စိုင္းစိုင္း (သို႔မဟုတ္) ေခတ္မ်ားစြာကို ေအာင္ႏိုင္ခဲ့သူ

စိုင္းစိုင္းဟာ ယခုအခ်ိန္မွာ အသက္ေလးဆယ္နားကပ္လာတဲ့ လူလတ္ပိုင္းတစ္ေယာက္ျဖစ္ေပမဲ့ သူ႕ေအာင္ျမင္မႈေတြဟာ ရပ္တန္႕မသြားဘဲ ပိုျပီးေတာင္ၾကီးထြားေနဆဲပါ။ ယခုအခ်ိန္ထိ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ကိုကို ျဖစ္ေနတုန္းပါပဲ။ ေျပာခ်င္လြန္းလို႔ရဲ႕ စာဖတ္ပရိသတ္ေတြထဲမွာေရာ စိုင္းစိုင္းကို ၾကိဳက္ႏွစ္သက္သူေတြ ဘယ္ေလာက္ရွိလဲ။

ေမာ္ဒယ္တစ္ေယာက္အျဖစ္ အနုပညာေလာကကို ေျခခ်ခဲ့ျပီး သရုပ္ေဆာင္၊ အဆိုေတာ္၊ စာေရးဆရာ အစရိွတဲ့ အႏုပညာအလုပ္မ်ားစြာကို လုပ္ကိုင္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ အဆိုေတာ္တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုတဲ့ စိတ္ကို အရင္းတည္ျပီး ေတာင္ၾကီးမွ ရန္ကုန္သို႔ စြန္႔စားတက္လာရတဲ့ စိုင္းစိုင္းဟာ အစပိုင္းမွာ ဒုကၡမ်ိဳးစံုနဲ႔ ၾကံဳေတြခဲ့ပါတယ္။ သို႔ေသာ္လည္း သူ႕ၾကိဳးစားမႈေတြ၊ ဇြဲ၊ လံုလေတြေၾကာင့္ အခက္အခဲမ်ားစြာကို အေကာင္းဆံုး ေက်ာ္ျဖတ္ျပခဲ့ပါတယ္။

အစပိုင္း သူထုတ္ခဲ့တဲ့ ေခ်ာကလတ္ေရာင္အိမ္မက္ သီခ်င္းေခြဟာ ေသာက္ေသာက္လဲ အရံႈးေပၚခဲ့ပါတယ္။ သို႔ေသာ္လည္း စိုင္းစိုင္းတစ္ေယာက္ အျပံဳးမျပတ္ဘဲ ဆက္လက္ၾကိဳးစားခဲ့ပါတယ္။ ၾကိဳးစားမႈရဲ႕ ရလာဒ္ေတြဟာ နယူတန္ရဲ႕ သီအိုရီလိုပါပဲ။ သက္ေရာက္မႈတိုင္းမွာ တန္ျပန္မႈရွိသလို ၾကိဳးစားမႈတိုင္းမွာလည္း ေအာင္ျမင္မႈရိွပါတယ္။ (၂၀၀၂) ခုနွစ္တြင္ ထြက္ရိွခဲ့တဲ့ သူငယ္ခ်င္းမ်ားစြာ အေခြထြက္ရိွခ်ိန္မွာေတာ့ စိုင္းစိုင္းရဲ႕ေအာင္ျမင္မႈဟာ အထြတ္အထိပ္သို႔ ေရာက္ရိွသြားပါတယ္။ သူ႕ဂီတေတြဟာ ေကာ္ပီအခ်ိဳ႕ ပါဝင္ပတ္သတ္တယ္ ဆိုတဲ႔ ထိုးႏွက္မႈေတြ ရိွခဲ့ေသာ္လည္း ပါရမီ၊ စန္းေတြေၾကာင့္သာ စိုင္းစိုင္းဟူေသာ အမည္ဟာ ယခုအခ်ိန္ထိ ထင္က်န္ေနတာျဖစ္ပါတယ္။

စိုင္းစိုင္းအေပၚ ေလးစားအားက်ဖို႔အေကာင္းဆံုးအခ်က္မွာ ေအာင္ျမင္မႈဒဏ္ကုိ ခံနိုင္ျခင္းပါ။ ဆယ္စုနွစ္နွစ္ခုတာေလာက္ကာလအတြင္း သူဟာ ထြန္းေတာက္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။ သူအရိွန္အဝါဟာ ယခုအခ်ိန္ထိလည္း ထိန္လင္းေနဆဲပါပဲ။ သုိ႔ေပမဲ့ ေအာက္ေျခအဆင့္ကတတ္လာတဲ့ စိုင္းစိုင္းဟာ ပရိသတ္ေတြနဲ႔ ဆက္ဆံရာမွာ ေလသံမေျပာင္း အရင္တိုင္း နိမ့္ခ်စြာ ဆက္ဆံတာကို ျမင္ေတြ႕ရမွာပါ။ ဒါဟာ စိုင္းစိုင္း ေအာင္ျမင္ျခင္းရဲ႕ အေၾကာင္းအရင္းတစ္ခုပါ။ စိုင္းစိုင္းဟာ ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္လာခ်ိန္မွာလည္း တတ္သစ္စလူငယ္ေတြကို ေျမေတာင္ေျမွာက္ေပးခဲ့ပါတယ္။ စိုင္းစိုင္းရဲ႕ Frenzo production က စင္တင္ေပးခဲ့တဲ့ အဆိုေတာ္အေရအတြက္က ယခုဆို လက္ခ်ိဳးေရလို႔ မရေတာ့ပါဘူး။

စိုင္းစိုင္းဟာ သူ႕အေပၚေ၀ဖန္မႈေတြကိုလည္း အျပံဳးမျပတ္ရင္ဆိုင္ေလ့ရိွပါတယ္။ သူကို ထိုးႏွက္တိုက္ခတ္ထားတဲ့ ပံုေတြကိုေတာင္ သူ႔ Social Media ေပၚမွာ ဟာသတစ္ခုအျဖစ္ ျပန္လည္ေ၀မွ်ေပးေလ့ရိွပါတယ္။ စိုင္းစိုင္းအေပၚ ေလးစားအားက်မိတဲ့ အဓိက အခ်က္တစ္ခုကေတာ့ မားကတ္တင္း အိုင္ဒီယာေကာင္းေကာင္း ရိွတာပဲျဖစ္ပါတယ္။ သူဟာ ယခုအခ်ိန္မွာ Social Network မွာ ပရိသတ္မ်ားစြာရရိွထားတဲ့လူတစ္ေယာက္။ သူဟာ နွစ္ေပါင္းမ်ားစြာ စိုင္းစိုင္းဆိုတဲ့နာမည္ကို အဆင့္မ်ားစြာျမင့္တင္ခဲ့ပါတယ္။ ေအာင္ျမင္မႈမ်ားစြာယူခဲ့တယ္။

အဲ႔ဒီ ေနာက္မွာေတာ့ စိုင္းစိုင္း cosmetic ကိုလည္း တည္ေထာင္ခဲ႔ပါတယ္။ ေျပာခ်င္လြန္းလို႔ရဲ႕ စာဖတ္ပရိသတ္ေတြထဲမွာ စိုင္းစိုင္း ႏႈတ္ခမ္းနီကို ၾကိဳက္တဲ႔သူေတြရွိလား။ စိုင္းစိုင္း cosmetic ဟာ ႏႈတ္ခမ္းနီမေလးေတြအတြက္ ဦးတည္ထုတ္လုပ္ထားတာျဖစ္ျပီး ေအာင္ျမင္မႈရရိွခဲ့ပါတယ္။ စိုင္းစိုင္းဟာ သူ႕ဘ၀ကို အနုပညာတစ္ရပ္တြင္ပဲ ေအာင္ျမင္မႈယူေအာင္ထားျခင္းမဟုတ္ဘဲ ပညာေရးပိုင္းမွာလည္း MBA ဘြဲ႕အထိရရိွေအာင္ စြမ္းေဆာင္ခဲ့နိုင္ပါတယ္။ ယခုအခ်ိန္မွာေတာ့ စိုင္းစိုင္းဟာ အနုပညာပင္လင္ျပင္ကို ကူးခတ္ေနျပီး ပိုျပီးသာလြန္တဲ့ ေအာင္ျမင္မႈကို ယူေဆာင္နိုင္ဖို႔ ၾကိဳးစားဆဲလည္း ျဖစ္ပါတယ္။

သူဟာယခုအခ်ိန္မွာ အဆိုေတာ္တစ္ေယာက္၊ သရုပ္ေဆာင္တစ္ေယာက္၊ စာေရးဆရာတစ္ေယာက္၊ Marketing ဂုရုၾကီးတစ္ေယာက္အျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။ Zero မွ Hero ျဖစ္ခဲ့တ့ဲ စိုင္းစိုင္းဟာ လူငယ္ေတြအတြက္ ေလးစားအာက်ဖို႔ေကာင္းလွတဲ့ ေခတ္ကိုေအာင္နိုင္ခဲ႔သူတစ္ဦးပါပဲ။

တီးတိန္ (ေျပာခ်င္လြန္းလို႔)

ကဲ..အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကို ၾကိဳက္ႏွစ္သက္တယ္ဆိုရင္ ေျပာခ်င္လြန္းလို႔ စာမ်က္ႏွာကို See First လုပ္ထားျပီး ဆက္လက္အားေပးပါဦးေနာ္။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကေတာ႔ စိုင္းစိုင္း (သို႔မဟုတ္) ေခတ္မ်ားစြာကို ေအာင္ႏိုင္ခဲ့သူအေၾကာင္းပဲ ျဖစ္ပါတယ္။

#ေျပာခ်င္လြန္းလို႔

Unicode

စိုင်းစိုင်းဟာ ယခုအချိန်မှာ အသက်လေးဆယ်နားကပ်လာတဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်ပေမဲ့ သူ့အောင်မြင်မှုတွေဟာ ရပ်တန့်မသွားဘဲ ပိုပြီးတောင်ကြီးထွားနေဆဲပါ။ ယခုအချိန်ထိ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုကို ဖြစ်နေတုန်းပါပဲ။ ပြောချင်လွန်းလို့ရဲ့ စာဖတ်ပရိသတ်တွေထဲမှာရော စိုင်းစိုင်းကို ကြိုက်နှစ်သက်သူတွေ ဘယ်လောက်ရှိလဲ။

မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကကို ခြေချခဲ့ပြီး သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ အစရှိတဲ့ အနုပညာအလုပ်များစွာကို လုပ်ကိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကို အရင်းတည်ပြီး တောင်ကြီးမှ ရန်ကုန်သို့ စွန့်စားတက်လာရတဲ့ စိုင်းစိုင်းဟာ အစပိုင်းမှာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေခဲ့ပါတယ်။ သို့သော်လည်း သူ့ကြိုးစားမှုတွေ၊ ဇွဲ၊ လုံလတွေကြောင့် အခက်အခဲများစွာကို အကောင်းဆုံး ကျော်ဖြတ်ပြခဲ့ပါတယ်။

အစပိုင်း သူထုတ်ခဲ့တဲ့ ချောကလတ်ရောင်အိမ်မက် သီချင်းခွေဟာ သောက်သောက်လဲ အရှုံးပေါ်ခဲ့ပါတယ်။ သို့သော်လည်း စိုင်းစိုင်းတစ်ယောက် အပြုံးမပြတ်ဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ်။ ကြိုးစားမှုရဲ့ ရလာဒ်တွေဟာ နယူတန်ရဲ့ သီအိုရီလိုပါပဲ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုရှိသလို ကြိုးစားမှုတိုင်းမှာလည်း အောင်မြင်မှုရှိပါတယ်။ (၂၀၀၂) ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ သူငယ်ချင်းများစွာ အခွေထွက်ရှိချိန်မှာတော့ စိုင်းစိုင်းရဲ့အောင်မြင်မှုဟာ အထွတ်အထိပ်သို့ ရောက်ရှိသွားပါတယ်။ သူ့ဂီတတွေဟာ ကော်ပီအချို့ ပါဝင်ပတ်သတ်တယ် ဆိုတဲ့ ထိုးနှက်မှုတွေ ရှိခဲ့သော်လည်း ပါရမီ၊ စန်းတွေကြောင့်သာ စိုင်းစိုင်းဟူသော အမည်ဟာ ယခုအချိန်ထိ ထင်ကျန်နေတာဖြစ်ပါတယ်။

စိုင်းစိုင်းအပေါ် လေးစားအားကျဖို့အကောင်းဆုံးအချက်မှာ အောင်မြင်မှုဒဏ်ကို ခံနိုင်ခြင်းပါ။ ဆယ်စုနှစ်နှစ်ခုတာလောက်ကာလအတွင်း သူဟာ ထွန်းတောက်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူအရှိန်အဝါဟာ ယခုအချိန်ထိလည်း ထိန်လင်းနေဆဲပါပဲ။ သို့ပေမဲ့ အောက်ခြေအဆင့်ကတတ်လာတဲ့ စိုင်းစိုင်းဟာ ပရိသတ်တွေနဲ့ ဆက်ဆံရာမှာ လေသံမပြောင်း အရင်တိုင်း နိမ့်ချစွာ ဆက်ဆံတာကို မြင်တွေ့ရမှာပါ။ ဒါဟာ စိုင်းစိုင်း အောင်မြင်ခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါ။ စိုင်းစိုင်းဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာချိန်မှာလည်း တတ်သစ်စလူငယ်တွေကို မြေတောင်မြှောက်ပေးခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ Frenzo production က စင်တင်ပေးခဲ့တဲ့ အဆိုတော်အရေအတွက်က ယခုဆို လက်ချိုးရေလို့ မရတော့ပါဘူး။

စိုင်းစိုင်းဟာ သူ့အပေါ်ဝေဖန်မှုတွေကိုလည်း အပြုံးမပြတ်ရင်ဆိုင်လေ့ရှိပါတယ်။ သူကို ထိုးနှက်တိုက်ခတ်ထားတဲ့ ပုံတွေကိုတောင် သူ့ Social Media ပေါ်မှာ ဟာသတစ်ခုအဖြစ် ပြန်လည်ဝေမျှပေးလေ့ရှိပါတယ်။ စိုင်းစိုင်းအပေါ် လေးစားအားကျမိတဲ့ အဓိက အချက်တစ်ခုကတော့ မားကတ်တင်း အိုင်ဒီယာကောင်းကောင်း ရှိတာပဲဖြစ်ပါတယ်။ သူဟာ ယခုအချိန်မှာ Social Network မှာ ပရိသတ်များစွာရရှိထားတဲ့လူတစ်ယောက်။ သူဟာ နှစ်ပေါင်းများစွာ စိုင်းစိုင်းဆိုတဲ့နာမည်ကို အဆင့်များစွာမြင့်တင်ခဲ့ပါတယ်။ အောင်မြင်မှုများစွာယူခဲ့တယ်။

အဲ့ဒီ နောက်မှာတော့ စိုင်းစိုင်း cosmetic ကိုလည်း တည်ထောင်ခဲ့ပါတယ်။ ပြောချင်လွန်းလို့ရဲ့ စာဖတ်ပရိသတ်တွေထဲမှာ စိုင်းစိုင်း နှုတ်ခမ်းနီကို ကြိုက်တဲ့သူတွေရှိလား။ စိုင်းစိုင်း cosmetic ဟာ နှုတ်ခမ်းနီမလေးတွေအတွက် ဦးတည်ထုတ်လုပ်ထားတာဖြစ်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ စိုင်းစိုင်းဟာ သူ့ဘဝကို အနုပညာတစ်ရပ်တွင်ပဲ အောင်မြင်မှုယူအောင်ထားခြင်းမဟုတ်ဘဲ ပညာရေးပိုင်းမှာလည်း MBA ဘွဲ့အထိရရှိအောင် စွမ်းဆောင်ခဲ့နိုင်ပါတယ်။ ယခုအချိန်မှာတော့ စိုင်းစိုင်းဟာ အနုပညာပင်လင်ပြင်ကို ကူးခတ်နေပြီး ပိုပြီးသာလွန်တဲ့ အောင်မြင်မှုကို ယူဆောင်နိုင်ဖို့ ကြိုးစားဆဲလည်း ဖြစ်ပါတယ်။

သူဟာယခုအချိန်မှာ အဆိုတော်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက်၊ စာရေးဆရာတစ်ယောက်၊ Marketing ဂုရုကြီးတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ Zero မှ Hero ဖြစ်ခဲ့တဲ့ စိုင်းစိုင်းဟာ လူငယ်တွေအတွက် လေးစားအာကျဖို့ကောင်းလှတဲ့ ခေတ်ကိုအောင်နိုင်ခဲ့သူတစ်ဦးပါပဲ။

တီးတိန် (ပြောချင်လွန်းလို့)

ကဲ..အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ စိုင်းစိုင်း (သို့မဟုတ်) ခေတ်များစွာကို အောင်နိုင်ခဲ့သူ အကြောင်းပဲ ဖြစ်ပါတယ်။

#ပြောချင်လွန်းလို့