စတိုင်လ်ကျတဲ့ ဖက်ရှင် နဲ့ Maleficent Premier ပြပွဲတက်ရောက်လာတဲ့ Jolie
Unicode
အင်ဂျိုလီနာကတော့ ၁၉၇၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ ဖခင် Jhon Voight ကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး သူရဲ့ မိခင်ကတော့ သာမာန်အရပ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ငယ်စဉ်အချိန်က မိဘတွေရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့် စိတ်ဒဏ်ရာ ရခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူတို့ကို ပစ်သွားတဲ့ သူ့ဖခင်သရုပ်ဆောင်ထက် တစ်နေ့မှာ ပိုပြီးအောင်မြင်ရမယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုထားပြီး ဘဝကို ရှင်သန်ရပ်တည်ခဲ့သူတစ်ဦးပါ။ အသက် ၁၅ နှစ်အရွယ်မှာ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ဖြတ်လျှောက်တစ်ယောက် အနေနဲ့ဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။
အခုချိန်မှာ တော့ ဂျိုလီရဲ့ Maleficent ၂ ဟာဆိုရင်လည်း ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတကာကို Press Tour တွေလုပ်နေပါတယ် ။ Maleficent ကကတော့ ဂျိုလီရဲ့ အနုပညာအလုပ်တွေကို နှစ်အတော်ကြာ ပြစ်ထားပြီးမှ သရုပ်ဆောင်အလုပ်ကို ပြန်လုပ်ကိုင်တဲ့ အချိန်တွေလို့ပဲ ပြောရပါမယ် ။ Maleficentကားကိုတော့ လာမယ့် အောက်တိုဘာ ၁၈ ရက်မှာ ရုံတင်ပြတော့မှာ ဖြစ်ပါတယ် ။
အမေရိကန်ပြည်ထောင်စု ၊ LA မှာကျင်းပ‌ခဲ့တဲ့ Maleficent premier show မှာတော့ ဂျိုလီတစ်ယောက်က သူဟာ ကလေး၆ယောက်ကို ထိန်းကျောင်းနေရတဲ့မိခင်တစ်ယောက်ဖြစ်ပေမယ့်လို့ အခုထိ ဖက်ရှင် နဲ့ ပတ်သတ်ပြီး နောက်ကျကျန်မနေခဲ့ဘူးဆိုတာကို သက်သေပြလိုက်ပါတယ် ။ အဲ့ဒီပွဲကို တက်ရောက်သတင်းယူကြတဲ့ မီဒီယာ တော်တော်များများကတော့ ဂျိုလီဟ။ အခုထက်ထိ Style နဲ့ ပတ်သက်ရင် ဘုရင်မတစ်ဆူ ဖြစ်နေတုန်းပဲဆိုပြီးတော့ တင်စား ခံရပါတယ် ။ တကယ်ပဲ ဂျိုလီတစ်ယောက်ဟာ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ရင် အမြဲတမ်း Smart ကျနေသူတစ်ယောက်ပါ ။