ဇိမ္ခံအိမ္သစ္ႀကီးထဲမွာ သီးသန္႔ပါတီက်င္းပဖို႔ေနရာထည့္သြားေတာ့မယ့္ Ed sheeran

အသက္​ ၂၈ ႏွစ္​အရြယ္​ မီလ်ံနာ ကမၻာအဆို​ေတာ္​ႀကီး အက္​႐ွီရန္​ဟာ ​ေပါင္​သန္​း ၁၆၀ အထိ ႂကြယ္​ဝခ်မ္​းသာသူတစ္​ဦးျဖစ္​သလို Suffolk ​ေက်းလက္​​ေဒသမွာ ​ေပါင္​ ၃.၇ သန္​း တန္​ဖိုး႐ွိ ၿမိဳ႕ျပင္​ ဇိမ္ခံ​​အိမ္​ႀကီးရခိုင္​ႀကီးတစ္​ခုကို ဝယ္​ယူပိုင္​ဆိုင္​ထားတာျဖစ္​ပါတယ္​။

သူဟာ အခုခ်ိန္​မွာ အဲ့ဒီဇိမ္ခံ​အိမ္​ႀကီးထဲ Landcaster Lock ဆိုတဲ့ အရက္​ဘီယာဘား​ေလးတစ္​ခုကို ထည္​့သြင္​းတည္​​ေဆာက္​ထားျပ​ီး Lancaster ဆိုတဲ့အမည္​ဟာ သူ႕ရဲ႕ဇနီးသည္​ ခ်ယ္​ရီလန္​ကက္​စတာကို အစြဲျပဳၿပီး​ေပးထားတဲ့နာမည္​လို႔သိရပါတယ္​။



လက္​႐ွိမွာ​ေတာ့ အက္​႐ွီရန္​ဟာ ဇိမ္​ခံအိမ္​ႀကီးအတြင္​း အရက္​ဘား​ေလးရဲ႕​ေဘးမွာ ပါတီပြဲ​က်င္​းပ​ရာ​ေနရာ​ေလးတစ္​ခုကို သတ္​သတ္​မွတ္​မွတ္​ တည္​​ေဆာက္​ဖို႔ခြင္​့ျပဳခ်က္​ရ႐ွိသြားခဲ့ၿပီလို႔ သိရသလို ​ေဒသတာဝန္​႐ွိသူ​ေတြကလဲ ဒီလိုပါတီ​ေနရာ​ေလးတစ္​ခု စီစဥ္​ရျခင္​းဟာ ပတ္​ဝန္​းက်င္​ကိုအ​ေႏွာင္​့အယွက္​ျဖစ္​​ေစမွာမဟုတ္​လို႔ ခြင္​့ျပဳခဲ့ျခင္​းျဖစ္​တယ္​လို႔ ဆိုပါတယ္​။




အဲ့ဒီ ဇိမ္​ခံအိမ္​ႀကီးထဲမွာ အိမ္​တြင္​း​​ ဇိမ္​ခံ​ေရကူးကန္​​ပါဝင္​သလို အခန္​း​ေလးခန္​း႐ွိတဲ့ သစ္​ဝါးအိမ္​ငယ္​​ေလးလဲပါဝင္​တယ္​လို႔သိရပါတယ္​။ ဒါအျပင္​့ ​ေရပူ​ေရ​ေအးစိမ္​ကန္​နဲ႔ အိမ္​အနီးနားက လယ္​ကြင္​းထဲမွာ႐ွိတဲ့ အထူးျမစ္​​ေရကန္​​ေလးတစ္​ခုကလဲ ၾကည္​ႏူးစဖြယ္​တြဲဖက္​ပါဝင္​​ေန​ေသးတာပါ။

အက္​႐ွီရန္​ရဲ႕အစီအစဥ္​အရ ပါတီက်င္​းပမယ္​့​ေနရာမွာ ဘား​ေလးတစ္​ခုထည္​့သြင္​းသြားမွာျဖစ္​သလို ပီဇာဖုတ္​စက္​​ေလးနဲ႔အတူ အသားကင္​ရာ​ေနရာႏွစ္​ခု ပါဝင္​လာမွာျဖစ္​ပါတယ္​။



အက္​႐ွီရန္​ဟာ ကမၻာ​ေက်ာ္​တစ္​ဦးျဖစ္​​ခဲ့ၿပီးတဲ့အခ်ိန္​ ပရိသတ္​​ေတြၾကား​​ေရပန္​းစားလို႔သဲသဲလႈပ္​​ေအာင္​ျမင္​ခဲ့ၿပီး​ေနာက္​မွာ ​ေက်ာ္​ၾကားမႈဖိစီးဒဏ္​အရ စိတ္​က်​ေဝဒနာကိုခံစားခဲ့ရၿပီး လူ​ေတြနဲ႔ထိ​ေတြ႕ဆက္​ဆံရမွာ ထိတ္​လန္​႔လာတဲ့အထိျဖစ္​ခဲ့သလို အိမ္​အျပင္​ထြက္​ဖို႔​ေတာင္​​ေၾကာက္​ရြံ႕​ေနခဲ့ရတဲ့အ​ေၾကာင္​း ကိုယ္​တိုင္​ဖြင္​့ဟဝန္​ခံဖူးခဲ့သူလဲျဖစ္​ပါတယ္​။

Unicode

အသက် ၂၈ နှစ်အရွယ် မီလျံနာ ကမ္ဘာအဆိုတော်ကြီး အက်ရှီရန်ဟာ ပေါင်သန်း ၁၆၀ အထိ ကြွယ်ဝချမ်းသာသူတစ်ဦးဖြစ်သလို Suffolk ကျေးလက်ဒေသမှာ ပေါင် ၃.၇ သန်း တန်ဖိုးရှိ မြို့ပြင် ဇိမ်ခံအိမ်ကြီးရခိုင်ကြီးတစ်ခုကို ဝယ်ယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူဟာ အခုချိန်မှာ အဲ့ဒီဇိမ်ခံအိမ်ကြီးထဲ Landcaster Lock ဆိုတဲ့ အရက်ဘီယာဘားလေးတစ်ခုကို ထည့်သွင်းတည်ဆောက်ထားပြီး Lancaster ဆိုတဲ့အမည်ဟာ သူ့ရဲ့ဇနီးသည် ချယ်ရီလန်ကက်စတာကို အစွဲပြုပြီးပေးထားတဲ့နာမည်လို့သိရပါတယ်။

လက်ရှိမှာတော့ အက်ရှီရန်ဟာ ဇိမ်ခံအိမ်ကြီးအတွင်း အရက်ဘားလေးရဲ့ဘေးမှာ ပါတီပွဲကျင်းပရာနေရာလေးတစ်ခုကို သတ်သတ်မှတ်မှတ် တည်ဆောက်ဖို့ခွင့်ပြုချက်ရရှိသွားခဲ့ပြီလို့ သိရသလို ဒေသတာဝန်ရှိသူတွေကလဲ ဒီလိုပါတီနေရာလေးတစ်ခု စီစဉ်ရခြင်းဟာ ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေမှာမဟုတ်လို့ ခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဇိမ်ခံအိမ်ကြီးထဲမှာ အိမ်တွင်း ဇိမ်ခံရေကူးကန်ပါဝင်သလို အခန်းလေးခန်းရှိတဲ့ သစ်ဝါးအိမ်ငယ်လေးလဲပါဝင်တယ်လို့သိရပါတယ်။ ဒါအပြင့် ရေပူရေအေးစိမ်ကန်နဲ့ အိမ်အနီးနားက လယ်ကွင်းထဲမှာရှိတဲ့ အထူးမြစ်ရေကန်လေးတစ်ခုကလဲ ကြည်နူးစဖွယ်တွဲဖက်ပါဝင်နေသေးတာပါ။

အက်ရှီရန်ရဲ့အစီအစဉ်အရ ပါတီကျင်းပမယ့်နေရာမှာ ဘားလေးတစ်ခုထည့်သွင်းသွားမှာဖြစ်သလို ပီဇာဖုတ်စက်လေးနဲ့အတူ အသားကင်ရာနေရာနှစ်ခု ပါဝင်လာမှာဖြစ်ပါတယ်။

အက်ရှီရန်ဟာ ကမ္ဘာကျော်တစ်ဦးဖြစ်ခဲ့ပြီးတဲ့အချိန် ပရိသတ်တွေကြားရေပန်းစားလို့သဲသဲလှုပ်အောင်မြင်ခဲ့ပြီးနောက်မှာ ကျော်ကြားမှုဖိစီးဒဏ်အရ စိတ်ကျဝေဒနာကိုခံစားခဲ့ရပြီး လူတွေနဲ့ထိတွေ့ဆက်ဆံရမှာ ထိတ်လန့်လာတဲ့အထိဖြစ်ခဲ့သလို အိမ်အပြင်ထွက်ဖို့တောင်ကြောက်ရွံ့နေခဲ့ရတဲ့အကြောင်း ကိုယ်တိုင်ဖွင့်ဟဝန်ခံဖူးခဲ့သူလဲဖြစ်ပါတယ်။