ဆယ္ေက်ာ္သက္လူငယ္ေေတြ အႀကိဳက္ဆံုး အေမရိကန္ရုပ္သံ ဇာတ္လမ္းတြဲမ်ား

နည္းပညာေခတ္ႀကီးရဲ႕ ေဖ်ာ္ေျဖေရး က႑ဟာ တကယ္ကို အရိွဟုန္ေကာင္းစြာနဲ႔ စီးဆင္းေနပါတယ္။ အဲ့ဒီေရစီးေၾကာင္းထဲမွာေတာ့ ရုပ္သံ ဇာတ္လမ္တြဲေတြကလည္း အေရးႀကီးၿပီး တစ္ေထာင့္တစ္ေနရာကေန ဘဝအေမာေတြကို ေဖ်ေျဖာက္ေပးတာကေတာ့ အမွန္ပါပဲ။ ႏွစ္စဥ္ဇာတ္လမ္းတြဲမ်ားစြာကို ရုပ္သံခ်န္နယ္ေပါင္းမ်ားစြာကေန ရိုက္ကူးထုတ္လႊင့္ၾကေပမယ့္ ႏွစ္ရွည္လမ်ား Season ေတြ တစ္ခုၿပီးတစ္ခု ရိုက္ႏိုင္ဖို႔အတြက္ေတာ့ ဇာတ္လမ္းကို လူၾကည့္မ်ားဖို႔လိုအပ္ပါတယ္။ အခုက်ေနာ္တို႔ မိတ္ေဆြေတြကို တင္ဆက္ေပးသြားမယ့္ သတင္းကေတာ့ ဆယ္ေက်ာ္သက္ေတြ အႀကိဳက္ဆံုး ရုပ္သံဇာတ္လမ္းတြဲေတြပဲ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲေတြကေတာ့ Drama မဟုတ္ပဲ သိပၸံစိတ္ကူးယဥ္ဇာတ္လမ္းေတြနဲ႔ လွ်ိဳ႕ဝွက္သည္းဖိုေတြျဖစ္ရင္ ျဖစ္ေနပါလိမ့္မယ္။

Supernatural



Eric Kripke ဖန္တီးထားတဲ့ Supernatural ဇာတ္လမ္းတြဲကေတာ့ ဘယ္ေလာက္ေအာင္ျမင္မႈေတြ ရရိွေနတယ္ဆိုတာကေတာ့ ေျပာျပစရာ မလိုေလာက္ေအာင္ပါပဲ ။ CW ရဲ႕ အေအာင္ျမင္ဆံုး ရုပ္သံဇာတ္လမ္းတြဲတစ္ခုလို႔ေတာင္ေျပာလို႔ရပါတယ္။ Sam နဲ႔ Dean ဆိုတာ က်ေနာ္တို႔ TV ဖန္သားျပင္ႀကီးကို ၾကည့္ၿပီး တီးတိုးရင္ဖြင့္စရာ ဇာတ္ေကာင္ေတြ ျဖစ္တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ ဆယ့္ငါးႏွစ္နီးပါး ရပ္တည္ႏိုင္ခဲ့တဲ့ Super Natural ဇာတ္လမ္းတြဲကေတာ့ ဒီစာရင္းရဲ႕ ထိပ္ဆံုးမွာ ပါဝင္ေနပါတယ္။

Buffy The Vampire Slayer




Vampire ေတြ ဘယ္ေလာက္ေခတ္စားလဲဆိုတဲ့ အေၾကာင္းကိုေတာ့ က်ေနာ္တို႔ ေရးႀကီးခြင္က်ယ္ခ်ဲ႕ၿပီးေတာ့ေျပာျပေနစရာေတာင္မလိုပါဘူး။ ဒီစာရင္းမွာ ဒုတိယေနရာက ရပ္တည္ေနတဲ့ ဇာတ္လမ္းတြဲကေတာ့ Buffy Vampire Slayer ပဲျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲကိုေတာ့ ၁၉၉၇ ခုႏွစ္ကေန ၂၀၀၃ခုႏွစ္အထိ ထုတ္လႊင့္ျပသခဲ့တဲ့ သက္တမ္းရင့္ဇာတ္လမ္းတြဲတစ္ခုပါ။ ဒီစာရင္းရဲ႕ နံပါတ္၂ေနရာကို ရပ္တည္ထားတဲ့ဇာတ္လမ္းတြဲတစ္ခုပဲ ျဖစ္ပါတယ္။

Angel



ဇာတ္လမ္းတြဲရဲ႕ နာမည္ကိုၾကည့္လိုက္တာနဲ႔တင္ သဘာလြန္ ကိစၥေတြကို ရိုက္ကူးထားတဲ့ ဇာတ္လမ္းတစ္ခုျဖစ္မယ္ဆိုတာ သိသာရံုတင္မကပဲ Buffy The Vampire Slayer ဆိုတဲ့ဇာတ္လမ္းတြဲရဲ႕ Spin Off တစ္ခုလည္းျဖစ္ပါတယ္။ WB ထုတ္လုပ္ေရးကေနၿပီး ၁၉၉၉ ခုႏွစ္ကေန ၂၀၀၄ခုႏွစ္ထိ ရိုက္ကူးထုတ္လႊင့္ခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ဒီစာရင္းမွာ တတိယ ေနရာကို ပိုင္ဆိုင္ထားပါတယ္။

Teen Wolf

ဒီဇာတ္လမ္းတြဲကေတာ့ က်ေနာ္တို႔ ျမန္မာပရိသတ္ေတြနဲ႔လည္း သိပ္မစိမ္းတဲ့ ဇာတ္လမ္းတြဲတစ္ခုျဖစ္မွာပါ ။ အပိုင္းေပါင္း ၁၀၀ နီးပါးရိွၿပီး လူငယ္ေတြအႀကိဳက္ ရသစံုေပးစြမ္းႏိုင္တဲ့ဇာတ္လမ္းတြဲတစ္ခု ျဖစ္တယ္ဆိုတာကိုေတာ့ အားလံုးကို စီကာပတ္ကုံုးေျပာျပေနစရာကို သိပ္မလိုတဲ့ဇာတ္လမ္းပါ ။ အခုစာရင္းမွာေတာ့ နံပါတ္ ၄ေနရာမွာ ေရာက္ရိွေနပါတယ္။

The Flash

ဒီစာရင္းထဲမွာ ပါဝင္လာတဲ့ ေနာက္ထပ္ဇာတ္လမ္းတြဲတစ္ခုကလည္း WC ရဲ႕ ဇာတ္လမ္းတြဲတစ္ခုျဖစ္ၿပီး DC comic ရဲ႕ ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Flash အေၾကာင္းကို ရိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲျဖစ္ပါတယ္။ ခ်စ္ျခင္းေမတၱာ ၊ ဥာဏ္ပညာနဲ႔ လံု႔လစိုက္ထုတ္မႈေတြနဲ႔ စြမ္းအားေတြကို ဘယ္လိုအသံုးခ်ၿပီး လူသားေတြကို ဈ ကမၻာႀကီး ဘယ္လိုကယ္တင္သြားတဲ့ဆိုတဲ့အေၾကာင္းကို ရိုက္ျပသြားတဲ့ Flash ဇာတ္လမ္းတြဲကေတာ့ နံပါတ္ ၅ေနရာမွာ ေရာက္ရွိေနပါတယ္။

Unicode

နည်းပညာခေတ်ကြီးရဲ့ ဖျော်ဖြေရေး ကဏ္ဍဟာ တကယ်ကို အရှိဟုန်ကောင်းစွာနဲ့ စီးဆင်းနေပါတယ်။ အဲ့ဒီရေစီးကြောင်းထဲမှာတော့ ရုပ်သံ ဇာတ်လမ်တွဲတွေကလည်း အရေးကြီးပြီး တစ်ထောင့်တစ်နေရာကနေ ဘဝအမောတွေကို ဖျေဖြောက်ပေးတာကတော့ အမှန်ပါပဲ။ နှစ်စဉ်ဇာတ်လမ်းတွဲများစွာကို ရုပ်သံချန်နယ်ပေါင်းများစွာကနေ ရိုက်ကူးထုတ်လွှင့်ကြပေမယ့် နှစ်ရှည်လများ Season တွေ တစ်ခုပြီးတစ်ခု ရိုက်နိုင်ဖို့အတွက်တော့ ဇာတ်လမ်းကို လူကြည့်များဖို့လိုအပ်ပါတယ်။ အခုကျနော်တို့ မိတ်ဆွေတွေကို တင်ဆက်ပေးသွားမယ့် သတင်းကတော့ ဆယ်ကျော်သက်တွေ အကြိုက်ဆုံး ရုပ်သံဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲတွေကတော့ Drama မဟုတ်ပဲ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ လျှို့ဝှက်သည်းဖိုတွေဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။

Supernatural

Eric Kripke ဖန်တီးထားတဲ့ Supernatural ဇာတ်လမ်းတွဲကတော့ ဘယ်လောက်အောင်မြင်မှုတွေ ရရှိနေတယ်ဆိုတာကတော့ ပြောပြစရာ မလိုလောက်အောင်ပါပဲ ။ CW ရဲ့ အအောင်မြင်ဆုံး ရုပ်သံဇာတ်လမ်းတွဲတစ်ခုလို့တောင်ပြောလို့ရပါတယ်။ Sam နဲ့ Dean ဆိုတာ ကျနော်တို့ TV ဖန်သားပြင်ကြီးကို ကြည့်ပြီး တီးတိုးရင်ဖွင့်စရာ ဇာတ်ကောင်တွေ ဖြစ်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဆယ့်ငါးနှစ်နီးပါး ရပ်တည်နိုင်ခဲ့တဲ့ Super Natural ဇာတ်လမ်းတွဲကတော့ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။

Buffy The Vampire Slayer

Vampire တွေ ဘယ်လောက်ခေတ်စားလဲဆိုတဲ့ အကြောင်းကိုတော့ ကျနော်တို့ ရေးကြီးခွင်ကျယ်ချဲ့ပြီးတော့ပြောပြနေစရာတောင်မလိုပါဘူး။ ဒီစာရင်းမှာ ဒုတိယနေရာက ရပ်တည်နေတဲ့ ဇာတ်လမ်းတွဲကတော့ Buffy Vampire Slayer ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကိုတော့ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၃ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့တဲ့ သက်တမ်းရင့်ဇာတ်လမ်းတွဲတစ်ခုပါ။ ဒီစာရင်းရဲ့ နံပါတ်၂နေရာကို ရပ်တည်ထားတဲ့ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

Angel

ဇာတ်လမ်းတွဲရဲ့ နာမည်ကိုကြည့်လိုက်တာနဲ့တင် သဘာလွန် ကိစ္စတွေကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်မယ်ဆိုတာ သိသာရုံတင်မကပဲ Buffy The Vampire Slayer ဆိုတဲ့ဇာတ်လမ်းတွဲရဲ့ Spin Off တစ်ခုလည်းဖြစ်ပါတယ်။ WB ထုတ်လုပ်ရေးကနေပြီး ၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ခုနှစ်ထိ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ဒီစာရင်းမှာ တတိယ နေရာကို ပိုင်ဆိုင်ထားပါတယ်။

Teen Wolf

ဒီဇာတ်လမ်းတွဲကတော့ ကျနော်တို့ မြန်မာပရိသတ်တွေနဲ့လည်း သိပ်မစိမ်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်မှာပါ ။ အပိုင်းပေါင်း ၁၀၀ နီးပါးရှိပြီး လူငယ်တွေအကြိုက် ရသစုံပေးစွမ်းနိုင်တဲ့ဇာတ်လမ်းတွဲတစ်ခု ဖြစ်တယ်ဆိုတာကိုတော့ အားလုံးကို စီကာပတ်ကုံးပြောပြနေစရာကို သိပ်မလိုတဲ့ဇာတ်လမ်းပါ ။ အခုစာရင်းမှာတော့ နံပါတ် ၄နေရာမှာ ရောက်ရှိနေပါတယ်။

The Flash

ဒီစာရင်းထဲမှာ ပါဝင်လာတဲ့ နောက်ထပ်ဇာတ်လမ်းတွဲတစ်ခုကလည်း WC ရဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး DC comic ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Flash အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာ ၊ ဉာဏ်ပညာနဲ့ လုံ့လစိုက်ထုတ်မှုတွေနဲ့ စွမ်းအားတွေကို ဘယ်လိုအသုံးချပြီး လူသားတွေကို ဈ ကမ္ဘာကြီး ဘယ်လိုကယ်တင်သွားတဲ့ဆိုတဲ့အကြောင်းကို ရိုက်ပြသွားတဲ့ Flash ဇာတ်လမ်းတွဲကတော့ နံပါတ် ၅နေရာမှာ ရောက်ရှိနေပါတယ်။