ရုပ်ရှင်ထဲမှာမဟုတ်ပဲ လက်တွေ့လောကမှာ Super Power ရှိတဲ့ ထူးဆန်းလူသားများ

စူပါပါဝါရဖို့ လူသားတွေကိုကူညီဖို့၊ သာမန်လူတွေမလုပ်နိုင်တဲ့ ထူးခြားဆန်းပြားတဲ့အလုပ်တွေကိုလုပ်နိုင်ဖို့ဆိုတာက လူတော်တော်များများရဲ့ကလေးဘဝကတည်းက အိပ်မက်ဖြစ်ခဲ့ဖူးကြမှာပါ။ ဒါပေမယ့် စူပါပါဝါတွေဆိုတာက အပြင်မှာရဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲဒီလိုမဖြစ်နိုင်တဲ့ စူပါပါဝါတွေကို တကယ့်အပြင်ဘဝမှာ ရရှိထားတဲ့ရှားပါးပုဂ္ဂိုလ်တွေက ကမ္ဘာ့နေရာအနှံ့အပြားမှာ ရှိနေပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် သာမန်လူတွေစိတ်ကူးယဉ်ရုံသာတတ်နိုင်တဲ့ စူပါပါဝါတွေကို ကံကောင်းထောက်မပြီး ရထားတဲ့ သူတွေကို ဖော်ပြပေးလိုက်ပါတယ်။

Daniel Kish (Batman)



Daniel Kish ကတော့ ရင်နင့်စရာဘဝအခြေအနေနဲ့ရင်ဆိုင်ရပြီး ဘတ်မန်းဖြစ်လာခဲ့သူပါ။ Daniel ဟာ retinoblastoma လို့ခေါ်တဲ့ cancer ဖြစ်နေခဲ့ပြီး သူအသက်တစ်နှစ်မပြည့်ခင်မှာတင် မျက်လုံးတွေကို ခွဲစိတ်ပြီးထုတ်ခဲ့ရပါတယ်။ Kish ဟာ သူ့ရဲ့ပတ်ဝန်းကျင်ကို စိတ်ထဲမှာပုံဖော်နိုင်ဖို့အတွက် လင်းနို့တွေရဲ့နည်းစနစ်ကိုအသုံးပြုရကောင်းမှန်းရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ အဲဒါကတော့ သူ့ရဲ့ လျှာကိုအသုံးပြုပြီးအသံတစ်မျိုးထုတ်လွှတ်တာပါ။ အဲဒီအသံက အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ကိုထိခတ်ပြီးပြန်လာတဲ့အသံတွေကို သူ့ရဲ့ ဦးနှောက်က ခွဲခြမ်းစိတ်ဖြာပြီး ဘယ်မှာဘာရှိတယိဆိုတာကို သိနိုင်တယ်လို့ဆိုပါတယ်။ အဲဒီလိုအံ့သြစရာစူပါပါဝါတွေကိုပိုင်ဆိုင်ထားတာကြောင့်လူတွေက သူ့ကို အပြင်ဘဝက Batman လို့ပြောစမှတ်ပြုကြပါတယ်။

Wim Hof (ရေခဲလူသား)




Wim Hof ဟာ Amsterdam မှာကြီးပြင်းလာသူဖြစ်ပြီး သူအသက်ဆယ့်ခုနစ်နှစ်မှာ အပြင်မှာလမ်းလျှောက်နေတုန်း ရေခဲပြင်ကြီးထဲကို ခုန်ချချင်စိတ်က အပြင်းအထန်ထိန်းမနိုင်သိမ်းမရဖြစ်လာပါတယ်တဲ့။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အေးစိမ့်နေတဲ့ ရေခဲပြင်ကြီးထဲကို ခုန်ချုလိုက်တဲ့အခါမှာတော့ Wim Hof ဟာ အအေးဒဏ်ကိုခံနိုင်ရည်ရှိကြောင်း ထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ သူဟာ ဘောင်းဘီတိုလေးတစ်ထည်ထဲနဲ့ အဲဗရက်စ်တောင်ထိပ်ကိုရောက်အောင်တက်နိုင်ခဲ့ပြီး သူ့ခန္ဓာကိုယ်ဟာ နှင်းကိုက်တဲ့ဒဏ်တွေ ရေခဲရိုက်တဲ့ဒဏ်တွေကို အေးအေးလူလူပဲခံနိုင်ရည်ရှိတာကိုအံ့သြစရာမြင်ရပါတယ်။ အအေးဒဏ်တွေခံရတဲ့အခါ သူ့ရဲ့ ဦးနှောက်က opioids and cannabinoidse ဓာတ်တွေကို ထုတ်လွှတ်ပေးပြီး အအေးဓာတ်ကိုခံနိုင်ရည်ရှိစေပါတယ်။ သူဟာ ကမ္ဘာနဲ့အဝှမ်းမှာ ရေခဲလူသားအဖြစ်ကျော်ကြားလာပါတယ်။

Dean Karnazes (Flash)



Dena Karnazes ကတော့ Real life Flash လို့ဆိုရမှာပါ။ Dean ဟာ ကမ္ဘာ့ခံနိုင်ရည်အရှိဆုံး အားကစားသမားအဖြစ်ကျော်ကြားပါတယ်။ သူဟာ 563 ကီလိုမီတာကို သုံးရက်ထဲနဲ့ပြေးနိုင်ခဲ့ပြီး Death Valley ကနေ South Pole အထိကိုလည်း မနားတမ်းတရစပ်ပြေးနိုင်တာမို့ လူစွမ်းကောင်းတစ်ဦးအဖြစ် ကျော်ကြားပြီး တစ်ကမ္ဘာလုံးရဲ့တအံ့တသြနဲ့အားပေးမှုတွေကို ခံရသူပါ။ Karnazes ဟာ သူ့ရဲ့အားကစားသမားသက်တမ်းတစ်လျှောက်လုံးမှာ လူသာမန်တွေမလုပ်နိုင်တဲ့အံ့ဖွယ်အရာတွေကိုလုပ်ပြနိုင်ပြီး ရှည်ကြာတဲ့ခရီးလမ်းတွေကို အချိန်တိုအတွင်းပြေးနိုင်ခဲ့ပေမယ့် သူ့ကိုကြည့်လိုက်ရင်မောပန်းနေတာတွေဘာတွေမတွေ့ရပဲ အမြဲတမ်းလန်းဆန်းနေသလိုဘယ်တုန်းကမှလည်း ကြွက်သားနာကျင်မှုတွေ ခန္ဓာကိုယ်နာကျင်တဲ့ဒဏ်ကိုခံစားရတာမျိုးမရှိတာကြောင့်လူအစစ်မှဟုတ်ရဲ့လားလို့တောင် သံသယဝင်ခံရပြီး တကယ့်အပြင်ဘဝရဲ့ Flash အဖြစ်အသိအမှတ်ပြုခံရသူပါ။

Alain Robert (Spider-Man)

Alain Robert ကတော့ ကမ္ဘာကျော်နေတာကြာပြီိမို့ လူတော်တော်များများကြားဖူးကြမှာပါ။ Alain Robert ဟာ မိုးမျှော်တိုက်ကြီးတွေကိုကြိုးတွေ၊လှေကားတွေအကူအညီမပါပဲ ထိပ်ဆုံးထိရောက်အောင် တက်ပြနိုင်ခဲ့ပါတယ်။ Robert ဟာ Skyscrapers 160 ကျော်ကိုတက်ပြနိုင်ခဲ့ပြီး stunt တွေအများကြီးလုပ်ပြနိုင်ခဲ့လို့ တစ်ကမ္ဘာလုံးကလူတွေရဲ့အားပေးမှုတွေကိုလည်းခံခဲ့ရသလို အဲဒီလိုတက်နိုင်တဲ့စွမ်းရည်ကြောင့် အစိုးရနဲ့တာဝန်ရှိသူတွေရဲ့စိုးရိမ်ပြီး ခေါ်ယူစစ်ဆေးမေးမြန်းခြင်းတွေကိုလည်း ခံခဲ့ရပါတယ်။

Javier Botet (ရာဘာလူသား)

Javier Botet ဟာ ခန္ဓာကိုယ်ကိုအလွန်အကျွံကွေးနိုင်ဆန့်နိုင်တဲ့ Flexible ဖြစ်လွန်းတဲ့ ရောဂါဆန်းတစ်မျိုးကိုခံစားနေရပြီး သူ့ရဲ့အရိုးတွေဟာ ကြိုးစားရင်ကြိုးစားသလိုရှည်ထွက်လာနိုင်ပါတယ်။ သူ့ရဲ့အလွန်အကျွံကွေးနိုင်ဆန့်နိုင်တဲ့ ခန္ဓာကိုယ်ကြောင့် Javier ဟာ သရဲကားတော်တော်များများမှာ သရုပ်ဆောင်ပေးနိုင်ခဲ့ပြီး ပိုက်ဆံရှာနိုင်ခဲ့ပါတယ်။ Javier ဟာ အခုထိလည်း ရုပ်ရှင်တော်တော်များများမှာ ဆက်လက်သရုပ်ဆောင်ဆဲဖြစ်တယ်လို့သိရပါတယ်။

Unicode


Daniel Kish (Batman)




Dean Karnazes (Flash)


Alain Robert (Spider-Man)




Leave a Reply