တကိုယ်လုံးကို ချွတ်ပြီးရိုက်တဲ့သူတွေကို အရင်ပြောဆိုတဲ့ သင်ဇာဝင့်ကျော်

0
163

ယခုနောက်ပိုင်းမှာ Sexy ကျကျ ဝတ်စုံတွေ ဝတ်ပြီး ပွဲတွေတက်နေတဲ့ နာမည်ကျော် မင်းသမီး သင်ဇာဝင့်ကျော်ကတော့ Social Media ပေါ်မှာတော့ ဝေဖန်မှုမြင့်တက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မင်းသမီး သင်ဇာဝင့်ကျော်ကတော့ ဝေဖန်မှုတွေကို လျစ်လျူရှုထားပြီး သူ့ရဲ့ အလုပ်အပေါ်ကိုပဲ စိတ်နစ်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော ပရိသတ်တွေကတော့ လက်ရှိချိန်ထိ သင်ဇာဝင့်ကျော်ကို ဝေဖန်နေကြတာ ဖြစ်ပြီး သင်ဇာဝင့်ကျော်ကတော့ သူ့ကိုယ်သူ Sexy Model လို့ခံယူထားကာ သမာအာဇီဝကျရင် ဘယ်အလုပ်မလိုလုပ်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ 8 day နဲ့ အင်တာဗျူးတွင် ဖက်ရှင်နဲ့ ပတ်သက်ပြီး “အရမ်းကြီးတော့ Sexy တော့ မဖြစ်တော့ဘူး။ ဒါပေမယ့်လည်း ဖြစ်သင့်တဲ့နေရာလေးတွေတော့ ဖြစ်ဦးမှာပါ။ ဘာလို့လည်းဆိုတော့ ကိုယ်က ငယ်တုန်းမို့ ဒါမျိုးဝတ်ရတာလေ။ ပြီးတော့ အလုပ်နဲ့လည်း ဆက်စပ်နေတာဆိုတော့ အရမ်းကြီးမဝတ်တော့ဘူးလည်း မဟုတ်ပါဘူး။ ဝတ်သင့်တဲ့နေရာတော့ ဝတ်ဦးမှာပါ”
ဆိုင်ဖွင့်ပွဲတွေကို အဓိကတက်ဖြစ်တာနဲ့ ပတ်သက်ပြီး “ဖိတ်လို့ပေါ့။ ဆိုင်ဖွင့်ပွဲတွေနဲ့ တီဗီကြော်ငြာတွေကို အဓိကထားပြီးတော့ လုပ်ဖြစ်ပါတယ်။ ကားရိုက်ကတော့ ၂ လပိုင်းမှ ပြန်ပြီးတော့ ရှိမှာပါ”

၂၀၁၉ မှာ Sexy တွေဝတ်တာ လျှော့လိုက်ပြီလားဆိုတဲ့အပေါ်မှာ “တသက်လုံးလည်း အရင်တိုင်း ဒါမျိုးကြီးတွေ လုပ်လာတာ ဆယ်စုနှစ်တစ်စုရှိနေပြီလေ။ ဒါကြောင့် ကိုယ့်ဘာကိုယ်ပြောင်းလဲပြီးတော့ ကွဲထွက်ချင်တယ်။ အဲ့ဒါကြောင့်မို့လည်း ဒီလိုမျိုး လုပ်ဖြစ်တာပါ”

ကိုယ့်ဖက်ရှင်တွေက အမြဲတမ်းပွဲဆူနေတဲ့အပေါ် “ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုမျိုး လူအများစိတ်ဝင်စားတာ ခံရတာကြောင့်လည်း ကျေနပ်ပါတယ်” ဒီလိုမျိုးဝတ်ရတာ ရှက်တာတွေရှိလားဆိုတဲ့အပေါ်မှာတော့ “မဖြစ်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အများကြီး ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပေါက်ချင်လို့ ဒီပွဲကို သင်ဇာကိုငှားတာ။ ကိုယ့်ကိုငှားလိုက်ရင် ဒီပွဲကပေါက်သွားမယ်ဆိုတာကိုလဲ သူတို့သိတယ်။ အဲ့ဒါကြောင့်မို့ ဘာပဲဖြစ်ဖြစ် သူတို့လည်း ပိုက်ဆံကုန်ရကျိုးနပ်အောင် သူတို့လည်း အကျိုးရှိအောင် ကိုယ်လည်း အကျိုးရှိအောင် ဒီအလုပ်ကို လက်ခံရခြင်း ဖြစ်ပါတယ်”

တချို့က ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး အပြင်းအထန် ဝေဖန်ကြတဲ့အပေါ်မှာ “သင်ဇာထက်ဆိုးပြီး တကိုယ်လုံးချွတ်ပြီး ရိုက်ထားတဲ့သူတွေလည်း အများကြီးပါ။ ပြောချင်ရင် သူတို့ကို သွားပြောလေ။ ဘာလို့သင်ဇာ့ကိုလာပြောနေကြတာလဲ။ ဘယ်သူ့ကိုမှလည်း ပုတ်ခတ်ပြီး မပြောချင်ပါဘူး ဒါက ကိုယ်ပိုက်ဆံရလို့ လုပ်တဲ့အလုပ်လေ။ တချို့ဆို ပိုက်ဆံမရပဲနဲ့တောင် ဒီတိုင်းရိုက်ကြတဲ့သူတွေ အများကြီးပါပဲ။ ပြောချင်တယ်ဆိုရင် အဲ့လိုလူမျိုးတွေကို အရင်သွားပြောပေါ့”

တချို့ကလည်း သင်ဇာကို အရင်ခေတ်က မင်းသမီးလို ပိတ်စေချင်တဲ့အပေါ် “ဒါကလည်း ၂၁ ရာစုရောက်နေပြီ။ ပြီးတော့ အစကတည်းက ကိုယ့်ကိုကိုယ် sexy model လို့ ခံယူထားတယ်။ ပြီးတော့လာတဲ့အလုပ်တွေကလည်း ဒီလိုမျိုး အလုပ်တွေ ဖြစ်နေတော့။ ဒါကကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းပဲလေ။ ကိုယ်ငတ်လို့လည်း ဘယ်သူမှ ထမင်းခေါ်မကျွေးဘူး။ ဘယ်သူမှလည်း အိမ်ခေါ်တင်ထားမှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့်မို့ ကိုယ့်ဝမ်းရေးအတွက် ကိုယ့်ဘာကိုယ် ရုန်းကန်ရမှာပဲ။ ဒါပေမယ့်လည်း ကိုယ်လုပ်တဲ့အလုပ်က သမာအာဇီဝကျဖို့ လိုတယ်။ အဲ့အတွက် သင်ဇာဘယ်လိုပဲ လုပ်ရလုပ်ရ သင်ဇာလုပ်မှာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။