တကယ့်ကို အသတ်အပုတ်ကျွမ်းပြီး ကိုယ်ခံပညာတတ်တဲ့ နာမည်ကြီးသရုပ်ဆောင်များ
0
73
Unicode
ရမ်ဘို လို့ ကလေး က အစ လူကြီးအထိ အကြိုက်တွေ့ကြတဲ့ မင်းသားကြီး စတားလုံးကတော့ တကယ့်ကို ခက်ခက်ခဲခဲ ရုန်းကန်လာရတဲ့ မင်းသားကြီးဖြစ်ပြီးတော့ Rocky ရိုက်ဖို့ အများကြီးပြင်ဆင်ခဲ့ပါတယ်။လက်ဝှေ့ကို သင်ခဲ့ပြီး ကန်ချက်တွေ ကျင့်ခဲ့ပါတယ်။သူ့ကြိုးစားမှုက သူ့ကို အောင်မြင်မှု ဖြစ်လာစေတာပဲဖြစ်ပါတယ်။
ဂျက်ကီချမ်းကတော့ လူတိုင်းအတွက် အမြဲဟီးရိုးပါပဲ။သူ့ရဲ့ သရုပ်ဆောင်မှုတွေမှာ သူကိုယ်တိုင်ကြိုးစားပါတယ်။တိုက်ခိုက်မှုတွေ စွန့်စားမှုတွေ လုပ်တဲ့ စတန့်မင်းသားကြီးဖြစ်ပါတယ်။သူဟာ သိုင်းပညာသင်ခဲ့ပြီးတော့ သူတတ်တဲ့ပညာနဲ့ ပရိသတ်စိတ်ကျေနပ်မှုရအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
Vin Diesel ဟာ စတန့်မင်းသား ကားမောင်းကျွမ်းကျင်သူဖြစ်ပါတယ်။သူဟာ အထိုးအကန်တွေနဲ့ ကိုယ်ခံပညာကိုလည်း ကျွမ်းကျင်သူဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်ကြေးကောင်းကောင်းရတဲ့ မင်းသားဖြစ်ပြီး ခန္ဓာကိုယ်လဲ လှပအောင် အမြဲကစားလေ့ရှိသူဖြစ်ပါတယ်။
ဗန်ဒိန်းကတော့ အခုခတ်လူငယ်တွေ သိချင်မှ သိပါတော့မယ်။သူ့ကားတွေမှာဆို သူဟာ တိုက်ခိုက်ရေးကို ဦးစားပေးရိုက်တာဖြစ်ပြီး တိုက်ကွန်ဒို၊မြွေထိုင်းနဲ့ ကစ်ဘောက်ဆင် စတာတွေကို တကယ့်လည်း တတ်ပြီး တကယ့်လည်း တိုက်ခိုက်ရေးကောင်းသူဖြစ်ပါတယ်။အခုတော့ အတော်လေး အသက်ကြီးခဲ့ပြီဖြစ်ပါတယ်။
အင်ဒီယာနာဂျုံး မင်းသားလို့ လူသိများတဲ့ Harrison Ford ဟာ မင်းသားကြီးဖြစ်ပြီးတော့ သူဟာ ထောင်ထောင်မောင်းမောင်းကြီးဖြစ်ပါတယ်။သူဟာ သေနတ်ကားတွေများစွာရိုက်လို့ သူသေနတ်ကို ကောင်းကောင်းကိုင်တွယ်ပုံကို တွေ့ရမှာပါ.။သူဟာ စစ်ထဲဝင်တုန်းက လက်ဖြောင့်လွန်းသေနတ်သမားအဖြစ် ဆုတွေ အကြိမ်ကြိမ်ရခဲ့တာဖြစ်ပါတယ်။
Gal Gadot ကတော့ လူတိုင်းကြိုက်တဲ့ မင်းသမီးဖြစ်ပါတယ်။သူ့ကို WONDER WOMAN အဖြစ်လူတိုင်းသိပါတယ်။သူဟာ ဒီဇာတ်ရုပ်အတွက် ဓားခုတ်ခြင်းနဲ့ ကန်ခြင်း ထိုးခြင်းတွေကို သေချာသင်ယူခဲ့ပြီးတော့ ဒီဇာတ်လမ်းကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။သူမဟာ လူတစ်ယောက်ကို ကောင်းကောင်းတိုက်ခိုက်နိုင်ပါတယ်။
စတီဗင်ဆီးဂဲလ်ကြီးကို နောက်ပိုင်းလူငယ်တွေ သိချင်မှ သိပါတော့မယ်။သူဟာ တကယ်တော့ အာကီဒိုဆရာဖြစ်သလို တိုက်ကွန်ဒို ဂျူဒိုတွေပါ တက်ပြီး သူ့ကို ဝင်ပြီး တိုက်ခိုက်ဖို့ ခက်ခဲပါတယ်။နောက်မှ ရုပ်ရှင်ဘက်ရောက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ သိုင်းစွမ်းရည်ပြပွဲတွေကတော့ တကယ့်ကို ကောင်းပါတယ်။
Ed O’Neill ကတော့ ကျရာ ဇာတ်ရုတ်ကို ကောင်းကောင်းသရုပ်ဆောင်နိုင်ပါတယ်။တကယ်တော့ သူလည်း သိုင်းပညာရှှင်ဖြစ်ပြီးတော့ ဂျူဂျစ်ဆုကို နှစ် 20 နီးပါး သင်ပြီး ကျွမ်ိးကျင်စွာ သတ်ပုတ်နိုင်သူဖြစ်ပါတယ်။
Hugh Jackman ဟာ Wolverine ဖြစ်ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားက အတော်လေး လှပပါတယ်။သူဟာ ဒီဇာတ်ရုပ်အတွက် ကစ်ဘောင်ဆင်ရော ကာရာတေးသင်တန်းပါ တက်ခဲ့ပြီးတော့ ခုန်တာ ကျွမ်းပစ်တာတွေပါ သင်ခဲ့ပါတယ်။
“THE ROCK” ကို လူတိုင်းက နပန်းသမားအဖြစ် သိရှိတာဖြစ်ပြီး သူဟာ အကိုင်အပေါက် အခုန်အပျံ အရှောင်အတိမ်းတွေ ကျွမ်းကျင်ပါတယ်။သူကိုယ်တိုင်လည်း လက်ဝှေ့နဲ့ နပန်းကို ငယ်ငယ်ထဲက သင်ခဲ့ပြီးတော့ ထိုးသတ်ခဲ့တာဖြစ်လို့ ရုပ်ရှင်ရိုက်တော့ သတ်ပုတ်ခန်းတွေမှာ ကောင်းမွန်နေတာဖြစ်ပါတယ်။