ငှက်ပျောသီး ဘယ်သူကိုမှဂရုမစိုက်နဲ့ ဒိန်းဒေါင်ရှိတယ်ဆိုတဲ့ ဒိန်းဒေါင်

0
53

လူတွေကို ရယ်မောပျော်ရွှင်အောင် လုပ်ပေးပြီး ပရိသတ်အများအပြားရဲ့ ချစ်ခင်အားပေးမှု မေတ္တာကို ရယူထားတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ဒိန်းဒေါင်ဟာဆိုရင် အခုလက်ရှိအချိန်မှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်လာနေတဲ့ မြန်မာနိုင်အိုင်ဒေါပြိုင်မှာ ငှက်ပျော်သီးကျွေးတာခံရလို့ ငှက်ပျောသီးဆိုပြီး နာမည်ရလာတဲ့ ခြိမ့်ကေကိုနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကို ဂရုမစိုက်သင့်ကြောင်း ကိုယ်လမ်းကိုယ်လျှောက်ရမှာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာကို လုပ်လို့ ပြောသွားပါတယ်။

ဒိန်းဒေါင်နဲ့ ခြိမ့်ကေကိုတို့ဟာ KTVတစ်ခုမှ အတူတူ သီချင်းဆိုခဲ့ကြပါတယ်။ ဒီလိုဆိုနေတာ ခြိမ့်ကေကိုက Liveလွှင့်ခဲ့ပြီး ကြည့်တဲ့သူကလည်း အများအပြားရှိခဲ့ပါတယ်။ ခြိမ့်ကေကို သီချင်းဆိုနေရင်းကို ဒိန်းဒေါင်က အနောက်က လိုက်လံ စနောက်နေခဲ့တာကိုလည်း ပရိသတ်တွေက ကြည့်ပြီး သဘောကျခဲ့ကြပါတယ်။ ခြိမ့်ကေကိုကတော့ ဒိန်းဒေါင်လိုမျိုး နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်နဲ့ အတူတူ သီချင်းဆိုခွင့်ရတာကို ဝမ်းသာပျော်ရွှင်နေပါတယ်။

ခြိမ့်ကေကိုက ဒိန်းဒေါင်နဲ့ တွေ့ရလို့ ဝမ်းသာကြောင်း ပြောတာကို ဒိန်းဒေါင်က “မင်းက ရုပ်ရှင်ရိုက်နေသလိုပဲ မင်းက အရမ်းရိုးတယ်။ ငါလေမင်းကို တစ်ခုပဲ ပြောမယ် ငါကတော့ ပွင့်ပွင့်လင်းလင်းပြောတတ်တာပဲ။ ဥပမာပေါ့ ငါ့ကို ဘာပဲပြောပြော ဝေဖန်ဖန် ပုပ်ခတ်ခတ် ဘယ်သူမှ ဂရုမစိုက်ဘူး ဘာကြောင့်လဲ ကိုယ့်လမ်းကိုယ်လျှောက်ရမှာ အဲ့တော့ မင်းလည်း မင်းကို ဝေဖန်ဖန် ပုတ်ခတ်ခတ် ဘယ်သူမှဂရုမစိုက်နဲ့ ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်ကို ချစ်တဲ့သူရှိတယ် မုန်းတဲ့သူရှိတယ်။ မုန်းတဲ့သူတွေကိုအားလုံး ကျန်းမာကြပါစေ ချမ်းသာ ကြပါစေလို့ ပြောချစ်တဲ့သူတွေကိုလည်း မေတ္တာပို့ မင်းအောင်မြင်မှာ။ ငှက်ပျောသီးဘယ်သူမှ ဂရုမစိုက်နဲ့ ဒိန်းဒေါင်ရှိတယ်။”လို့ ပြောဆိုခဲ့ကာ ခြိမ့်ကေကိုရဲ့ ပါးကို နမ်းသွားခဲ့ပါတယ်။