ဆင်ဆင်ခြင်ခြင်လေးဝတ်သွားတော့မယ်ဆိုတဲ့ သင်ဇာ

0
132

သင်ဇာဝင့်ကျော်ဟာ Fashion Queen လို့ဆိုရလောက်အောင်ကို အမျိုးမျိုးအဖုံဖုံသော ဖက်ရှင်တွေနဲ့ ပရိသတ်တွေကိုဟာခနဲဟင်ခနဲဖြစ်အောင် ညို့ယူဖမ်းစားတတ်သူပါ။ သင်ဇာက ကိုယ်ဝတ်ချင်တာတွေဝတ်ပြီးရင်လည်း ရှိုးတိုးရှန့်တန့်ဖြစ်နေလေ့မရှိပဲ ဘယ်သူတွေက ဘယ်လိုတွေကြည့်ပြီး ဘယ်လိုတွေရိုက်နေပါစေ မျက်နှာတစ်ချက်မပျက်ပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနေထိုင်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ သင်ဇာ့ရဲ့ဖက်ရှင်တွေက တစ်စထက်တစ်စပိုမိုပွင့်လင်းမြင်သာမှုရှိလာတာနဲ့အမျှတစ်နိုင်ငံလုံးက ဝေဖန်မှုတွေကလည်း တရိပ်ရိပ်မြင့်တက်လာခဲ့သလို အဲဒီလိုဝေဖန်မှုတွေကြောင့် သင်ဇာ့ကိုချစ်တဲ့ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်တာတွေများလာရပါတယ်။

သင်ဇာက ပရိသတ်တွေကို မျက်နှာလွှဲခဲပစ်လုပ်သူတော့မဟုတ်ပါဘူး။ သင်ဇာက 2018 ပြီးတဲ့အထိတော့ ပွဲလေးတွေလက်ခံထားတာရှိလို့ sexy လေးတွေဝတ်ပါရစေလို့ သူမရဲ့ လူမှုကွန်ယက်ကနေတောင်းပန်ထားပါတယ်။ သင်ဇာက မကြာသေးမီက အင်တာဗျူးတွေမှာ 2019 အတွက်စဉ်းစားထားတဲ့ဖက်ရှင်တွေနဲ့ပတ်သက်ပြီးတော့လည်း ဖြေကြားထားပါသေးတယ်။ သင်ဇာက sexy တွေလျှော့ဝတ်တော့မယ့်အကြောင်းကို “ဟုတ်တယ် ကြိုက်တဲ့သူတွေလည်းကြိုက်သလို မကြိုက်တဲ့သူတွေလည်း အဲ့လိုမျိုး မကြိုက်ကြတဲ့အခါကျတော့ နှစ်ကုန်ပိုင်းလေးမှာနည်းနည်းလေးတော့ပြန်ထိန်းချင်လို့ပေါ့”လို့ ဖြေကြားထားပါတယ်။

အဲဒီလို sexy တွေလျှော့ဝတ်ဖို့အတွေးဝင်လာတာကိုလည်းသင်ဇာက “ကိုယ့်ကိုချစ်တဲ့ပရိသတ်တောင်မှကိုယ့်ကိုနားလည်ပြီးချစ်နိုင်သေးတာ။ ကိုယ်ကပရိသတ်တွေရဲ့အချစ်ကိုဘာလို့နားမလည်နိုင်ရမှာလဲ။ သူတို့ရဲ့စေတနာကိုကိုယ်က ဘာလို့နားမလည်နိုင်ရမှာလဲ။ အဲဒါကြောင့် ပရိသတ်တွေရဲ့အချစ်ကိုစေတနာကိုနားလည်တဲ့အနေနဲ့ ဆင်ဆင်ခြင်ခြင်လေးဝတ်သွားပါ့မယ်။ ဆင်ဆင်ခြင်ခြင်လေးနေသွားပါ့မယ်။ သင်ဇာချစ်တဲ့ ပရိသတ်ကြီးအတွက် သင်ဇာ changes တစ်ခုခုလုပ်ပေးချင်လို့”လို့ ပြောပြသွားပါတယ်။

ဒါဆို 2019 မှာတော့ ရိုးရိုးလေးနဲ့ပဲမြင်ရတော့မှာပေါ့ဆိုတဲ့မေးခွန်းကိုတော့ သင်ဇာက “သူ့နေရာနဲ့သူပေါ့နော်။ အရမ်းကြီးတော့မဟော့တော့ဘူး။ 2018 မှာဟော့ခဲ့သလိုတော့ အရမ်းကြီးတော့ဟော့ဖို့အစီအစဉ်တော့မရှိတော့ပါဘူး”လို့ပြောသွားပြီး နောက်ပိုင်း ပွဲတက်တွေအတွက်အဝတ်အစားစဉ်းစားရတာ တော်တော်လေးခေါင်းခြောက်ကြောင်း “ဘာဝတ်ရမှန်းကိုမသိတာ ပွဲချိန်နီးနေတာတောင်ဘာဝတ်ရမှန်းကိုမသိတာ”လို့ ရင်ဖွင့်သွားပါတယ်။

သင်ဇာက ပရိသတ်ကြီးအတွက် နှစ်သစ်ဆုတောင်းကို “ပရိသတ်ကြီး လူသစ်စိတ်သစ်နဲ့အတွေးအခေါ်အသစ်အသစ်တွေနဲ့ ကိုယ်ကျင်လည်နေတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာလည်း ခေါင်းမော့ပြီးနေနိုင်ပါစေ အစစအရာရာအဆင်ပြေပါစေ”လို့ ဆုတောင်းပေးထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်ဇာ့ကိုချစ်ကြလား။ သင်ဇာ့ရဲ့လိမ်မာပါ့မယ်ဆိုတဲ့စကားကိုယုံကြည်ကြလား။နောက်ပြီး ရှေ့လျှောက်သင်ဇာရဲ့ အနုပညာလုပ်ငန်းတွေကိုရော အားပေးသွားမှာလား ပြောခဲ့ကြပါဦး။

Can’t Wait To Say