ဇာတ်ကားတိုင်းမှာ မက်ဆေ့ခ်ျပါဖို့ မျှော်လင့်လို့ မရဘူးဆိုတဲ့ ကျော်ကျော်ဗို

0
69

ကျော်ကျော်ဗို တစ်ယောက် မြန်မာပေါကားတွေကို ရှုံ့ချသလိုလိုနဲ့ “ကျွန်တော်ရှက်လို့” ဆိုတဲ့ ဗီဒီယိုလေးကိုတင်ပြီး ဝေဖန်ခဲ့ပေမဲ့ တကယ်တမ်း သူကိုယ်တိုင်ကတော့ “ဟောက်စား” ဆိုတဲ့ ဟာသကားကို တင်လိုက်ပြန်ပါပြီ။ မက်ဆေ့ခ်ျ တိတိကျကျ ရေရေရာရာ မပါဘဲ အပျော်သဘောနဲ့ ဟာသနှောတဲ့ ရုံတင်ကားကို မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသလိုက်ချိန်မှာတော့ ကျော်ကျော်ဗိုလ် တစ်ယောက် ဇာတ်ကားနဲ့ ပတ်သက်ပြီး ခုလို ပြောသွားပါတယ်။

“ကျွန်တော်ကတော့ ဒီဇာတ်ကားမှာ မြို့ကနေ ရွာကို ရောက်လာတယ်။ လူလည်ပေါ့။ လူလည် ဘယ်လောက်ထိ ကျလဲဆိုရင် ဂျင်းထည့်ဖို့ တစ်ခုပဲ ကြိုးစားနေတာပေါ့နော်။ အဓိကက ပရိသတ်ကို ရယ်မော ပျော်ရွှင်စေဖို့ ရည်ရွယ်ချက် ထားထားတဲ့အတွက် ဖန်တီးထားတဲ့ ကားလေးဆိုရင်တော့ ပရိသတ်ကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ရွှင်ရဖို့က အဓိကပေါ့။

ဇာတ်ကားတိုင်းမှာ မက်ဆေ့ခ်ျပါဖို့တော့ မရှိဘူး။ ပရိသတ်တွေကလည်း ဇာတ်ကားတိုင်းမှာ မက်ဆေ့ခ်ျပါဖို့ မျှော်လင့်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီကားအမျိုးအစားကတော့ ရုံထဲဝင်မယ် ကြည့်မယ် ရယ်မယ် မောမယ် ဒီလောက်ပါပဲ။ Entertainment တစ်ခုတည်း ပါပဲ။

အဓိကကတော့ ပရိသတ်တွေဆီ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ အနုပညာကို နစ်နစ်နဲနဲ ရသမြောက်အောင် မက်ဆေ့ခ်ျပေးတာ ရှိသလို ပေါ့ပေါ့ပါးပါးနဲ့လည်း ဖန်တီးပါတယ်။ ဒီကားအမျိုးအစားကတော့ ပရိသတ်တွေ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရတဲ့ ဇာတ်ကားပါပဲ။ Bo Bo Entertainment ကလည်း သေချာလေး ပြင်ဆင်ထားပေးတယ်ဆိုတော့ ဝမ်းသာပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ကျော်ကျော်ဗိုကတော့ ဟောက်စားရုပ်ရှင်အတွက် ရင်ခုန်နေသလို နောက်ထပ်လာမယ့် “နှင်းဆီပုဝါ ခြုံတဲ့လက်” အငြိမ့်အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။