ဆယ္တန္းကေလးကို ကူညီခဲ႔တဲ႔ ယာဥ္ထိန္းရဲရဲ႕ ၾကည္ႏူးစရာ လုပ္ရပ္

လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံက လူေတြအားလံုးအာရုံစိုက္ေနၾကတာကေတာ႔ ကေလးေတြရဲ႕ ဆယ္တန္းစာေမးပြဲပါ။ ဒီေန႔ကေတာ႔ အဂၤလိပ္ဘာသာ ေျဖဆိုတဲ႔ရက္ျဖစ္ျပီး ဒီေန႔မွာ စိတ္ဝင္စားစရာ ကိစၥေလး တစ္ခု ျဖစ္သြားခဲ႔ပါတယ္။

အဲ႔ဒါကေတာ႔ အိမ္မွာ ေက်ာင္းသားကတ္ေမ႔က်န္ခဲ႔တဲ႔ ေက်ာင္းသားေလးကို ယာဥ္ထိန္းရဲက သူ႔ရဲ႕ မီးတန္း ဆိုင္ကယ္ၾကီးနဲ႔ သြားျပန္လိုက္ယူေပးတဲ႔ ျဖစ္ရပ္ပါ။ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေျဖဆိုေနတဲ႔ ကေလးေတြအတြက္ကေတာ႔ အခုလို အခ်ိန္ကာလက အရမ္းကို အေရးၾကီးတဲ႔ ကာလျဖစ္တာမို႔ အခုလို အေရးေပၚ အခ်ိန္မွာ ကူညီေပးတဲ႔ ယာဥ္ထိန္းရဲရဲ႕ လုပ္ရပ္က ခ်ီးက်ဴးဂုဏ္ျပဳစရာပါပဲ။

ကိုယ္႔ႏိုင္ငံက ကေလးငယ္ေလးရဲ႕ ေအးေအးခ်မ္းခ်မ္းစာေမးပြဲ ေျဖခြင္႔ရဖို႔အတြက္ တစ္ဖက္တစ္လွမ္းက ကူညီမႈေလးက ဘာမွၾကီးၾကီးက်ယ္က်ယ္ မဟုတ္ေပမယ္႔လည္း ၾကည္ႏူးစရာပါပဲ။

အခု ျဖစ္ရပ္ေလးကို လူမႈကြန္ယက္ေပၚမွာ ျပန္လည္ မွ်ေဝသူေတြမ်ားျပားေနခဲ႔ျပီး ယာဥ္ထိန္းရဲကို ခ်ီးက်ဴးေနသူေတြလည္းအမ်ားအျပားပါ။ အခုလို တာဝန္သိ ယာဥ္ထိန္းရဲရဲ႕ ၾကည္ႏူးစရာလုပ္ရပ္ေလးကို ဂုဏ္ျပဳ တင္ဆက္ေပးလိုက္ရပါတယ္။

ဒါ႔ျပင္ ဆယ္တန္းေက်ာင္းသားေက်ာင္းသူေလးေတြ စာေမးပြဲ ေျဖေနစဥ္ အေႏွာင္႔အယွက္ မျဖစ္ရေအာင္ မီးေလာင္မႈ၊ မီးလန္႔မႈ ျဖစ္ပြားခဲ႔ပါက မီးသတ္ကားေတြသြားလာရတဲ႔အခါ မီးလန္႔တဲ႔ ဥၾသအခ်က္ေပးဆြဲသြားမွာ မဟုတ္ဘဲ မီးသတ္ကားမ်ားကိုဒီတိုင္း ေမာင္းႏွင္သြားမွာျဖစ္လို႔ ယာဥ္ေမာင္းသူေတြနဲ႔ ခရီးသြားျပည္သူေတြအေနနဲ႔ မီးသတ္ကားေတြ သြားလာရ လြယ္ကူေအာင္ လမ္းေၾကာေပးဖို႔၊ ပိတ္မထားဖို႔ အတြက္ လည္း ေမတၱာရပ္ခံထားတာ ေတြ႕ရပါေသးတယ္။

ႏိုင္ငံရဲ႕ ရင္ေသြးငယ္ေလးေတြရဲ႕ အနာဂတ္အတြက္ ၾကိဳးစားေနခ်ိန္မုိ႔ အခုလို အေသးစိတ္ဂရုစိုက္မႈေသးေသးေလးေတြက အစ ကေလးေတြရဲ႕ အိပ္မက္ေတြကို ေဖာ္ေဆာင္ေနတဲ႔အခ်ိန္အတြက္ အေရးၾကီးေနတယ္လို႔ဆိုရမွာပါ။

Unicode

လက်ရှိအချိန်မှာ မြန်မာနိုင်ငံက လူတွေအားလုံးအာရုံစိုက်နေကြတာကတော့ ကလေးတွေရဲ့ ဆယ်တန်းစာမေးပွဲပါ။ ဒီနေ့ကတော့ အင်္ဂလိပ်ဘာသာ ဖြေဆိုတဲ့ရက်ဖြစ်ပြီး ဒီနေ့မှာ စိတ်ဝင်စားစရာ ကိစ္စလေး တစ်ခု ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒါကတော့ အိမ်မှာ ကျောင်းသားကတ်မေ့ကျန်ခဲ့တဲ့ ကျောင်းသားလေးကို ယာဉ်ထိန်းရဲက သူ့ရဲ့ မီးတန်း ဆိုင်ကယ်ကြီးနဲ့ သွားပြန်လိုက်ယူပေးတဲ့ ဖြစ်ရပ်ပါ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေတဲ့ ကလေးတွေအတွက်ကတော့ အခုလို အချိန်ကာလက အရမ်းကို အေရးကြီးတဲ့ ကာလဖြစ်တာမို့ အခုလို အရေးပေါ် အချိန်မှာ ကူညီပေးတဲ့ ယာဉ်ထိန်းရဲရဲ့ လုပ်ရပ်က ချီးကျူးဂုဏ်ပြုစရာပါပဲ။

ကိုယ့်နိုင်ငံက ကလေးငယ်လေးရဲ့ အေးအေးချမ်းချမ်းစာမေးပွဲ ဖြေခွင့်ရဖို့အတွက် တစ်ဖက်တစ်လှမ်းက ကူညီမှုလေးက ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့်လည်း ကြည်နူးစရာပါပဲ။

အခု ဖြစ်ရပ်လေးကို လူမှုကွန်ယက်ပေါ်မှာ ပြန်လည် မျှဝေသူတွေများပြားနေခဲ့ပြီး ယာဉ်ထိန်းရဲကို ချီးကျူးနေသူတွေလည်းအများအပြားပါ။ အခုလို တာဝန်သိ ယာဉ်ထိန်းရဲရဲ့ ကြည်နူးစရာလုပ်ရပ်လေးကို ဂုဏ်ပြု တင်ဆက်ပေးလိုက်ရပါတယ်။

ဒါ့ပြင် ဆယ်တန်းကျောင်းသားကျောင်းသူလေးတွေ စာမေးပွဲ ဖြေနေစဉ် အနှောင့်အယှက် မဖြစ်ရအောင် မီးလောင်မှု၊ မီးလန့်မှု ဖြစ်ပွားခဲ့ပါက မီးသတ်ကားတွေသွားလာရတဲ့အခါ မီးလန့်တဲ့ ဥသြအချက်ပေးဆွဲသွားမှာ မဟုတ်ဘဲ မီးသတ်ကားများကိုဒီတိုင်း မောင်းနှင်သွားမှာဖြစ်လို့ ယာဉ်မောင်းသူတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မီးသတ်ကားတွေ သွားလာရ လွယ်ကူအောင် လမ်းကြောပေးဖို့၊ ပိတ်မထားဖို့ အတွက် လည်း မေတ္တာရပ်ခံထားတာ တွေ့ရပါသေးတယ်။

နိုင်ငံရဲ့ ရင်သွေးငယ်လေးတွေရဲ့ အနာဂတ်အတွက် ကြိုးစားနေချိန်မို့ အခုလို အသေးစိတ်ဂရုစိုက်မှုသေးသေးလေးတွေက အစ ကလေးတွေရဲ့ အိပ်မက်တွေကို ဖော်ဆောင်နေတဲ့အချိန်အတွက် အရေးကြီးနေတယ်လို့ဆိုရမှာပါ။