင်းလေးဖြစ်အောင်ဝိုင်းကြိုးစားကြမယ်ဆိုတာနဲ့ ရိုက်ဖြစ်သွားတာပါ”လို့ ပြောပြထားပါတယ်။

မထက်က အတူတူသရုပ်ဆောင်ရတဲ့မင်းသားတွေကိုငယ်ငယ်ကတည်းကကြိုက်တာဖြစ်ကြောင်း “ကိုမင်းမော်ကွန်းဆိုရင် ကလေးထဲကကြိုက်တာလေ။ ကိုမင်းမော်ကွန်းက ထက်ခုနစ်တန်းလောက်ကတည်းက အဲဒီအချိန်တုန်းကသူက တက္ကသိုလ်တောင်မတက်ရသေးဘူးထင်တယ်။ အရူးအမူးကိုကြိုက်တာ။ ကိုမင်းမော်ကွန်းနဲ့ဆုံရမယ်ဆိုတော့ အရမ်းရင်ခုန်တယ်။ ကိုမြင့်မြတ်ဆိုရင်လည်း တကယ့်နာမည်ကြီး actor။ ပြီးတော့ ကိုယ်တွေအရမ်းအားပေးတဲ့မင်းသားဆိုတော့ တကယ့်ကိုမမျှော်လင့်ထားတဲ့ အိပ်မက်တစ်ခုလိုပါပဲ”လို့ ရင်ခုန်သံကိုဖွင့်ဟသွားပါတယ်။

မထက်က ဒီရုပ်ရှင်ကိုရိုက်တာမင်းသမီးဖြစ်ချင်လို့မဟုတ်ပဲ LGBT တွေလမ်းပွင့်သွားမလားလို့ရိုက်တာဖြစ်ကြောင်း “မထက်က ဒီရုပ်ရှင်ကိုလက်ခံလိုက်ကတည်းက LGBT တွေ Transgender တွေပေါ်မှာ ဒီဇာတ်ကဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာအရင်ဆုံးကြည့်ပါတယ်။မင်းသမီးဖြစ်ချင်လို့လည်းမဟုတ်သလို မင်းသမီးဖြစ်ချင်တဲ့စိတ်လည်းမရှိပါဘူး။ ကိုယ်တွေနောက်မှာရှိတဲ့ LGBT အသိုင်းအဝိုင်းတွေအတွက်လည်း လမ်းလေးများပွင့်မလားဆိုတဲ့စိတ်မျိုးနဲ့ ဝိုင်းဝန်းလုပ်တာမျိုးလည်းရှိပါတယ်”လို့ စေတနာအတွေးတွေကို ရင်ဖွင့်ပြောပြသွားပါတယ်။

ဒီလိုရုပ်ရှင်ရိုက်တဲ့အတွက်ဝေဖန်မှုတွေကိုတော့ မထက်က “ဝေဖန်တာတွေကတော့ ရှိတာပဲလေ။ ထုံးစံအတိုင်း Page တွေမှာတော့ ဆဲနေကြတာပဲ။ အစ်မတို့ဒီလိုရုပ်ရှင်ရိုက်ပြီဆိုတော့ အချို့ LGBT အသိုင်းအဝိုင်းကလည်းအမှားအယွင်းဖြစ်မှာစိုးနေကြတာမျိုးတွေရှိတယ်။ ပြီးတော့ လုပ်ငန်းတူအချင်းချင်းကလည်း ဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိတယ်လို့ကြားရတော့ စိတ်မကောင်းလည်းဖြစ်သလို ပိုကြိုးစားရမယ်ဆိုတဲ့ စိတ်ကလေးတော့မွေးထားပါတယ်”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မထက်ကိုချစ်ကြလား။ မထက်တို့ LGBT တွေအတူတူရိုက်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say