ငါးမန်းတွေအကြောင်းသင်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ

ငါးမန်းတွေဆိုရင်လူတွေက ကြောက်စရာကောင်းတဲ့ သတ္တဝါတွေလို့လက်ခံထားကြပြီး ပင်လယ်ကမ်းခြေတွေ ပင်လယ်နဲ့နီးတဲ့အရပ်တွေမှာ ငါးမန်းနဲ့မတိုးမိအောင်အဝေးဆုံးကရှောင်ကြပါတယ်။ အချို့သူတွေကတော့ လူတိုင်းကြောက်တဲ့ငါးမန်းကိုမှ စိတ်ဝင်တစားနဲ့ သုတေသနပြုချင်ကြတာတွေလည်းရှိပါတယ်။အခုတစ်ခါမှာတော့ ဝီလပ်ဖ်ငါးမန်းအဖွဲ့တွေဘာတွေထောင်လို့ရလောက်တဲ့ကမ္ဘာအရပ်ရပ်က ငါးမန်းစိတ်ဝင်စားသူတွေ သုတေသနပြုထားကြတဲ့ ငါးမန်းတွေအကြောင်းလူသိနည်းတဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့အသေးဆုံငါးမန်းက ရှစ်လက်မသာရှိပါတယ်

ငါးမန်းဆိုတာနဲ့လူတွေက အိမ်တစ်လုံးလောက်ကြီးတဲ့ အကောင်ကြီးတွေကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ ကမ္ဘာ့အသေဆုံး ငါးမန်းဟာ ရှစ်လက်မသာသာလေးပဲရှိပြီး သေးတဲ့အပြင်ချစ်ဖို့ပါကောင်းနေလိုက်ပါသေးတယ်။



သင်သွေးမထွက်ရင်တောင် ငါးမန်းက သင့်ကိုအာရုံခံနိုင်ပါတယ်




လူတော်တော်များများက ရေထဲမှာ သွေးမထွက်အောင်သတိကြီးကြီးထားကြပါတယ်။ အကြောင်းကတော့ သွေးနံ့ကိုငါးမန်းတွေက ရသွားပြီး အရိုးတခြားအသားတခြားဖြစ်သွားမှာစိုးတာကြောင့်ပါ။ ဒါပေမယ့် ငါးမန်းကသာ သင်နဲ့မနီးမဝေးမှာရှိနေတယ်ဆိုရင်တော့ သင်သွေးမထွက်လည်းပဲ ငါးမန်းလက်ကလွတ်ဖို့ရာမရှိပါဘူး။ ငါးမန်းတွေက သင့်ခန္ဓာကိုယ်ထဲက လျှပ်စစ်ကိုအာရုံခံနိုင်တာကြောင့်ပါ။ သင့်ရဲ့ နှလုံးခုန်နေတာတွေ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေရဲ့အလုပ်လုပ်ဆောင်နေတဲ့ သာမန်လှုပ်ရှားမှုတွေကို ငါးမန်းတွေက သေသေချာချာအာရုံခံနိုင်ပါတယ်။

ငါးမန်းတွေက အမြဲတမ်းလှုပ်ရှားနေမှအသက်ရှင်နိုင်တာပါ

ငါးမန်းအများစုဟာ သူတို့ရဲ့ခေါင်းမှာရှိတဲ့အပေါက်လေးကနေ ရေထဲက အောက်ဆီဂျင်တွေကိုစစ်ထုတ်ပြီး အသက်ရှင်သန်နေထိုင်ရတာပါ။ ဒါကြောင့် ရေတွေကသူတို့ကိုယ်ထဲကိုအဆက်မပြတ်စီးဝင်နေမှ အောက်ဆီဂျင်ကိုစစ်ထုတ်နေလို့ရပြီး အသက်ရှင်နိုင်မှာမို့ အမြဲတမ်းလှုပ်ရှားနေရတာဖြစ်ပါတယ်။



ငါးမန်းတွေဟာ ဒိုင်နိုဆောတွေထက်အသက်ကြီးပါတယ်

ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လေ့လာချက်အရ ငါးမန်းတွေရဲ့ရုပ်ကြွင်းတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း 420 ကျော်ကတည်းက တည်ရှိနေခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်ငါးမန်းတွေဟာ ဒိုင်နိုဆောတွေကမ္ဘာပေါ်မထွန်းကားခင်နှစ်ပေါင်းရာချီကတည်းက ကမ္ဘာပေါ်မှာရှိနေတာပါ။

ငါးမန်းတွေကို အရင်တုန်းက ပင်လယ်ခွေးတွေလို့ခေါ်ကြပါတယ်

ငါးမန်းတွေကိုငါးမန်းလို့နာမည်မပေးခင်တုန်းက ပင်လယ်ခွေးတွေလို့ခေါ်ခဲ့ကြပါတယ်။ ချွန်မြိတဲ့သွားတွေရယ်၊ ကြောက်မက်ဖွယ်ပုံသဏ္ဍာန်ကြီးတွေရယ်နဲ့ ပင်လယ်ထဲမှာနေတာကြောင့် ပင်လယ်ခွေးတွေလို့အမည်တပ်ခဲ့ကြတာဖြစ်ပုံရပါတယ်။

ငါးမန်းတွေက သံချပ်ကာကိုတောင်ဝါးစားနိုင်ပါတယ်

ငါးမန်းတွေရဲ့ ဘာမဆိုဝါးစားပြီးမျိုချနိုင်တဲ့ သွားကြီးတွေကိုလျှော့တွက်လို့တော့မရဘူးဆိုရမှာပါ။ လိုင်စင်ပြားတွေ၊ကားတာယာတွေ၊ အမွှေးပွကုတ်တွေ၊ ဗီဒီယိုကင်မရာတွေနဲ့ အခြားအရာတွေအားလုံးဟာ ငါးမန်းတွေရဲ့ဗိုက်ထဲမှာမျိုချထားတာတွေ့ရပါတယ်။ ဒါ့အပြင် အံ့သြစရာကောင်းတာကတော့ ဝတ်စုံပြည့်သံချပ်ကာကြီးပါ ငါးမန်းဗိုက်ထဲမှာတွေ့ခဲ့ရတဲ့အဖြစ်အပျက်ပါပဲ။

အခုပြောပြသွားတာတွေကတော့ ငါးမန်းတွေရဲ့လူသိနည်းတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ငါးမန်းတောင်ဟင်းချိုတို့ဘာတို့ကြိုက်ကြလား။ ငါးမန်းတွေကိုရောသဘောကျကြလား။ ပြောခဲ့ကြပါဦး။

Unicode


ကမ်ဘာ့အသေးဆုံငါးမနျးက ရှစျလကျမသာရှိပါတယျ













Tags:

Leave a Reply