ဇူကာဘတ္လိုေအာင္ျမင္ခ်င္ရင္ မနက္တိုင္းဒါေလးေတြလုပ္

0
72

ေလာကၾကီးမွာ ေအာင္ျမင္တဲ့လူေတြရိွသလို၊ က်ရံႈးတဲ့လူေတြလည္း ရိွၾကတယ္။ ေအာင္ျမင္သူနဲ႔ က်ရံႈးသူဘယ္အခ်က္ေတြကြာတယ္ထင္ၾကလဲ။ ေအာင္ျမင္သူေတြမွာ ေကာင္းမြန္တဲ့အမႈအက်င့္ Mindset ေကာင္းမ်ားရိွျပီး က်ရ႔ႈးသူေတြမွာေတာ့ အေလ့အက်င့္ေကာင္းေတြမရိွပါဘူ။ ေအာင္ျမင္ခ်င္ရင္ေတာ့ မနက္တိုင္းဒီအခ်က္ေလးေတြကို လုပ္ေပးပါ။

(၁) မနက္တိုင္းတရားထုိုင္ေပးပါ။

ေအာင္ျမင္တဲ့သူအမ်ားစုဟာ မနက္တို္င္း နာရီ၀က္ (သို႔မဟုတ္) တစ္နာရီနီးပါးေလာက္တရားထိုင္ၾကတယ္လို႔ အင္တာဗ်ဳးအခ်ိဳ႕မွာေျဖၾကားေလ့ရိွပါတယ္။ တရားထိုင္ျခင္းဟာ စိတ္ကိုတည္ျငိမ္ေစျပီး အာရံုစူးစုိက္မႈကိုလည္း ေကာင္းမြန္ေစနိုင္ပါတယ္။ ေအာင္ျမင္္ခ်ရင္ေတာ့ မနက္တိုင္းတရားထိုင္ေပးဖို႔ အၾကံေပးလိုက္ရပါတယ္။ ျငိမ္းေအးမႈရဲ႕ အရသာကို သင္ခံစားရမွာလည္းျဖစ္ပါတယ္။

(၂) အားကစားတစ္ခုခုလုပ္ေပးပါ။

က်ေနာ္တို႔အားလံုးလိုလိုဟာ မနက္တိုင္းအိပ္ယာထတာနဲ႔ အားကစားတစ္ခုခုကို လုပ္ဖို ပ်င္းရိေနတတ္ၾကတယ္။ အိပ္ယာနိိုးနိုးခ်င္းအားကစားတစ္ခုခုလုပ္ေပးျခင္းဟာ တစ္ေန႔တာလံုးသင္စိတ္နဲ႔ ခႏၶာကိုယ္ကို လန္းဆန္းေစနိုင္ပါတယ္။

(၃) မနက္တိုင္းေရေသာက္ေပးပါ။

ေရေသာက္ဖို႔ ေမ့ေနတဲ့လူေတြရိွလား။ ေရတစ္ေန႔ကို တစ္ခြက္ေလာက္ေသာက္ဖို႔ေတာင္ ေမ့လ်ာ့ေနတတ္တဲ့သူေတြရိွလား။ ေရေသာက္ျခင္းဟာ သင့္က်န္မာေရးကို အေထာက္အကူျပဳတယ္ဆိုတာကိုး သင္သိျပီးျဖစ္မွာပါ။ သင့္က်န္မာေရးအတြက္ေတာ့ မနက္တိုင္းေရတစ္ခြက္မျဖစ္မေနေသာက္ေပးပါ။ အိပ္မက္ေတြအတြက္အလုပ္လုပ္ဖို႔ရာ က်န္းမာဖို႔လည္း လိုအပ္တယ္ေလ။

(၄) တစ္ေန႔တာအတြက္ အစီအစဥ္ေတြခ်ပါ။

မနက္အိပ္ယာနိုးျပီးဆိုတာနဲ႔ တစ္ေန႔တာအတြင္းလုပ္စရာရိွတာေတြကို စဥ္းစားပါ။ ဘာျပီးရင္ ဘာလုပ္ရမယ္ဆိုျပီး plan ခ်ၾကည့္ပါ။ သင့္တစ္ေနတာလံုး ေခ်ာေမြမႈကို ခံစားေစနိုင္မွာျဖစ္ပါတယ္။ အဆိုပါအက်င့္ေလးကို အခ်ိန္ေပးျပီး မနက္တိုင္းလုပ္ၾကည့္ပါ။

(၅) သတင္းစာဖတ္ပါ။

ဒီေခါင္းစဥ္ကိုျမင္ျပီးေတာ့ သင့္စိတ္နည္းနည္း ဘ၀င္မက်ျဖစ္သြားမွာပါ။ ဆိုရွယ္မီဒီယာေတြ က်ယ္ျပန္ေနတဲ့ေခတ္ၾကီးမွာ သတင္းစာလာဖတ္ခိုင္းတယ္ဆိုေတာ့။ ဆိုရွယ္မီဒီယာက စာအခ်ိဳ႔သတင္းအခ်ိဳ႔ဟာ အလံုးစံုမွန္ကန္မႈလည္း မရိွပါဘူး။ သင္နွစ္သက္တဲ့ Follow လုပ္ထားတဲ့သတင္းေတြသာ ေပၚမွာျဖစ္သျဖင့္ အလံုးစံုေတာ့ျပည့္စံုမႈမရိွပါဘူး။ ဒါေၾကာင့္ မနက္တိိုင္းသတင္းစာဖတ္ပါ။ သင္ဟာ ဗဟုသုတၾကြယ္၀လာပါလိမ့္မယ္။

Nanda Myint Ko

Unicode

လောကကြီးမှာ အောင်မြင်တဲ့လူတွေရှိသလို၊ ကျရှုံးတဲ့လူတွေလည်း ရှိကြတယ်။ အောင်မြင်သူနဲ့ ကျရှုံးသူဘယ်အချက်တွေကွာတယ်ထင်ကြလဲ။ အောင်မြင်သူတွေမှာ ကောင်းမွန်တဲ့အမှုအကျင့် Mindset ကောင်းများရှိပြီး ကျရှု့းသူတွေမှာတော့ အလေ့အကျင့်ကောင်းတွေမရှိပါဘူ။ အောင်မြင်ချင်ရင်တော့ မနက်တိုင်းဒီအချက်လေးတွေကို လုပ်ပေးပါ။

(၁) မနက်တိုင်းတရားထိုုင်ပေးပါ။

အောင်မြင်တဲ့သူအများစုဟာ မနက်တို်င်း နာရီဝက် (သို့မဟုတ်) တစ်နာရီနီးပါးလောက်တရားထိုင်ကြတယ်လို့ အင်တာဗျုးအချို့မှာဖြေကြားလေ့ရှိပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ကိုတည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အောင်မြင််ချရင်တော့ မနက်တိုင်းတရားထိုင်ပေးဖို့ အကြံပေးလိုက်ရပါတယ်။ ငြိမ်းအေးမှုရဲ့ အရသာကို သင်ခံစားရမှာလည်းဖြစ်ပါတယ်။

(၂) အားကစားတစ်ခုခုလုပ်ပေးပါ။

ကျနော်တို့အားလုံးလိုလိုဟာ မနက်တိုင်းအိပ်ယာထတာနဲ့ အားကစားတစ်ခုခုကို လုပ်ဖို ပျင်းရိနေတတ်ကြတယ်။ အိပ်ယာနိိုးနိုးချင်းအားကစားတစ်ခုခုလုပ်ပေးခြင်းဟာ တစ်နေ့တာလုံးသင်စိတ်နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းစေနိုင်ပါတယ်။

(၃) မနက်တိုင်းရေသောက်ပေးပါ။

ရေသောက်ဖို့ မေ့နေတဲ့လူတွေရှိလား။ ရေတစ်နေ့ကို တစ်ခွက်လောက်သောက်ဖို့တောင် မေ့လျာ့နေတတ်တဲ့သူတွေရှိလား။ ရေသောက်ခြင်းဟာ သင့်ကျန်မာရေးကို အထောက်အကူပြုတယ်ဆိုတာကိုး သင်သိပြီးဖြစ်မှာပါ။ သင့်ကျန်မာရေးအတွက်တော့ မနက်တိုင်းရေတစ်ခွက်မဖြစ်မနေသောက်ပေးပါ။ အိပ်မက်တွေအတွက်အလုပ်လုပ်ဖို့ရာ ကျန်းမာဖို့လည်း လိုအပ်တယ်လေ။

(၄) တစ်နေ့တာအတွက် အစီအစဉ်တွေချပါ။

မနက်အိပ်ယာနိုးပြီးဆိုတာနဲ့ တစ်နေ့တာအတွင်းလုပ်စရာရှိတာတွေကို စဉ်းစားပါ။ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုပြီး plan ချကြည့်ပါ။ သင့်တစ်နေတာလုံး ချောမွေမှုကို ခံစားစေနိုင်မှာဖြစ်ပါတယ်။ အဆိုပါအကျင့်လေးကို အချိန်ပေးပြီး မနက်တိုင်းလုပ်ကြည့်ပါ။

(၅) သတင်းစာဖတ်ပါ။

ဒီခေါင်းစဉ်ကိုမြင်ပြီးတော့ သင့်စိတ်နည်းနည်း ဘဝင်မကျဖြစ်သွားမှာပါ။ ဆိုရှယ်မီဒီယာတွေ ကျယ်ပြန်နေတဲ့ခေတ်ကြီးမှာ သတင်းစာလာဖတ်ခိုင်းတယ်ဆိုတော့။ ဆိုရှယ်မီဒီယာက စာအချို့သတင်းအချို့ဟာ အလုံးစုံမှန်ကန်မှုလည်း မရှိပါဘူး။ သင်နှစ်သက်တဲ့ Follow လုပ်ထားတဲ့သတင်းတွေသာ ပေါ်မှာဖြစ်သဖြင့် အလုံးစုံတော့ပြည့်စုံမှုမရှိပါဘူး။ ဒါကြောင့် မနက်တိိုင်းသတင်းစာဖတ်ပါ။ သင်ဟာ ဗဟုသုတကြွယ်ဝလာပါလိမ့်မယ်။

Nanda Myint Ko