စစ်ပိုးအိမ်ကို ရိုးရိုးသားသားနမ်းတာပါဆိုတဲ့ ခြိမ့်ကေကို

0
63

ခြိမ့်ကေကိုဟာ “မမရေလွမ်းလို့”သီချင်းနဲ့ Facebook ပေါ်မှာနာမည်ကြီးလာပြီး ပရိသတ်အားပေးမှုရရှိလာပြီးတဲ့နောက်ပိုင်းမှာ သီချင်းတွေလည်းဆက်ဆိုနေသလို သရုပ်ဆောင်အလုပ်တွေလည်းဆက်လုပ်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက လူမှုကွန်ယက်ပေါ်တက်လာတဲ့ ခြိမ့်ကေကိုရဲ့ ဓာတ်ပုံတစ်ပုံကတော့ ပရိသတ်တွေကိုအံ့သြစေခဲ့ပြီးသို့လာသို့လောဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ မိန်းကလေးရှုံးအောင်ချောတဲ့ Lady Boy စစ်ပိုးအိမ်ကို ခြိမ့်ကေကိုက အနမ်းခြွေနေတဲ့ ဓာတ်ပုံပါပဲ။ အဲဒီဓာတ်ပုံဟာ Facebook ပေါ်မှာ ပလူပျံသွားခဲ့ပြီး သဘောတူတဲ့ပရိသတ်တွေရော မတူတဲ့ပရိသတ်တွေပါ ဝေဖန်မှုတွေနဲ့ဆူညံနေခဲ့ပါတယ်။ ခြိမ့်ကေကိုက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အဲဒီဓာတ်ပုံအကြောင်းဖြေရှင်းရင်းလက်ရှိအနုပညာလှုပ်ရှားမှုတွေကိုပါ ပြောပြသွားခဲ့ပါတယ်။

ခြိမ့်ကေကိုက လက်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “ကျွန်တော် ပညာပေးဇာတ်လမ်းလေးတွေထပ်ရိုက်ဖို့ကြိုးစားနေပါတယ်။တောသားဆိုပြီးအချဉ်မဖောက်နဲ့ဇာတ်ကားမှာလည်း ကျွန်တောာ်အကောင်းဆုံးကြိုးစားထားပါတယ်။ နောက်ထပ်လည်းကျွန်တော် ဟာသကားတွေလည်းရိုက်မယ်သီချင်းအသစ်တွေလည်းအများကြီးလုပ်သွားဖို့ရှိပါတယ်”လို့ပြောပြသွားပါတယ်။

ဒါ့အပြင် ဆုံးသွားပြီဖြစ်တဲ့ ဦးမင်းစိန်က ခြိမ့်ကေကိုကို သရုပ်ဆောင်ပညာနဲ့ပတ်သက်ပြီးမျက်ရည်ကျအောင်ကူညီခဲ့ဖူးကြောင်းလည်း “အစပိုင်းတော့ကျွန်တော်မျက်ရည်မကျဘူးပေါ့နော်။သိပ်မကျဘူးဖြစ်နေတဲ့အချိန်မှာရှေ့ကနေပြီး မျက်နှာပုံစံနဲ့မျက်ရည်ကျအောင်ဦးမင်းစိန်က ကျွန်တော့်ကိုသရုပ်ဆောင်ပြပါတယ်။ အဲဒီပုံစံအနေအထားကိုကြည့်ပြီး ကျွန်တော်မျက်ရည်ကျသွားတာပါလို့။ ဦးမင်းစိန်က တကယ့်ကိုစိတ်ရင်းစေတနာပြည့်ဝပါတယ်။ ဦးမင်းစိန်ကွယ်လွန်သွားတော့ ရင်ထဲကနေ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ ဦးမင်းစိန် နာရေးမှာကျွန်တော်သွားပြီးတော့ တတ်နိုင်သလောက်ကူညီခဲ့ပါတယ်”လို့လည်းပြောပြထားပါတယ်။

ပရိသတ်တွေက တကယ်ချစ်သူတွေလို့ထင်နေကြတဲ့ စစ်ပိုးအိမ်နဲ့ ဓာတ်ပုံကိစ္စကိုလည်းခြိမ့်ကေကိုက “အဲဒါက တကယ်ချစ်သူမဟုတ်ပါဘူးလို့နော်။တကယ်က အနုပညာရှင်မောင်နှမတွေပါ ကျွန်တော်ရိုးရိုးသားသားနဲ့ ခင်မင်မှုအနေနဲ့ ကျွန်တော်နမ်းလိုက်တာပါလို့၊သူကလည်း ခင်ခင်မင်မင်နဲ့နမ်းခိုင်းလို့ ကျွန်တော်ကလည်း တစ်ယောက်နဲ့တစ်ယောက်ရိုးရိုးသားသားပဲနမ်းလိုက်တာပါ”လို့ ရှင်းပြထားပါတယ်။

ခြိမ့်ကေကိုက ရှေ့လျှောက်တစ်ကိုယ်တော်အခွေထွက်ဖို့ရှိကြောင်းလည်း “တစ်ကိုယ်တော်အခွေထွက်ဖို့တော့ကျွန်တော်ကြိုးစားနေပါတယ်လို့။တစ်ကိုယ်တော်အခွေထွက်ရင်လည်း ကျွန်တော့်ပရိသတ်တွေကျွန်တော်အကြောင်းပြန်မှာပါ။ ကျွန်တော်အများကြီးကြိုးစားနေပါတယ်။ တစ်ကိုယ်တော်အခွေလည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားနေတယ်။အသံတွေလည်း Train နေတယ်”လို့ သတင်းကောင်းပါးသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော စစ်ပိုးအိမ်နဲ့တကယ်ချစ်သူမဟုတ်ဘူးဆိုလို့ပျော်နေတဲ့သူတွေရှိကြလား။ ခြိမ့်ကေကိုကိုအားပေးကြရဲ့လား။ ခြိမ့်ကေကိုရဲ့ တစ်ကိုယ်တော်အခွေထွက်ရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say