ဆံပင္ကိုျကည့္ျပီး ခ်စ္သူရဲ႕ စိတ္ေနစိတ္ထားကို ခန္႔မွန္းမယ္

0
123

လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားနဲ႔ က်န္းမာေရးအေျခအေနကို ေခါင္းေပၚကဆံပင္ကိုျကည့္ျပီးအကဲခတ္လို႔ရပါတယ္။ ဘယ္လိုဆံုးျဖတ္လည္းဆိုေတာ႔ ဆံပင္အေမႊအမွ်င္၊အျကမ္း အႏု၊ ဆံလံုးဆံသားတို႔ကိုျကည့္ျပီး ဆံုးျဖတ္ရတာပါ။ဆံပငအေရာင္ဆိုတာနဲ႔ လူတိုင္းကအနက္ေရာင္ပဲရိွျကတယ္လို႔ ထင္ျကပါတယ္။ တကယ္ေတာ႔ ဒီအေျဖဟာ မတိက်ပါဘူး။

ခႏၵာေဗဒပညာရွင္ေတြကေတာ႔ က်န္းမာေရးအေျပာင္းအလဲ၊ရာသီဥတုအေျခအေနေတြေျကာင့္ ဆံပင္ေတြဟာ အေရာင္ေရာ ဆံသားေတြပါ ေျပာင္းလဲတတ္ျကတယ္လို႔ ဆိုပါတယ္။ ဒီေတာ႔ကိုယ္ခ်စ္သူဟာ ဘယ္လိုစိတ္ေနစိတ္ထားရိွတယ၊္ကိုယ္ကေရာဘယ္လိုလူအမ်ိဴးအစားထဲပါတယ္ဆိုတာကို ဆံပင္ေလးျကည့္ျပီးခန္႔မွန္းျကရေအာင္…။

ေခြလိပ္ဆံပင္

ဆံပင္က ေျဖာင့္တန္းမေနဘဲ ေခြေခြေလးေတြျဖစ္ေနတဲ႔ ဆံပင္ပိုင္ရွင္ဆိုရင္ေတာ႔ အသက္ဓာတ္အားေကာင္းတတ္ျကပါတယ္။ ဒီလို သဘာ၀အတိုင္း ေခြေခြေလးလိပ္ေနရျခင္းဟာ ေတေဇာအပူဓာတ္အားေကာင္းလို႔ပါ။ ဒီေတာ႔ ေခြလိပ္ဆံပင္ရိွတဲ႔သူေတြဟာ က်န္းမားေရးေကာင္းတတ္ျကျပီး အလုပ္လုပ္ရာမွာလည္း ဖ်တ္ဖ်တ္လတ္လတ္ရိွတတ္ျကပါတယ္။

ေျဖာင့္ျဖဴးဆံပင္

ဆံသားေလးေတြဟာ ေခြလိပ္မေနဘဲ သဘာ၀အတိုင္းေျဖာင့္ျဖဴးေနတယ္ဆိုရင္ေတာ႔ အမူအက်င့္က တည္တည္ျကည္ျကည္ရိွတတ္ျကပါတယ္။ ဆံသားေျဖာင့္တဲ့အျပင္ ဆံပင္ကလည္းျကမ္းမယ္ဆိုရင္ေတာ႔ ခြန္အားပါျကီးမားတတ္ျကပါတယ္။ ဆံပင္ေျဖာင့္ျပီး ဆံသားျကမ္းတဲ့သူဆိုရင္ မိန္းခေလးပင္ျဖစ္လင့္ကစား ေယာက်ၤားဆန္ဆန္၊တြန္းရဲတိုက္ရဲနဲ႔ ရဲရဲရင့္ရင့္ရိွတတ္တဲ႔ သဘာ၀ကိုေဆာင္တတ္ပါတယ္။

ေနာက္တစ္ခုကေတာ႔ ဆံပင္အေရာင္ကိုျကည့္ျပီးလူကဲခတ္နည္းပါ။

အနီေရာင္ဆံပင္

ေဆးဆိုးထားလို႔မဟုတ္ဘဲ သဘာ၀အတိုင္း ဆံသားက နီေျကာင္ေျကာင္ျဖစ္ေနတဲ႔သူေတြရဲ႕ စိတ္က စိတ္ျမန္လက္ျမန္ ရိွတတ္ျကပါတယ္။ ထစ္ခနဲဆိုေဒါသထြက္လြယ္တာ သူတို႔ပါပဲ။ ဒါေပမဲ့ ေဒါသေျပလြယ္တာလည္း သူတို႔ပါပဲ။ ခဏခဏစိတ္ေကာက္တတ္သလို ေခ်ာ႔ရင္လည္း ခဏေလးနဲ႔ စိတ္ေကာက္ေျပသြားတတ္တဲ့သူေတြပါ။ အခဲမေက်တာေတာ့ ရန္ျငိဳးဖြဲ႔တာတို႔မရိွတဲ႔သူေတြပါပဲ။

ေရႊေရာင္ဆံပင္

ေရႊေရာင္ဘက္သန္းတဲ႔ ဆံပင္ရိွတဲ႔သူေတြကေတာ႔ စိတ္ႏူးညံ့ျကပါတယ္။ စိတ္ေပ်ာ႔တယ္ဆိုရင္လည္းမမွားပါဘူး။ သူတို႔က ေဒါသမထြက္တတ္ျကသလို စိတ္သေဘာထားကလည္း ေပ်ာ႔ေျပာင္းတဲ့သူေတြပါ။

အနက္ေရာင္ဆံပင္

ဆံသားဟာ သဘာ၀အတိုင္းနက္ေမွာင္ေနတယ္ဆိုရင္ေတာ႔ ဒီလူဟာ က်န္းမာေရးေကာင္းတဲ႔သူလို႔ေျပာလို႔ရပါတယ္။ သန္သန္စြမ္းစြမ္းရိွျကျပီး ခြန္အားအျပည့္ရိွတဲ့သူမ်ိဴးပါ။ စိတ္ရင္းလည္းေကာင္းတတ္ျကပါတယ္။ ဒါေပမဲ့သူတို႔ရဲ႕ မေကာင္းတဲ့အခ်က္က ရန္ျငိဳးထားတတ္တာပါပဲ။ သူနဲ႔ တစ္ခါျပႆနာျဖစ္ဖူးရင္ အဲ့လူကိုေတာ္ေတာ္နဲ႔ အခဲမေက်ေတာ႔ပါဘူး။

အညိဳေရာင္ဆံပင္

အညိဳေရာင္ဆံပင္ရိွတဲ႔သူေတြကေတာ႔ လူေတြနဲ႔ တည့္ေအာင္ေပါင္းတတ္တဲ့သူေတြပါ။ ပတ္၀န္းက်င္နဲ႔ လိုက္ေလ်ာညီေထြေနတတ္ျကပါတယ္။ ျငိမ္းခ်မ္းေရးသမားပါပဲ။ဒါေပမဲ့သူတို႔ေတြက ဦးေဆာင္ဦးရြက္ေတာ႔မလုပ္ခ်င္ျကပါဘူး။ တစ္ဦးတည္းေအးေအးေဆးေဆးေနခ်င္တဲ႔လူမ်ိဴးေတြပါ။

ကဲ ဒီေတာ႔ ကိုယ္ကဘယ္လိုလူလဲ?ဆိုတာကို ကိုယ့္ခ်စ္သူသိေအာင္ Mentionေလးေခၚျပီးျပလိုက္ေပါ့။ ေနာက္ျပီး ကိုယ္ခ်စ္သူရဲ႕ စိတ္ေနစိတ္ထားကိုလည္း ဆံပင္ကိုျကည့္ျပီး ခန္႔မွန္းလို႔ရသြားတာေပါ့။

Unicode

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ ကျန်းမာရေးအခြေအနေကို ခေါင်းပေါ်ကဆံပင်ကိုကြည့်ပြီးအကဲခတ်လို့ရပါတယ်။ ဘယ်လိုဆုံးဖြတ်လည်းဆိုတော့ ဆံပင်အမွှေအမျှင်၊အကြမ်း အနု၊ ဆံလုံးဆံသားတို့ကိုကြည့်ပြီး ဆုံးဖြတ်ရတာပါ။ဆံပငအရောင်ဆိုတာနဲ့ လူတိုင်းကအနက်ရောင်ပဲရှိကြတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဒီအဖြေဟာ မတိကျပါဘူး။

ခန္ဒာဗေဒပညာရှင်တွေကတော့ ကျန်းမာရေးအပြောင်းအလဲ၊ရာသီဥတုအခြေအနေတွေကြောင့် ဆံပင်တွေဟာ အရောင်ရော ဆံသားတွေပါ ပြောင်းလဲတတ်ကြတယ်လို့ ဆိုပါတယ်။ ဒီတော့ကိုယ်ချစ်သူဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတယ၊်ကိုယ်ကရောဘယ်လိုလူအမျိူးအစားထဲပါတယ်ဆိုတာကို ဆံပင်လေးကြည့်ပြီးခန့်မှန်းကြရအောင်…။

ခွေလိပ်ဆံပင်

ဆံပင်က ဖြောင့်တန်းမနေဘဲ ခွေခွေလေးတွေဖြစ်နေတဲ့ ဆံပင်ပိုင်ရှင်ဆိုရင်တော့ အသက်ဓာတ်အားကောင်းတတ်ကြပါတယ်။ ဒီလို သဘာဝအတိုင်း ခွေခွေလေးလိပ်နေရခြင်းဟာ တေဇောအပူဓာတ်အားကောင်းလို့ပါ။ ဒီတော့ ခွေလိပ်ဆံပင်ရှိတဲ့သူတွေဟာ ကျန်းမားရေးကောင်းတတ်ကြပြီး အလုပ်လုပ်ရာမှာလည်း ဖျတ်ဖျတ်လတ်လတ်ရှိတတ်ကြပါတယ်။

ဖြောင့်ဖြူးဆံပင်

ဆံသားလေးတွေဟာ ခွေလိပ်မနေဘဲ သဘာဝအတိုင်းဖြောင့်ဖြူးနေတယ်ဆိုရင်တော့ အမူအကျင့်က တည်တည်ကြည်ကြည်ရှိတတ်ကြပါတယ်။ ဆံသားဖြောင့်တဲ့အပြင် ဆံပင်ကလည်းကြမ်းမယ်ဆိုရင်တော့ ခွန်အားပါကြီးမားတတ်ကြပါတယ်။ ဆံပင်ဖြောင့်ပြီး ဆံသားကြမ်းတဲ့သူဆိုရင် မိန်းခလေးပင်ဖြစ်လင့်ကစား ယောကျင်္ားဆန်ဆန်၊တွန်းရဲတိုက်ရဲနဲ့ ရဲရဲရင့်ရင့်ရှိတတ်တဲ့ သဘာဝကိုဆောင်တတ်ပါတယ်။

နောက်တစ်ခုကတော့ ဆံပင်အရောင်ကိုကြည့်ပြီးလူကဲခတ်နည်းပါ။

အနီရောင်ဆံပင်

ဆေးဆိုးထားလို့မဟုတ်ဘဲ သဘာဝအတိုင်း ဆံသားက နီကြောင်ကြောင်ဖြစ်နေတဲ့သူတွေရဲ့ စိတ်က စိတ်မြန်လက်မြန် ရှိတတ်ကြပါတယ်။ ထစ်ခနဲဆိုဒေါသထွက်လွယ်တာ သူတို့ပါပဲ။ ဒါပေမဲ့ ဒေါသပြေလွယ်တာလည်း သူတို့ပါပဲ။ ခဏခဏစိတ်ကောက်တတ်သလို ချော့ရင်လည်း ခဏလေးနဲ့ စိတ်ကောက်ပြေသွားတတ်တဲ့သူတွေပါ။ အခဲမကျေတာတော့ ရန်ငြိုးဖွဲ့တာတို့မရှိတဲ့သူတွေပါပဲ။

ရွှေရောင်ဆံပင်

ရွှေရောင်ဘက်သန်းတဲ့ ဆံပင်ရှိတဲ့သူတွေကတော့ စိတ်နူးညံ့ကြပါတယ်။ စိတ်ပျော့တယ်ဆိုရင်လည်းမမှားပါဘူး။ သူတို့က ဒေါသမထွက်တတ်ကြသလို စိတ်သဘောထားကလည်း ပျော့ပြောင်းတဲ့သူတွေပါ။

အနက်ရောင်ဆံပင်

ဆံသားဟာ သဘာဝအတိုင်းနက်မှောင်နေတယ်ဆိုရင်တော့ ဒီလူဟာ ကျန်းမာရေးကောင်းတဲ့သူလို့ပြောလို့ရပါတယ်။ သန်သန်စွမ်းစွမ်းရှိကြပြီး ခွန်အားအပြည့်ရှိတဲ့သူမျိူးပါ။ စိတ်ရင်းလည်းကောင်းတတ်ကြပါတယ်။ ဒါပေမဲ့သူတို့ရဲ့ မကောင်းတဲ့အချက်က ရန်ငြိုးထားတတ်တာပါပဲ။ သူနဲ့ တစ်ခါပြဿနာဖြစ်ဖူးရင် အဲ့လူကိုတော်တော်နဲ့ အခဲမကျေတော့ပါဘူး။

အညိုရောင်ဆံပင်

အညိုရောင်ဆံပင်ရှိတဲ့သူတွေကတော့ လူတွေနဲ့ တည့်အောင်ပေါင်းတတ်တဲ့သူတွေပါ။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်ကြပါတယ်။ ငြိမ်းချမ်းရေးသမားပါပဲ။ဒါပေမဲ့သူတို့တွေက ဦးဆောင်ဦးရွက်တော့မလုပ်ချင်ကြပါဘူး။ တစ်ဦးတည်းအေးအေးဆေးဆေးနေချင်တဲ့လူမျိူးတွေပါ။

ကဲ ဒီတော့ ကိုယ်ကဘယ်လိုလူလဲ?ဆိုတာကို ကိုယ့်ချစ်သူသိအောင် Mentionလေးခေါ်ပြီးပြလိုက်ပေါ့။ နောက်ပြီး ကိုယ်ချစ်သူရဲ့ စိတ်နေစိတ်ထားကိုလည်း ဆံပင်ကိုကြည့်ပြီး ခန့်မှန်းလို့ရသွားတာပေါ့။