စကြဝဠာကြီးထဲက အရိုနိုင်ဆုံး တိရစ္ဆာန်များ
အောက်ချင်းငှက်
ဘိုနိုဘို ချင်ပန်ဇီ
ရေနဂါး
ဆင်
စင်ရော်ငှက်
Unicode
ဒီစကြဝဠာထဲမှာ လူတွေချည်းပဲ အရိုနိုင်ဆုံး သက်ရှိတွေ ဒါမှမဟုတ် လူတွေကပဲ စိတ်ကူးယဉ်ဆန်ဆန် ချစ်ခြင်းမေတ္တာကို ယုံကြည်သက်ဝင်သူတွေ ဖြစ်ကြတယ်လို့ ယုံကြည်ထားကြမယ် ထင်ပါဘူး ။ တကယ်တော့ ချစ်ခြင်းမေတ္တာကိုခံစားတတ်တဲ့ သက်ရှိတိုင်းဟာ တကယ်ကို ရိုဆန်ဆန် ချစ်တတ်ကြပါတယ်။ အချစ်အတွက်နဲ့ ရင်ကွဲခံပြီး ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားကြတဲ့ တိရစ္ဆာန်တွေကို ကျနော်တို့ တွေရဲ့ ငယ်ဘဝက အိပ်ရာဝင်ပုံပြင်တွေထဲမှာ ကြားဖူးခဲ့ကြပြီးဖြစ်မှာပါတယ်။ အဲ့ဒီလို သတ္တဝါတွေကရော အပြင်မှာတကယ်ရောရှိခဲ့ရဲ့လား ဆိုတာကတော့ ကျနော် စဉ်းစာတွေးခေါ်နိုင်စွမ်းတွေထက် ကျော်လွန်နေတဲ့ တချို့အရာတွေကြောင့် ကျနော်တို့ မသိနိုင်ကြပါဘူး ။ အခုကျနော်တို့ တင်ဆက်ပေးသွားမယ့် အကြောင်းရာလေးကတော့ ကျနော်တို့ စကြဝဠာကြီးထဲမှာ တည်ရှိနေတဲ့ အချစ်တတ်ဆုံးနဲ့ အရိုနိုင်ဆုံး တိရစ္ဆာန်တွေပဲဖြစ်ပါတယ်။
အောက်ချင်းငှက်
ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် စာရင်းထဲမှာပါဝင်တဲ့ အောက်ချင်းငှက်တွေကတော့ မြန်မာနိုင်ငံရဲ့ ချင်းတောင်တန်းတွေနဲ့ အိန္ဒိယနိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့နေရာတွေမှာနေထိုင်လေ့ရှိကြပါတယ်။ သူတို့ရဲ့သက်တမ်းကတော့ နှစ်ငါးဆယ် အထိနေထိုင်နိုင်ပါတယ် ။ အမတွေဟာ အထီးတွေထက် သေးငယ်တတ်ကြပြီး ကျန်တဲ့ အပြင်ပန်းပုံသဏ္ဍာန်တွေဟာ တူညီကြပါတယ် ။ အနက်ရောင်နဲ့ အဝါရောင်စပ်ထားပြီး လှပလှတဲ့ ငှက်တွေလည်းဖြစ်ပါတယ် ။ တကယ်လို့ သူတို့ထဲက အထီးဖြစ်ဖြစ်အမဖြစ်ဖြစ် သေဆုံးသွားတဲ့အချိန်မျိုးမှာတော့ ကျန်ခဲ့တဲ့ တစ်ကောင်က ပျံသွားပြီး အောက်ကို ထိုးစိုင်ဆင်းပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်တတ်ကြပါတယ် ။ အဲ့ဒါကြောင့်လည်း မျိုးတုန်းတော့မယ့် အန္တရာယ်ကျရောက်နေတဲ့ ရှားပါး ငှက်မျိုးစိတ်ထဲမှာ ပါဝင်သွားတာ ဖြစ်ပါတယ် ။
ဘိုနိုဘို ချင်ပန်ဇီ
နောက်ထပ်ဒီစာရင်းမှာပါဝင်နေတဲ့ တိရစ္ဆာန်တစ်မျိုးကတော့ ချင်ပန်ဇီမျောက်တွေလည်းပါဝင်နေပါတယ် ။ ချင်ပန်ဇီ မျိုးစိတ်ထဲက ဘိုနိုဘိုတွေဟာ လူတွေနဲ့ အနီးစပ်ဆုံးဖြစ်ပြီး သူတွေလိုပဲ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေစတဲ့ စိတ်ခံစားမှုတွေကစပြီး လူတွေနဲ့တော်တော်တူတဲ့ ခံစားမှုဆိုင်ရာ အသိတွေကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေပါ ။ သူတို့ကတော့ သူတို့ရဲ့ ပါတနာတွေနဲ့ လိုက်ဖက်မှုရှိအောင် နေထိုင်ကြတာဖြစ်ပါတယ် ။
ရေနဂါး
ရေနဂါးတွေကလည်း ကမ္ဘာ့အရိုနိုင်ဆုံး ရေနေသတ္တဝါထဲမှာ ပါဝင်နေပါတယ်။ မြင်းနဲ့တူတဲ့ လည်ပင်းမျိုးရှိတာကြောင့် Seahorse လို့ခေါ်ကြတာဖြစ်ပါတယ် ။ သူတို့ကူးခတ်နေတဲ့ အချိန်မှာလည်း သူတို့ဟာ သူများတွေနဲ့မတူတဲ့ ကူးခတ်မှုမျိုးနဲ့ ကူးခတ်တတ်ကြပါတယ် ။ သူတို့တွေကတော့ ချစ်တဲ့သူတွေနဲ့ရေထဲမှာ ကခုန်တဲ့အခါ ၈နာရီလောက်ဆက်တိုက် ကနိုင်ကြပါတယ် ။ သူတို့တွေ ချစ်ကြည်နူးဖို့အတွက်တော့ သီးသန့်နေရာတွေသပ်သပ်ထားပြီး ကြည်နူးတတ်ကြပါတယ် ။
ဆင်
ကျနော်တို့ ရဲ့ မြန်မာယုံတမ်းစကားတွေအရဆိုရင်တော့ ဆင်တွေဟာ ကျနော်တို့ထက် စကားမပြောနိုင်တဲ့တစ်ဉာဏ်ပဲ လျော့တယ်လို့ ဆိုကြပါတယ် ။ ဆင်တွေဟာ ကမ္ဘာ့ပေါ်က သစ္စာအရှိဆုံး သတ္တဝါတွေဖြစ်ပြီး တည်ဆောက်ထားတဲ့ အသိုက်ဝန်းလေးထဲမှာပဲ တစ်သက်တာလုံး နေထိုင်ဖြတ်သန်းသွားတတ်ကြပါတယ် ။ သစ္စာဖောက်ခြင်းကို အင်မတန်မှ ရွံ့မုန်းကြတဲ့ စရိုက်လက္ခဏာတွေလည်း ရှိပါတယ် ။
စင်ရော်ငှက်
ပင်လယ်ပျော်တဲ့ စင်ရောငှက်တွေကလည်း ဒီစာရင်းမှာပါဝင်နေပါတယ် ။ ယှဉ်ဖော်မကွဲတဲ့ စင်ရော်ငှက်ကလေးတွေ ဆိုတဲ့စကားကိုလည်း ကျနော်တို့တွေကြားဖူးနားဝရှိနေခဲ့သလို တကယ်လည်း သူတို့ရဲ့နေထိုင်မှုတွေဟာ ရိုမန်တစ် ဖြစ်ကြပါတယ် ။ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းပြပြချစ်တတ်ကြတဲ့ ငှက်တွေလည်းဖြစ်ကြပါတယ် ။သူတို့မိတ်ဖက်ကိုလည်း ဘဝတစ်လျှောက်လုံးမှာ တစ်ကောင်ကိုပဲ ရွေးချယ်လေ့ရှိကြပါတယ် ။