ဆယ္ေက်ာ္သက္ဘဝမွာ အရက္ေက်းကၽြန္ျဖစ္ခဲ့ေပမယ့္ ဆရာဝန္ျဖစ္လာသူ

0
24

အလယ္တန္း ေအာင္လက္မွတ္မရခင္ ေက်ာင္းထြက္ခဲ့တဲ့ေနာက္ပုိင္း စိတ္က်ေဝဒနာ ခံစားရၿပီး အရက္ေက်းကၽြန္ျဖစ္ခဲ့တဲ့ ဆယ္ေက်ာ္သက္ တစ္ဦးဟာ အျမင္မွန္ ျပန္ရလာခ်ိန္မွာ သူ႔ဘဝကုိ ျပဳျပင္ရင္းနဲ႔ အရည္အခ်င္း ျပည့္မီတဲ့ ဆရာဝန္တစ္ေယာက္ ျဖစ္သြားခဲ့ပါတယ္။

ဂ်ဳိးဘာတန္ဟာ အသက္ ၁၄ ႏွစ္အရြယ္မွာ GCSE(အဂၤလန္ႏုိင္ငံရဲ႕ အလယ္တန္း ပညာေရး)ေအာင္လက္မွတ္မရဘဲ ေက်ာင္းထြက္ခဲ့ပါတယ္။ သူ႔အေမကလည္း စိတ္က်န္းမာေရး မေကာင္းသူပါ။ စိတ္မခ်မ္းသာစရာေတြခ်ည္းပဲ ႀကံဳခဲ့ရတဲ့ ဂ်ဳိးဘာတန္ဟာ စိတ္က်ေဝဒနာ ခံစားခဲ့ရၿပီး လမ္းမွားေရာက္သြားခဲ့ပါတယ္။ ေန႔တုိင္း အရက္ပဲေသာက္ၿပီး အခ်ိန္ကုန္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ဂ်ဳိးဘာတန္ဟာ ဟာလုိးၿမိဳ႕နယ္မွာ ”ျပႆနာ ရွာတတ္တဲ့ ေကာင္မေလး”လုိ႔ နာမည္ထြက္လာခဲ့ပါတယ္။ သူ႔ဘဝကုိ ျပင္ဆင္သင့္ၿပီလုိ႔ အေတြးဝင္လာတဲ့ေနာက္မွာေတာ့ ဂ်ဳိးဘာတန္ကအလုပ္လုိက္ရွာခဲ့ပါတယ္။ အလယ္တန္းေက်ာင္းေတာင္ မေအာင္ခဲ့တဲ့ သူ႔အတြက္ စားပြဲထုိး အလုပ္ကလြဲၿပီး တျခားအလုပ္ မေတြ႕ခဲ့ပါဘူး။

စားေသာက္ဆုိင္မွာ စားပြဲထုိး ဝင္လုပ္ေတာ့ သူ႔အသက္ ၁၇ ႏွစ္အရြယ္ ရွိေနပါၿပီ။ စားပြဲထုိးအလုပ္ ဝင္လုပ္ရာမွာ အဆင္မေျပလုိ႔ သီတင္းပတ္ ၄ ပတ္ အၾကာမွာပဲ အလုပ္ရွင္က သူ႔ကုိ အလုပ္ထုတ္လုိက္ပါတယ္။ (စားပြဲထုိးအလုပ္က အဆင္မေျပေပမယ့္ အဲဒီမွာ သူ႔ရဲ႕ဖူးစာရွင္နဲ႔ ဆုံေတြ႕ခဲ့ပါတယ္)

ဘြဲ႕လက္မွတ္၊ အသိအမွတ္ျပဳလက္မွတ္ တစ္ခုမွ မရွိတဲ့ ဂ်ဳိးဘာတန္ဟာ အလုပ္ေၾကာ္ျငာေတြ ဖတ္ရင္းနဲ႔ က်န္းမာေရးေစာင့္ေရွာက္တဲ့ အလုပ္ဝင္လုပ္ဖုိ႔ စိတ္ကူးရခဲ့ပါတယ္။ က်နး္မာေရးေစာင့္ေရွာက္တဲ့အလုပ္ေခၚ ေၾကာ္ျငာေတြမွာ အေတြ႕အႀကံဳမလုိဘူးလုိ႔ ေရးထားလုိ႔ သူ အဲဒီလုိ စိတ္ကူးခဲ့တာပါ။ သိပ္မၾကာခင္မွာပဲ စိန္႔ကက္သရင္းရဲ႕ ေစာင့္ေရွာက္ေရး ေဂဟာမွာ က်န္းမာေရးေစာင့္ေရွာက္မႈအကူအျဖစ္ အလုပ္ဝင္ လုပ္ခဲ့ပါတယ္။ အဲဒီမွာ အလုပ္လုပ္ေနရင္းနဲ႔ က်န္းမာေရးေစာင့္ဆုိင္မႈ ဆုိင္ရာ အသိအမွတ္ျပဳလက္မွတ္ National Vocational Qualification (NVQ) ရဖုိ႔ ေလ့က်င့္သင္ၾကားခဲ့ပါတယ္။

ႏွစ္ႏွစ္အၾကာမွာေတာ့ NVQ လက္မွတ္ရခဲ့သလုိ အဂၤလိပ္နဲ႔ သခ်ၤာဘာသာရပ္ေတြ ကၽြမ္းက်င္လာခဲ့ပါတယ္။ ေစာင့္ေရွာက္ေရးေဂဟာမွာအလုပ္လုပ္ရင္း ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈရွိလာတဲ့ ဂ်ဳိးဘာတန္ဟာ ေဆး႐ုံမွာ လူနာေတြကုိ ေစာင့္ေရွာက္ေပးတဲ့ အလုပ္ဘက္ကုိ
ဦးတည္ခဲ့ပါတယ္။ အဲဒါေၾကာင့္ အလက္ဇႏၵားမင္းသမီးေဆး႐ုံရဲ႕ X-ray ဌာနမွာ အခ်ိန္ပုိင္းအလုပ္ ဝင္လုပ္ခဲ့ၿပီး လန္ဒန္ၿမိဳ႕ ေျမာက္ပုိင္း အန္ဖီးလ္ၿမိဳ႕က ေကာလိပ္မွာ သူနာျပဳဘာသာရပ္ တက္ေရာက္ခဲ့ပါတယ္။

ေငြေရးေၾကးေရး အဆင္မေျပတဲ့ ဂ်ဳိးဘာတန္ဟာ အသက္ေမြး ဝမ္းေက်ာင္းနဲ႔ ပညာေရးကုိ ဟန္ခ်က္ညီေအာင္ ႀကိဳးစားရင္း သီတင္းပတ္တစ္ပတ္ကုိ နာရီ ၆၀ ၾကာ အလုပ္လုပ္ရတဲ့ အေနအထား ျဖစ္ခဲ့ပါတယ္။ သူနာျပဳဘာသာရပ္ တက္ေရာက္ခဲ့ရာမွာ ေနာက္ဆုံးႏွစ္က သူ႔အတြက္ အခက္ခဲဆုံးပါပဲ။

က်န္းမာေရး ျပန္ေကာင္းခါစျဖစ္လာခ်ိန္မွာ သူ႔အေမက ေဆးျပားေတြ ေသာက္ၿပီး အေျခအေန ျပန္ဆုိးသြားလုိ႔ စိတ္က်န္းမာေရးေဆး႐ုံမွာတစ္ေယာက္တညး္ သီးသန္႔ေနခဲ့ရပါတယ္။ အဲဒီအတြက္ ဂ်ဳိးဘာတန္ဟာ အလုပ္လုပ္လုိက္၊ သင္တန္းတက္လုိက္၊ အေမဆီ သြားၾကည္လုိက္နဲ႔ အားလပ္ခ်ိန္မရေအာင္ ျဖစ္ခဲ့ပါတယ္။

အလုပ္မအားတဲ့ၾကားကေန ပညာသင္ၾကားခဲ့ေပမယ့္ ဂ်ဳိးဘာတန္ တစ္ေယာက္ စာေမးပြဲေအာင္ျမင္ခဲ့ၿပီး ဘြဲ႕လက္မွတ္ ရရွိခဲ့ပါတယ္။သူ႔အေမကေတာ့ စုိးရိမ္စိတ္ေတြလြန္ကဲေနတဲ့အတြက္ သူ႔သမီး ဘြဲ႕ယူတဲ့ အခမ္းအနားကုိ မတက္ေရာက္ႏုိင္ခဲ့ပါဘူး။ ေဆးပညာဘက္ကုိစိတ္အားထက္သန္လာတဲ့ ဂ်ဳိးဘာတန္ဟာ ခြဲစိတ္မႈေတြလုပ္တာၾကည့္ရင္းနဲ႔ အရည္အခ်င္းျပည့္မီတဲ့ ဆရာဝန္တစ္ေယာက္ ျဖစ္လာဖုိ႔စိတ္အားထက္သန္ခဲ့ပါတယ္။

Access to Medicine(ေဆးပညာ ဘာသာရပ္)ေလ့လာဖုိ႔အတြက္ အရင္ဆုံးအေနနဲ႔ အလယ္တန္းအဆင့္ အဂၤလိပ္၊ သခ်ၤာ ေအာင္လက္မွတ္ရဖုိ႔ လုိပါတယ္။ အဲဒါေၾကာင့္ ဂ်ဳိးဘာတန္က အိမ္ကေန ေလ့လာၿပီး ေအာင္လက္မွတ္ရေအာင္ ႀကိဳးစားခဲ့ပါတယ္။ ေအာင္လက္မွတ္ရခ်ိန္မွာ ေဆးပညာ ဘာသာရပ္ တက္ေရာက္ဖုိ႔ ေလွ်ာက္ထားခဲ့ၿပီး ေနာဝစ္ခ်္ၿမိဳ႕ကုိ ေျပာင္းေရႊ႕ခဲ့ပါတယ္။

ဒါေပမဲ့ တကၠသုိလ္မွာ ေဆးပညာ ဘာသာရပ္ သင္ၾကားဖုိ႔ ေလွ်ာက္ထားမႈ မေအာင္ျမင္ခဲ့ပါဘူး။ အဲဒီအစား ဇီဝေဆးပညာဘာသာ သင္ၾကားခြင့္ေတာ့ ရႏုိင္မယ္လုိ႔ တကၠသုိလ္က အေၾကာင္းျပန္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ဂ်ဳိးဘာတန္ဟာ လန္ဒန္ၿမိဳ႕က စိန္႔ေဂ်ာ့ေဆး႐ုံမွာ ၆ ႏွစ္ၾကာသင္ယူရမယ့္ ေဆးပညာဘြဲ႕အတြက္ ေလွ်ာက္ထားခဲ့ရာမွာ ေအာင္ျမင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက သူ ဘြဲ႕ရခဲ့ၿပီး အခုအခ်ိန္မွာေတာ့ အလက္ဇႏၵားမင္းသမီးေဆး႐ုံမွာ အေရးေပၚေဆးအဖြဲ႕ ဆရာဝန္အျဖစ္ ေဆာင္ရြက္ေနပါၿပီ။ ဂ်ဳိးဘာတန္က အခုေတာ့ အသက္ ၃၁ ႏွစ္ ရွိေနပါၿပီ။

ခေရာငး္လမ္းလုိ ၾကမ္းတမ္းတဲ့ ဘဝမ်ဳိးကုိ ျဖတ္သန္းခဲ့ရတဲ့ ဂ်ဳိးဘာတန္ရဲ႕ ဘဝဟာ ေျပာခ်င္လြန္းလုိ႔ ပရိသတ္ေတြထဲက ႐ုန္းကန္လႈပ္ရွားေနသူအတြက္ အားတက္စရာ ျဖစ္ေစႏုိင္ဖုိ႔ ရည္ရြယ္ၿပီး ေရးသားေဖာ္ျပလုိက္တာပါ။

Unicode

အလယ်တန်း အောင်လက်မှတ်မရခင် ကျောင်းထွက်ခဲ့တဲ့နောက်ပိုင်း စိတ်ကျဝေဒနာ ခံစားရပြီး အရက်ကျေးကျွန်ဖြစ်ခဲ့တဲ့ ဆယ်ကျော်သက် တစ်ဦးဟာ အမြင်မှန် ပြန်ရလာချိန်မှာ သူ့ဘဝကို ပြုပြင်ရင်းနဲ့ အရည်အချင်း ပြည့်မီတဲ့ ဆရာဝန်တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

ဂျိုးဘာတန်ဟာ အသက် ၁၄ နှစ်အရွယ်မှာ GCSE(အင်္ဂလန်နိုင်ငံရဲ့ အလယ်တန်း ပညာရေး)အောင်လက်မှတ်မရဘဲ ကျောင်းထွက်ခဲ့ပါတယ်။ သူ့အမေကလည်း စိတ်ကျန်းမာရေး မကောင်းသူပါ။ စိတ်မချမ်းသာစရာတွေချည်းပဲ ကြုံခဲ့ရတဲ့ ဂျိုးဘာတန်ဟာ စိတ်ကျဝေဒနာ ခံစားခဲ့ရပြီး လမ်းမှားရောက်သွားခဲ့ပါတယ်။ နေ့တိုင်း အရက်ပဲသောက်ပြီး အချိန်ကုန်ခဲ့ပါတယ်။

အဲဒါကြောင့် ဂျိုးဘာတန်ဟာ ဟာလိုးမြို့နယ်မှာ ”ပြဿနာ ရှာတတ်တဲ့ ကောင်မလေး”လို့ နာမည်ထွက်လာခဲ့ပါတယ်။ သူ့ဘဝကို ပြင်ဆင်သင့်ပြီလို့ အတွေးဝင်လာတဲ့နောက်မှာတော့ ဂျိုးဘာတန်ကအလုပ်လိုက်ရှာခဲ့ပါတယ်။ အလယ်တန်းကျောင်းတောင် မအောင်ခဲ့တဲ့ သူ့အတွက် စားပွဲထိုး အလုပ်ကလွဲပြီး တခြားအလုပ် မတွေ့ခဲ့ပါဘူး။

စားသောက်ဆိုင်မှာ စားပွဲထိုး ဝင်လုပ်တော့ သူ့အသက် ၁၇ နှစ်အရွယ် ရှိနေပါပြီ။ စားပွဲထိုးအလုပ် ဝင်လုပ်ရာမှာ အဆင်မပြေလို့ သီတင်းပတ် ၄ ပတ် အကြာမှာပဲ အလုပ်ရှင်က သူ့ကို အလုပ်ထုတ်လိုက်ပါတယ်။ (စားပွဲထိုးအလုပ်က အဆင်မပြေပေမယ့် အဲဒီမှာ သူ့ရဲ့ဖူးစာရှင်နဲ့ ဆုံတွေ့ခဲ့ပါတယ်)

ဘွဲ့လက်မှတ်၊ အသိအမှတ်ပြုလက်မှတ် တစ်ခုမှ မရှိတဲ့ ဂျိုးဘာတန်ဟာ အလုပ်ကြော်ငြာတွေ ဖတ်ရင်းနဲ့ ကျန်းမာရေးစောင့်ရှောက်တဲ့ အလုပ်ဝင်လုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ကျန်းမာရေးစောင့်ရှောက်တဲ့အလုပ်ခေါ် ကြော်ငြာတွေမှာ အတွေ့အကြုံမလိုဘူးလို့ ရေးထားလို့ သူ အဲဒီလို စိတ်ကူးခဲ့တာပါ။ သိပ်မကြာခင်မှာပဲ စိန့်ကက်သရင်းရဲ့ စောင့်ရှောက်ရေး ဂေဟာမှာ ကျန်းမာရေးစောင့်ရှောက်မှုအကူအဖြစ် အလုပ်ဝင် လုပ်ခဲ့ပါတယ်။ အဲဒီမှာ အလုပ်လုပ်နေရင်းနဲ့ ကျန်းမာရေးစောင့်ဆိုင်မှု ဆိုင်ရာ အသိအမှတ်ပြုလက်မှတ် National Vocational Qualification (NVQ) ရဖို့ လေ့ကျင့်သင်ကြားခဲ့ပါတယ်။

နှစ်နှစ်အကြာမှာတော့ NVQ လက်မှတ်ရခဲ့သလို အင်္ဂလိပ်နဲ့ သင်္ချာဘာသာရပ်တွေ ကျွမ်းကျင်လာခဲ့ပါတယ်။ စောင့်ရှောက်ရေးဂေဟာမှာအလုပ်လုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတဲ့ ဂျိုးဘာတန်ဟာ ဆေးရုံမှာ လူနာတွေကို စောင့်ရှောက်ပေးတဲ့ အလုပ်ဘက်ကို
ဦးတည်ခဲ့ပါတယ်။ အဲဒါကြောင့် အလက်ဇန္ဒားမင်းသမီးဆေးရုံရဲ့ X-ray ဌာနမှာ အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့ပြီး လန်ဒန်မြို့ မြောက်ပိုင်း အန်ဖီးလ်မြို့က ကောလိပ်မှာ သူနာပြုဘာသာရပ် တက်ရောက်ခဲ့ပါတယ်။

ငွေရေးကြေးရေး အဆင်မပြေတဲ့ ဂျိုးဘာတန်ဟာ အသက်မွေး ဝမ်းကျောင်းနဲ့ ပညာရေးကို ဟန်ချက်ညီအောင် ကြိုးစားရင်း သီတင်းပတ်တစ်ပတ်ကို နာရီ ၆၀ ကြာ အလုပ်လုပ်ရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ သူနာပြုဘာသာရပ် တက်ရောက်ခဲ့ရာမှာ နောက်ဆုံးနှစ်က သူ့အတွက် အခက်ခဲဆုံးပါပဲ။

ကျန်းမာရေး ပြန်ကောင်းခါစဖြစ်လာချိန်မှာ သူ့အမေက ဆေးပြားတွေ သောက်ပြီး အခြေအနေ ပြန်ဆိုးသွားလို့ စိတ်ကျန်းမာရေးဆေးရုံမှာတစ်ယောက်တည်း သီးသန့်နေခဲ့ရပါတယ်။ အဲဒီအတွက် ဂျိုးဘာတန်ဟာ အလုပ်လုပ်လိုက်၊ သင်တန်းတက်လိုက်၊ အမေဆီ သွားကြည်လိုက်နဲ့ အားလပ်ချိန်မရအောင် ဖြစ်ခဲ့ပါတယ်။

အလုပ်မအားတဲ့ကြားကနေ ပညာသင်ကြားခဲ့ပေမယ့် ဂျိုးဘာတန် တစ်ယောက် စာမေးပွဲအောင်မြင်ခဲ့ပြီး ဘွဲ့လက်မှတ် ရရှိခဲ့ပါတယ်။သူ့အမေကတော့ စိုးရိမ်စိတ်တွေလွန်ကဲနေတဲ့အတွက် သူ့သမီး ဘွဲ့ယူတဲ့ အခမ်းအနားကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ဆေးပညာဘက်ကိုစိတ်အားထက်သန်လာတဲ့ ဂျိုးဘာတန်ဟာ ခွဲစိတ်မှုတွေလုပ်တာကြည့်ရင်းနဲ့ အရည်အချင်းပြည့်မီတဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာဖို့စိတ်အားထက်သန်ခဲ့ပါတယ်။

Access to Medicine(ဆေးပညာ ဘာသာရပ်)လေ့လာဖို့အတွက် အရင်ဆုံးအနေနဲ့ အလယ်တန်းအဆင့် အင်္ဂလိပ်၊ သင်္ချာ အောင်လက်မှတ်ရဖို့ လိုပါတယ်။ အဲဒါကြောင့် ဂျိုးဘာတန်က အိမ်ကနေ လေ့လာပြီး အောင်လက်မှတ်ရအောင် ကြိုးစားခဲ့ပါတယ်။ အောင်လက်မှတ်ရချိန်မှာ ဆေးပညာ ဘာသာရပ် တက်ရောက်ဖို့ လျှောက်ထားခဲ့ပြီး နောဝစ်ချ်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမဲ့ တက္ကသိုလ်မှာ ဆေးပညာ ဘာသာရပ် သင်ကြားဖို့ လျှောက်ထားမှု မအောင်မြင်ခဲ့ပါဘူး။ အဲဒီအစား ဇီဝဆေးပညာဘာသာ သင်ကြားခွင့်တော့ ရနိုင်မယ်လို့ တက္ကသိုလ်က အကြောင်းပြန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဂျိုးဘာတန်ဟာ လန်ဒန်မြို့က စိန့်ဂျော့ဆေးရုံမှာ ၆ နှစ်ကြာသင်ယူရမယ့် ဆေးပညာဘွဲ့အတွက် လျှောက်ထားခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက သူ ဘွဲ့ရခဲ့ပြီး အခုအချိန်မှာတော့ အလက်ဇန္ဒားမင်းသမီးဆေးရုံမှာ အရေးပေါ်ဆေးအဖွဲ့ ဆရာဝန်အဖြစ် ဆောင်ရွက်နေပါပြီ။ ဂျိုးဘာတန်က အခုတော့ အသက် ၃၁ နှစ် ရှိနေပါပြီ။

ခရောင်းလမ်းလို ကြမ်းတမ်းတဲ့ ဘဝမျိုးကို ဖြတ်သန်းခဲ့ရတဲ့ ဂျိုးဘာတန်ရဲ့ ဘဝဟာ ပြောချင်လွန်းလို့ ပရိသတ်တွေထဲက ရုန်းကန်လှုပ်ရှားနေသူအတွက် အားတက်စရာ ဖြစ်စေနိုင်ဖို့ ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here