စာခိုးချမှာကြောက်လို့ ထူးဆန်းတဲ့အကာကွယ်လုပ်ခဲ့တဲ့ Mexico ကကျောင်းဆရာ

ကျနော်တို့ ကျောင်းသားဘဝတွေကနေ စပြီး လုပ်ငန်းခွင်ဝင်တဲ့အထိ ကျနော်တို့ရဲ့ အဆင့်သတ်မှတ်ချက်တွေကို ဖော်ထုတ်ပေးတဲ့ စာမေးပွဲဆိုတာကြီးဟာ အတိတ်ရဲ့ အိပ်မက်ဆိုးကြီးပါပဲ ။ စာမေးပွဲဆိုတဲ့ အသံကြားရင်တောင် ခေါင်းမွေးထောင်တဲ့ရွံကြောက်ကြီးဖြစ်နေ မှာ အသေချာပါပဲ ။ စာမေးပွဲဆိုတာ ကြားလိုက်တာနဲ့ Henry A. Fischel ဆိုတဲ့ စာမေးပွဲ တီထွင်သူကြီးထကိုလည်း ဘယ်သောက်ရူကများစာမေးပွဲကို စထွင်ခဲ့တာလည်း ကွာဆိုပြီး မေတ္တာပို့ဖူးကြမယ်ထင်ပါတယ်။ စာမေးပွဲကြီးဆိုတဲ့ အရာပေါ်ပေါက်လာတာနဲ့ စာခိုးချတဲ့ဓလေ့ကလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အခု ကျနော်တို့ရဲ့ ပြောချင်လွန်းလို့ ကမိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့အကြောင်းရာလေးကတော့ စာခိုးချတဲ့ရန်ကနေပြီး ထူးထူးဆန်းဆန်းကာကွယ်လိုက်တဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ပြဿနာဖြေရှင်းပုံလေးပဲ ဖြစ်ပါတယ်။

အဲ့ဒီအဖြစ်ပျက်လေးကတော့ Mexico နိုင်ငံ Tlaxcala မှာကကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ Grade 5 အတန်းရဲ့စာမေးပွဲ တစ်ခုမှာတော့ ကျောင်းဆရာ တစ်ယောက်က သူ့ရဲ့ကျောင်းသားတွေကို စာမေးပွဲဖြေဆိုချိန်မှာ စာကူးယူခိုးချမှုတွေမဖြစ်အောင် ရယ်စရာလည်းကောင်းပြီး အလုပ်လည်း တကယ်ဖြစ်တဲ့ နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းခဲ့ပါတယ်။ သူဖြေရှင်းလိုက်တဲ့နည်းကတော့ စာမေးပွဲ ဖြေဆိုတဲ့ ကလေးတွေရဲ့ ခေါင်းမှာ စက္ကူပုံးတွေကို စွပ်ပေးပြီး ဘေးဘီမကြည့်နိုင်အောင် ပြုလုပ်ကာ ဖြေဆိုခိုင်းခဲ့တာပါ။ အဲ့ဒီလုပ်ရပ်ဟာ ရယ်စရာကောင်းနေပေမယ့်လို့ တကယ်အလုပ်ဖြစ်စေခဲတဲ့အလုပ်တစ်ခုပါပဲ ။



“တကယ်ကိုရယ်စရာကောင်းပေမယ့် ကျနော့်ကျောင်းသားတွေ စာခိုးချတဲ့ အကျင့်တစ်ခုနေတော့ အဲ့ဒီအချိန်အတွက် ကျနော်ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့ဒီစာမေးပွဲချိန်ပြီးတဲ့အခါမှာလည်း ကျောင်းသားတွေကို စက်ရုပ်က ကခိုင်းပြီး ပျော်ရွှင်စွာအဆုံးသတ်စေခဲ့တယ်လို့” အဲ့ဒီကျောင်းဆရာကပြောထားပါတယ်။ လူတချို့ကတော့ ဒါဟာ နှိပ်စက်ညှင်းပန်းမှုတစ်ခုဖြစ်ပြီး ကလေးတွေအပေါ် ကိုယ်ချင်းမစာရာရောက်တယ်လို့ ဝေဖန်သူတွေလည်းရှိနေပါတယ်။ တချို့လူတွေကတော့ ဒီလိုမျိုးမလုပ် သင့်ဘူးလို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပြောဆိုနေကြတဲ့သူတွေလည်း ရှိပါတယ်။ ဘာပဲပြောပြာ အဲ့ဒီကျောင်းဆရာနဲ့ ကလေးတွေကတော့ ပျော်ရွှင်ရတဲ့ စာမေးပွဲခန်းပတ်ဝန်းကျင်လေးကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာကတော့ အသေချာပါပဲ ။




Unicode