ညီမဖြစ်သူ လပြည့်ကဗျာကို တက်နိုင်သမျှကူညီပေးသွားမယ်ဆိုတဲ့ ရေမွန်










Unicode

Idiots Band ကတော့ မြန်မာ့ဂီတသမိုင်းကြောင်းတစ်ခုမှာ စီးမျောနေပြီး ရသပြည့်ဝတဲ့ သီချင်းတွေကို ဖန်တီးနေတဲ့ Band တစ်ခုဆိုတာတော့ Rock ဂီတကို ကြိုက်နှစ်သက်ကြတဲ့သူတွေတိုင်း လက်ခံထားတဲ့ အခြေနေတစ်ခုဖြစ်ပါတယ်။ Idiots ရဲ့ အဆိုသမား ရေမွန်ကတော့ သီချင်းရေးအားကောင်းသလို အဆိုပိုင်းမှာလည်း ပြောစရာမရှိအောင် ကောင်းမွန်တဲ့ လူတစ်ယောက်ပါ။ သူရဲ့ သီချင်းအပေါ်ထားတဲ့ စိတ်နဲ့ သူ့ညီမလေးတွက် သူလုပ်ပေးဖြစ်တဲ့အရာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောချင်လွန်းလို့ နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းရာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိ အောင် ပြောပြပေးလိုက်ပါတယ်။



သီချင်းတွေဖန်တီးတဲ့ အပေါ်မှာထားရှိတဲ့ စိတ်သဘောထားကို “ ကျနော်တို့ကြိုက်လို့ ကျနော်တို့လုပ်နေတဲ့ အလုပ်ဖြစ်နေတဲ့ အတွက် အခက်ခဲဆိုတာထက် ကျနော်တို့က Game ဆော့တာနဲ့တူတယ် ။ ဒီဥစ္စကို ကျနော်တို့ဖြေရှင်းရမှာပေါ့ ဒီLevel ကို ခက်တာပဲ ဖြစ်ဖြစ်လွယ်တာပဲဖြစ်ဖြစ် ဒီStage တစ်ခုကို အောင်အောင်ကြိုးစားရမယ်ဆိုတဲ့ သဘောပါပဲ နော် ။ ကျနော်ကတော့ အဲ့ဒီလိုခံစားရတယ် ။ ကျနော်ကြိုက်တာကို ကျနော်တို့လုပ်နေတာ ဆိုတော့ အခက်ခဲဆိုတာထက် ရင်ခုန်စရာ အတွေ့ကြုံလို့ပဲပြောရမှာပေါ့”လို့ပြောပြသွားခဲ့ပါတယ်။

သူညီမဖြစ်သူ လပြည့်ကဗျာနဲ့ ပတ်သက်ပြီးတော့လည်း “ ကျနော်တတ်နိုင်သမျှတော့ အကြံပေးတယ်ပေါ့နော် ဒါပေမယ့် သူမှာလမ်းကြောင်းရှိပြီးသားဆိုတော့ အများကြီးတော့ အကြံပေးစရာမလိုပါဘူး ။ ဆိုတော့ သူ့ပုံစံအတိုင်းပဲ သွားမယ် ခုနကပြောသလိုပေါ့ ကျနော်ကတက်နိုင်တဲ့ အနေထားကနေ တက်နိုင်တဲ့ ဘက်ကနေကူညီမယ်ပေါ့ အဲ့ဒီလိုပဲ ရှိပါတယ်”ဆိုပြီးပြောပြသွားပါတယ်။

Clean Bandit ရဲ့ သီချင်းတစ်ပုဒ်ကို Cover လုပ်တဲ့အကြောင်းရင်းကိုလည်း “ Tuborg ကလုပ်တာ Tuborg က Open Global Campaign ဆိုပြီးတော့ လုပ်တယ် ။နိုင်ငံအားလုံးပေါင်း ၆နိုင်ငံပါတယ် ဗျာ ။ အဲ့ဒီ Clean Bandit ရဲ့ သီချင်းတစ်ပုဒ်ကို အကုန်လုံး Cover ပြန်လုပ်တာပေါ့နော် Language ရော စကားလုံးကော Music ပုံစံရော သူ့နိုင်ငံနဲ့သူ သူတို့ Tradition တွေထည့်ပြီးလုပ်ကြရတာ ဆိုတော့ ကျနော်တို့ကလည်း အဲ့ဒီအခွင့်ရေးကြုံလာတယ် ။ Tuborg နဲ့ပတ်သက်ပြီးတော့ အဲ့ဒီ Clean Bandit နဲ့ သူ့Cover ကို Official ဆိုဖို့ရလာတယ်ဆိုတော့ ကျနော်တို့ ဖန်တီးထားတယ် အကောင်းဆုံးဖန်တီးထားတယ် ။ ကျနော်တို့ Traditional မပျက်အောင် ရိုးရာဆိုင်းတွေ မောင်းတွေလည်း ထည့်ထားတယ် ။ အဲ့ဒီလိုမျိုးပေါ့နော် ပြီးတော့ အစုံပဲ Idiots mod လည်းမပျောက်ဘူး နားထောင်လို့လည်း ကောင်းအောင် ဖန်တီးထားတယ်။ စက်တင်ဘာ၃၀ရက်နေ့ ထွက်မှာဖြစ်ပါတယ်။”ဆိုပြီးပြောပြသွားပါတယ်။

Tags: