၁။Yao Defen (China)
၂။Margo Dydek (Poland)
၎။Sun Fang (China)
၆။Rumeysa Gelgi (Turkey)
၇။Elisany Silva (Brazil)
၉။Zeng Jinlian (China)
Unicode
တကယ်ရှိတယ်လို့ပြောရင်ယုံကြည်နိုင်မှာမဟုတ်တဲ့ လူကောင်အကြီးဆုံးအမျိုးသမီး ၉ယောက်
သင့်ခန္ဓာကိုယ်ထက် ၂ဆ ၃ဆလောက်ကြီးတဲ့လူအကြီးကြီးတွေရှိတယ်ဆိုတာသိပါသလား?လူကောင်ကြီးကြီးအရပ်ရှည်ရှည်တွေဆိုရုပ်ရှင်ကားတွေထဲမှာသာမြင်ဖူးခဲ့ကြတာ။ဒါပေမဲ့ အပြင်လောကမှာလည်း ကိုယ်တွေထက် ၂ဆ ၃ဆကြီးတဲ့လူတွေရှိပါတယ်။မရှိနိုင်ဘူးလို့ထင်နေရင် ဒီအောက်ကစာတွေ၊ပုံတွေကိုဖတ်ကြည့်လိုက်ပါဦး!
၁။Yao Defen (China)
တရုတ်နိုင်ငံက Yao Defen ဆိုတဲ့အမျိုးသမီးရဲ ့အရပ်ဟာ ရပေ ၈လက်မတောင်ရှိပါတယ်။သူမကိုကမ္ဘာပေါ်မှာအရပ်အရှည်ဆုံးအမျိုးသမီးလို့တောင်ခေါ်ခဲ့ကြပါတယ်။သူမဟာဆင်းရဲတဲ့မိသားစုထဲမှာမွေးဖွားခဲ့တာဖြစ်ပြီး တခြားကလေးတွေက် ၃ဆလောက်ပိုပြီးမစားခင်ကပုံမှန်အရွယ်အစားလောက်ပဲရှိပါတယ်။အသက် ၁၁နှစ်အရွယ်မှာ သူမရဲ ့အရပ်က ၆ပေ ၂လက်မရှိနေပါပြီ။တဖြည်းဖြည်းနဲ့အရပ်ပိုရှည်လာခဲ့ပြီးနောက်ဆုံး ရပေ၈လက်မအထိရှည်လာခဲ့ပါတယ်။စိတ်မကောင်းစရာကတော့သူမဟာအသက် ၄၀အရွယ်၊၂၀၁၂ခုနှစ်မှာသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။
၂။Margo Dydek (Poland)
Margo Dydek ဆိုတဲ့အမျိုးသမီးဟာနာမည်ကြီး ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူမရဲ ့အရပ်က ရပေ ၂လက်မတောင်ရှိတယ်လို့သိရပါတယ်။ပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘောအမျိုးသမီးတွေထဲမှာအရပ်အရှည်ဆုံးအမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။သူမဟာလည်း ၂၀၁၁မှာ နှလုံးရှော့ခ်ဖြစ်ပြီးသေဆုံးသွားခဲ့ပါတယ်။သားလေးနှစ်ယောက်နဲ့အတူခင်ပွန်းဖြစ်သူကတော့ သြစတေးလျမှာနေထိုင်တယ်လို့သိရပါတယ်။
၃။Malee Duangdee (Thailand)
Malee Duangdee ဆိုတဲ့အမျိုးသမီးဟာ ၂၀၁၆သြဂုတ်လမတိုင်ခင်အထိ ထိုင်းနိုင်ငံမှာအရပ်အရှည်ဆုံးအမျိုးသမီး၊အာရှမှာဒုတိယအရပ်အရှည်ဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။သူမရဲ ့အရပ်က ၆ပေ၁၀လက်မရှိတာသူမအတွက်ကံကောင်းမှုတစ်ခုပါပဲ။အရပ်ပိုရှည်လေ နှလုံးရှော့ခ်ဖြစ်နိုင်ချေများလေပါတဲ့။
၄။Sun Fang (China)
Sun Fang ကို ၈၇ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီးသူမဟာ အခုလောလောဆယ်တရုတ်နိုင်ငံရဲ ့အရပ်အရှည်ဆုံးအမျိုးသမီးဖြစ်နေပါတယ်။သူမရဲ့အရပ်အမြင့်က ရပေ ၃လက်မရှိတယ်လို့သိရပါတယ်။တစ်ခါတစ်ရံတော့ Yao Defen ဆိုတဲ့အမျိုးသမီးနဲ့မှားလေ့ရှိပါတယ်။သူတို့နှစ်ယောက်က နည်းနည်းဆင်တူသလိုပါပဲ။
၅။Alicia Jay (United States)
သူမရဲ ့အရပ်အမြင့်ဟာ ၆ပေ၆လက်မရှိပြီး ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပါ။နာမည်ကျော်ကြားတဲ့ဖက်ရှင်ဘလော့ဂါတစ်ယောက်လည်းဖြစ်ပါတယ်။သူမက နာမည်ကြီးပေမဲ့လည်း သူမရဲ ့အရပ်ကြောင့်ချစ်သူရည်းစားတွဲရတာအဆင်မပြေခဲ့ပါဘူး။အဲ့ဒါကြောင့် သူမနဲ့မှန်ကန်သင့်တော်တဲ့ချစ်သူတစ်ယောက်ကိုစောင့်နေတယ်လို့သိရပါတယ်။
၆။Rumeysa Gelgi (Turkey)
Rumeysa Gelgi ဆိုတဲ့အမျိုးသမီးဟာ ရှားပါးရောဂါလို့အသိများတဲ့ Weaver Syndrome ရောဂါကိုခံစားနေရပါတယ်။ကြီးထွားနှုန်းမြန်တဲ့ရောဂါတစ်ခုပေါ့။သူမဟာ အရပ်အမြင့် ရလက်မနဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးဆယ်ကျော်သက်တစ်ယောက်အဖြစ်အားလုံးကသတ်မှတ်ထားပါတယ်။တစ်ချို့အရပ်ပုတဲ့လူတွေကသူမကိုကံကောင်းတယ်ထင်ပေမဲ့သူမဟာ ကမ္ဘာ့ဆွဲအားကြောင့်နာကျင်မှုကိုခံစားနေရပြီးလမ်းလျှောက်တုန်းကိုသုံးပြီးသွားနေရပါတယ်။
၇။Elisany Silva (Brazil)
အသက် ၁၈နှစ်အရွယ်ဘရာဇီးမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Elisany ဟာအရပ်အမြင့် ၆ပေ ၉လက်မရှိပါတယ်။သူမဟာ ဆယ်ကျော်သက်အရွယ်သာရှိသေးပေမဲ့ မင်္ဂလာဆောင်ဖို့လည်းစဉ်းစားနေပြီးကလေးတွေပါယူမယ်လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ သူမဟာ ကျူမာရောဂါခံစားနေရတာကြောင့် ပြဿနာတစ်ခုခုဖြစ်မှာကိုစိုးရိမ်နေပါတယ်။ဒါပေမဲ့ မွေးဖွားဖို့အခွင့်အရေးလည်းရှိပါသေးတယ်။
၈။Uliana Semionova (Soviet Union)
Uliana Semionova ဆိုတဲ့အမျိုးသမီးဟာ ရ၀ခုနှစ်၊၈၀ခုနှစ်မှာ ဆိုဗီယက်လက်ဗီယန်ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဆိုဗီယက်ယူနီယံနဲ့ဥရောပချန်ပီယံရှစ်စ်ပြိုင်ပွဲတွေမှာအနိုင်ရခဲ့သူဖြစ်ပြီး ၁၉၇၆၊၁၉၈၀အိုလံပစ်ပြိုင်ပွဲတွေမှာလည်းရွှေတံဆိပ်ဆုရရှိခဲ့သူဖြစ်ပါတယ်။သူမဟာ အရပ်အမြင့်ဆုံးဘတ်စကတ်ကစားသမားမဟုတ်ပေမဲ့သူမရဲ ့ဖိနပ်ဆိုဒ်ကတော့ ယူအက်စ်မှာရောဥရောပမှာပါ အကြီးဆုံးဆိုဒ်ဖြစ်ပါတယ်။
၉။Zeng Jinlian (China)
သူမဟာ အရပ်အမြင့် ၈ပေရှည်လျားတဲ့လူစုစုပေါင်း၁၇ယောက်ရှိတဲ့အထဲမှာမှ Zeng ဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။Zeng ဟာ အရပ်အမြင့် ၈ပေ၂လက်မရှိပါတယ်။ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမဟာအသက် ၁၈နှစ်ပြည့်အောင်တောင်မနေခဲ့ရပါဘူး။သူမရဲ့အသက် ၁၇နှစ်၊၁၉၈၂မှာ သေဆုံးသွားခဲ့ပါတယ်။