စားခ်င္သေလာက္စားၿပီး မဝတဲ့နည္းကို ေဝမွ်လိုက္တဲ့ Food Blogger

နာမည္ေက်ာ္ Food Blogger တစ္ေယာက္ျဖစ္တဲ့ ေရဘက္ကာ ေရဘင္ ဟာ သူမရဲ႕ ကိုုယ္လုံးအလွကို ထိန္းသိမ္းဖို႔အတြက္ Diet လုပ္တာမ်ဳိးမရွိဘူးလို႔ ဖြင့္ေျပာလုိက္ပါတယ္။ သူမဟာ စားခ်င္တာကိုစားခ်င္တဲ့အခ်ိန္မွာ ထစားလိုက္ဖို႔ကိုလည္း ဘယ္တုန္းကမွ မျငင္းဆန္ခဲ့ပါဘူး။ ဒါေပမယ့္ သူမရဲ႕နည္းလမ္းကို ဝိတ္ခ်ျခင္းဆုိင္ရာ ကၽြမ္းက်င္သူေတြကလည္း ေထာက္ခံခဲ့ပါတယ္။

ေရဘက္ကာဟာ “i_actually_ate_that” အမည္ရ နာမည္ေက်ာ္အင္စတာဂရမ္အေကာင့္မွာ သြားရည္ယုိစရာ စားေသာက္ဖြယ္ေတြကို ေဝမွ်ေပးတဲ့သူတစ္ေယာက္ျဖစ္ၿပီး Follower ၈ ေသာင္းနီးပါးရွိပါတယ္။ သူမရဲ႕ ဓါတ္ပုံေတြထဲက စားစရာေတြဟာ ကယ္လိုရီ အဆမတန္မ်ားမယ္မွန္း သိသာေပမယ့္ သူမကေတာ့ ကုိယ္အေလးခ်ိန္လိုအပ္တာထက္ ပိုမမ်ားသြားဘဲ ထိန္းသိမ္းထားႏုိင္ခဲ့ပါတယ္။အင္တာဗ်ဴးတစ္ခုမွာေတာ့ သူမရဲ႕လွ်ဳိ႕ဝွက္ခ်က္ကိုပါ အမ်ားနဲ႔ေဝမွ်ေပးခဲ့တာပါ။ စားခ်င္တဲ့အရာကို စားဖို႔ ဘယ္ေတာ့မွ မျငင္းဆန္ဘူးလို႔ သူမကေျပာၿပီး ခ်ိစ္ဘာဂါ လိုမ်ဳိး ကယ္လိုရီအရမ္းမ်ားတဲ့ အရာကိုေတာင္ စားခ်င္စိတ္ေပါက္လာရင္ စားလိုက္တာပါပဲ။



အဆုိပါအင္တာဗ်ဴးမွာ သူမ လုိက္နာက်င့္သုံးတဲ့ နည္းလမ္းကို ေဝမွ်ခဲ့ၿပီး စားစရာေတြကို အေလာတႀကီး မ်ဳိခ်မယ့္အစား ေၾကညက္ေအာင္ဝါးၿပီး အရသာခံတယ္လို႔ ေျပာျပခဲ့ပါတယ္။ စားခ်င္ေနတဲ့ စားစရာေတြကို အငမ္းမရ ကိုက္ဝါးမ်ဳိခ်တာထက္ ေၾကညက္ေအာင္ ဝါးစားရင္း အရသာခံျခင္းကို အျမဲတမ္းျပဳလုပ္တယ္လို႔ သူမက ဆုိလုိက္တာပါ။အစားအေသာက္နဲ႔ ကုိယ္အေလးခ်ိန္ဆုိင္ရာ ကၽြမ္းက်င္သူေတြက ေရဘက္ကာကို ေထာက္ခံၾကပါတယ္။ အစားအေသာက္နဲ႔က်န္းမာေရး လူေနမႈဘဝဆုိင္ရာ စာအုပ္ေရးသားသူ ဘက္သ္ဝါရင္း က ကိုယ္စားခ်င္ေနတာကို မစားဘဲ အငတ္ခံေနလို႔ ပိန္မသြားေၾကာင္း ေျပာခဲ့ပါတယ္။ မိမိစားလိုတဲ့အရာကို အေရအတြက္မ်ားစြာ အငမ္းမရ စားသုံးျခင္းကသာ ဝိတ္တက္ေစတာျဖစ္ၿပီး ေျဖးေျဖးခ်င္း အရသာခံရင္း သင့္ေတာ္သေလာက္ပဲ စားတာက ခႏၶာကိုယ္ကို ထိန္းသိမ္းရာက်တယ္လို႔ အၾကံေပးခဲ့ပါတယ္။




ဝိတ္ေလွ်ာ့ျခင္းဆုိင္ရာကၽြမ္းက်င္သူတစ္ေယာက္ျဖစ္တဲ့ အလီဆာရမ္ေဆး ကလည္း ေရဘက္ကာရဲ႕ လုပ္ရပ္ဟာ မွန္ကန္ေၾကာင္းနဲ႔ ကိုယ္စားခ်င္တာကို စားတဲ့သူေတြဟာ မွန္ကန္တဲ့ပမာဏကို ထိန္းၿပီး စားႏုိင္ဖို႔ အခြင့္အေရးပိုမ်ားတယ္လို႔ ဆုိပါတယ္။ စားခ်င္တာကို စားခ်င္တဲ့အခ်ိန္စားခြင့္ရွိတာေၾကာင့္ တစ္ခါတေလမွာ မစားဘဲလည္း အၾကည့္လႊဲသြားႏုိင္ဖုိ႔ ပိုလြယ္ကူေစတယ္လို႔ သူမကဆုိတယ္။

ေျပာခ်င္လြန္းလို႔ တုိ႔ ငယ္ငယ္တုန္းကလည္း အစားအစာ ဝါးစားပါ ဆုိတဲ့ လကၤာေလးနဲ႔ သင္ၾကားခဲ့ၾကဖူးမွာပါ။ ဒါဟာ အစာစားျခင္းရဲ႕ အေျခခံဥပေဒသ တစ္ရပ္ျဖစ္ၿပီး မိမိစားသုံးေနတဲ့ အရာရဲ႕ အရသာကို ပိုမုိခံစားႏုိင္မွာျဖစ္သလုိ က်န္းမာေရးနဲ႔လည္း ညီညြတ္ေစပါတယ္။

Unicode



နာမည်ကျော် Food Blogger တစ်ယောက်ဖြစ်တဲ့ ရေဘက်ကာ ရေဘင် ဟာ သူမရဲ့ ကိုယ်လုံးအလှကို ထိန်းသိမ်းဖို့အတွက် Diet လုပ်တာမျိုးမရှိဘူးလို့ ဖွင့်ပြောလိုက်ပါတယ်။ သူမဟာ စားချင်တာကိုစားချင်တဲ့အချိန်မှာ ထစားလိုက်ဖို့ကိုလည်း ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ပါဘူး။ ဒါပေမယ့် သူမရဲ့နည်းလမ်းကို ဝိတ်ချခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း ထောက်ခံခဲ့ပါတယ်။

ရေဘက်ကာဟာ “i_actually_ate_that” အမည်ရ နာမည်ကျော်အင်စတာဂရမ်အကောင့်မှာ သွားရည်ယိုစရာ စားသောက်ဖွယ်တွေကို ဝေမျှပေးတဲ့သူတစ်ယောက်ဖြစ်ပြီး Follower ၈ သောင်းနီးပါးရှိပါတယ်။ သူမရဲ့ ဓါတ်ပုံတွေထဲက စားစရာတွေဟာ ကယ်လိုရီ အဆမတန်များမယ်မှန်း သိသာပေမယ့် သူမကတော့ ကိုယ်အလေးချိန်လိုအပ်တာထက် ပိုမများသွားဘဲ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာတော့ သူမရဲ့လျှို့ဝှက်ချက်ကိုပါ အများနဲ့ဝေမျှပေးခဲ့တာပါ။ စားချင်တဲ့အရာကို စားဖို့ ဘယ်တော့မှ မငြင်းဆန်ဘူးလို့ သူမကပြောပြီး ချိစ်ဘာဂါ လိုမျိုး ကယ်လိုရီအရမ်းများတဲ့ အရာကိုတောင် စားချင်စိတ်ပေါက်လာရင် စားလိုက်တာပါပဲ။

အဆိုပါအင်တာဗျူးမှာ သူမ လိုက်နာကျင့်သုံးတဲ့ နည်းလမ်းကို ဝေမျှခဲ့ပြီး စားစရာတွေကို အလောတကြီး မျိုချမယ့်အစား ကြေညက်အောင်ဝါးပြီး အရသာခံတယ်လို့ ပြောပြခဲ့ပါတယ်။ စားချင်နေတဲ့ စားစရာတွေကို အငမ်းမရ ကိုက်ဝါးမျိုချတာထက် ကြေညက်အောင် ဝါးစားရင်း အရသာခံခြင်းကို အမြဲတမ်းပြုလုပ်တယ်လို့ သူမက ဆိုလိုက်တာပါ။အစားအသောက်နဲ့ ကိုယ်အလေးချိန်ဆိုင်ရာ ကျွမ်းကျင်သူတွေက ရေဘက်ကာကို ထောက်ခံကြပါတယ်။ အစားအသောက်နဲ့ကျန်းမာရေး လူနေမှုဘဝဆိုင်ရာ စာအုပ်ရေးသားသူ ဘက်သ်ဝါရင်း က ကိုယ်စားချင်နေတာကို မစားဘဲ အငတ်ခံနေလို့ ပိန်မသွားကြောင်း ပြောခဲ့ပါတယ်။ မိမိစားလိုတဲ့အရာကို အရေအတွက်များစွာ အငမ်းမရ စားသုံးခြင်းကသာ ဝိတ်တက်စေတာဖြစ်ပြီး ဖြေးဖြေးချင်း အရသာခံရင်း သင့်တော်သလောက်ပဲ စားတာက ခန္ဓာကိုယ်ကို ထိန်းသိမ်းရာကျတယ်လို့ အကြံပေးခဲ့ပါတယ်။

ဝိတ်လျှော့ခြင်းဆိုင်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ အလီဆာရမ်ဆေး ကလည်း ရေဘက်ကာရဲ့ လုပ်ရပ်ဟာ မှန်ကန်ကြောင်းနဲ့ ကိုယ်စားချင်တာကို စားတဲ့သူတွေဟာ မှန်ကန်တဲ့ပမာဏကို ထိန်းပြီး စားနိုင်ဖို့ အခွင့်အရေးပိုများတယ်လို့ ဆိုပါတယ်။ စားချင်တာကို စားချင်တဲ့အချိန်စားခွင့်ရှိတာကြောင့် တစ်ခါတလေမှာ မစားဘဲလည်း အကြည့်လွှဲသွားနိုင်ဖို့ ပိုလွယ်ကူစေတယ်လို့ သူမကဆိုတယ်။

ပြောချင်လွန်းလို့ တို့ ငယ်ငယ်တုန်းကလည်း အစားအစာ ဝါးစားပါ ဆိုတဲ့ လင်္ကာလေးနဲ့ သင်ကြားခဲ့ကြဖူးမှာပါ။ ဒါဟာ အစာစားခြင်းရဲ့ အခြေခံဥပဒေသ တစ်ရပ်ဖြစ်ပြီး မိမိစားသုံးနေတဲ့ အရာရဲ့ အရသာကို ပိုမိုခံစားနိုင်မှာဖြစ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။