တင် ကို လူကြားထဲမှာ အကိုင်ခံရတဲ့အကြောင်း ပြောလာတဲ့ ရှင်ယွန်းမြတ်

0
254

ယခုနောက်ပိုင်းမှာတော့ ရင်ဖိုစရာ ကိုယ်လုံးနဲ့ ရင်ဖိုစရာ ဓါတ်ပုံတွေကြောင့် ပုရိသတွေကြားထဲမှာ နာမည်ကြီး ရေပန်းစားလာတဲ့ အကိတ်စားမော်ဒယ်လေဒ ရှင်ယွန်းမြတ်ကိုတော့ အားလုံးလည်း သတိထားမိကြမယ်လို့ ထင်ပါတယ်။ သူကတော့ ပြီးခဲ့တဲ့ အင်တာဗျူးတုန်းက သူ့ခန္ဓာကိုယ်မှာရှိတာတွေက အစစ်တွေပါ မယုံရင် မိန်းကလေးတွေကိုပဲ လာကိုင်ကြည့်ကြပါလို့ ပြောခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း ရှင်ယွန်းမြတ်ကတော့ သူ့ရဲ့ တင်အတုလား အစစ်လားဆိုတာကို လူကြားထဲမှာဆို လာလာကိုင်ကြတယ်လို့ ရင်ဖွင့်ပြောကြားလာခဲ့ပါတယ်။

ရှင်ယွန်းမြတ်ကတော့ The Radar နဲ့ အင်တာဗျူးမှာတော့ “လူဆိုတာကတော့ ဓါတ်ပုံရိုက်တဲ့အခါမှာ လှတဲ့ပုံလေးတွေကိုပဲ ဖေ့ဘုတ်ပေါ်ကို တင်ချင်ကြမှာလေ။ ကိုယ်ခန္ဓာကိုယ်လေးက လှနေတယ်ဆို ခန္ဓာကိုယ်အဆင်ပြေနေတဲ့ပုံလေးတွေကို တင်ကြမှာပဲ။ တချို့ကလည်း လာပြောတာပေါ့။ ကိုယ့်ကိုအတုကြီးကို လာကြွားနေတယ်ဆိုပြီးတော့ ပြောနေတာတွေ ရှိပါတယ်။ ကိုယ်က အတုကြီးကို ကြွားတာလည်း မဟုတ်ဘူးကွာ။ အတုထည့်လိုက်လို့လည်း တချိန်ချိန်ကျရင် ပေါ်မှာပဲလေ။ ထိန်းထားလို့ရတာလဲမှ မဟုတ်တာ။ ရှင်ယွန်းကြားနေရတာပေါ့နော်။ ဖင်အတုကြီးနဲ့ ဂျင်းထည့်တယ် ဘာညာပေါ့နော်။ စကားတွေက ပြန်ပြန်ကြားရတယ်။ ပြီးတော့ သူ့ဖင်က အတုလား အစစ်လားနဲ့။ ပြီးတော့ လူကြားထဲရောက်ရင် သိသလိုလို မသိလိုလုနဲ့ လာလာကိုင်ကြတယ်။ ကြာလာတော့လည်း မခံနိုင်တော့ဘူး။ ဒါပေမယ့်လည်း စိတ်ဆိုးလို့တော့ မဟုတ်ပါဘူး။ စချင်နောက်ချင်လို့ လာကိုင်ကြည့်လို့ ရှင်ယွန်းက ပြောလိုက်တာပါ။ တခါတလေကျတော့လည်း ကိုယ့်ကို မဟုတ်တာပြောတော့ စိတ်ထဲမှာတော့ နည်းနည်း ကသိကအောက် ဖြစ်တာပေါ့နော်”

ကိုယ်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ယုံကြည်မှုရှိလဲဆိုတဲ့ အပေါ်မှာတော့ “ရှိသင့်သလောက်တော့ ရှိပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ ငါမဆိုးဘူး ငါနည်းနည်းတော့ ကြည့်ကောင်းတယ်ပေါ့။ အဲ့လောက်ထိပါပဲ။ ငါအရမ်းလှတာပဲ အဲ့လောက်ကြီးအထိတော့ မဖြစ်ပါဘူး။ ရှင်ယွန်းမှာလည်း အားနည်းချက်လေးတွေ ရှိပါတယ်။ အခုဆိုရင်လည်း ငပျင်းလုပ်နေတော့ Gym လည်း မဆော့ဖြစ်ဘူး။ အဲ့တော့ ဝိတ်တတ်တဲ့ပုံစံမျိုးလေး ဖြစ်နေလို့ နည်းနည်းလှနေတာပါ. အရမ်းလှတဲ့ ပုံစံထဲမှာတော့ မပါပါဘူး”

ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ခွဲစိတ်ပြုပြင်မှုတွေ လုပ်မယ်ဆိုရင်ရော ဘယ်အစိတ်အပိုင်းတွေ လုပ်ဖို့ စဉ်းစားထားလဲ ဆိုတဲ့အပေါ်မှာတော့ “မရှိတော့ပါဘူး။ ရှိပြီးသားတွေတောင် ပြန်ထုတ်ဖို့ စဉ်းစားနေတာ အမေကတောင် ပြန်ထုတ်လိုက်တော့တဲ့ နင့်ဟာကြီးက မလှဘူးတဲ့။ ယွန်းလည်း အဲ့ဒါကြီးထည့်ပြီးကတည်းက တောက်လျှောက်အပြောခံနေရတော့ ထုတ်ပစ်မလားလို့ စဉ်းစားနေတာ”

“ကိုယ်က စကားပြောတာလဲ အချိုးမပြေဘူး။ အဲ့လိုမျိုး ဖြစ်နေတာတောင်မှ ရှင်ယွန်းကိုလေ သီးခံပြီးတော့ ချစ်ပြီးတော့ လာအားပေးတာတွေ ရှင်ရှင်ဘာဖြစ်ဖြစ် အားပေးတယ်ဆိုပြီး ပြောတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ရှင်ယွန်းကို အားမပေးတဲ့သူတွေကိုလည်း စိတ်မဆိုးပါဘူး။ ရှင်ယွန်းအနေနဲ့လည်း သူတို့ပြောတာတွေကို ကြည့်ပြီး ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဒီထက်ကောင်းအောင်လည်း ကြိုးစားနေပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။