တစ်သက်လုံး လိုင်စင်မရှိပဲ ကားမောင်းလာတာဆိုတဲ့ အင်္ဂလန်ဘုရင်မကြီး

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကားမောင်းပြီိဆိုရင်တော့ ကားမောင်းလိုင်စင်တစ်ခုက မဖြစ်မနေလိုအပ်ပါတယ်။လိုင်စင်မရှိပဲနဲ့ကားတက်မောင်းခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကိုဖြစ်စေပြီး ကြီးလေးတဲ့ဒဏ်ငွေအရိုက်ခံရတာ၊ ထိန်းသိမ်းခံရတာတွေကိုတောင်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က လူတိုင်းဟာ ကားမောင်းဖို့အတွက်ကားမောင်းလိုင်စင်လိုအပ်တာတော့မဟုတ်ပါဘူး။ အင်္ဂလန်ရဲ့ပြည့်ရှင်ဘုရင်မကြီးဟာ ကမ္ဘာပေါ်မှာ ကားတက်မောင်းဖို့ကားမောင်းလိုင်စင်မလိုအပ်တဲ့တစ်ဦးတည်းသောလူပါ။

အလုပ်ကိစ္စတစ်ခုနဲ့တစ်ခု၊အစည်းအဝေးတွေ၊ကြားနာမှုတွေစတဲ့ နေရာပေါင်းများစွာအကြား ကူးသန်းသွားလာမှုတွေမှာ ဘုရင်မကြီးအတွက်ဆို ပျော်ပျော်ကြီး ကားမောင်းပို့ပေးမယ့် တော်ဝင်ယာဉ်မောင်းတွေအယောက်ပေါင်းများစွာရှိပါလျက်နဲ့ ဘုရင်မကြီးက ကိုယ်တိုင် ကားမောင်းပြီးသွားလာရခြင်းကိုနှစ်ခြိုက်သူပါ။ ဘုရင်မကြီးရဲ့ကားကလည်း ကမ္ဘာပေါ်မှာ နံပါတ်ပြားတပ်စရာမလိုတဲ့အခွင့်ထူးခံရထားတဲ့ တစ်စီးတည်းသောကားဖြစ်ပါတယ်။ တော်ဝင်မျိုးနွယ်ဖြစ်ရတဲ့ အခွင့်ထူးခံစားရသူတွေထဲမှာဘုရင်မကြီးကတော့ တကယ့်ကိုပြိုင်ဘက်ကင်းအခွင့်ထူးခံရသူလို့ကိုဆိုရမှာပါပဲ။



ဒါ့အပြင်ထက်မြက်ပြတ်သားပြီး စိတ်မြန်လက်မြန်ရှိတဲ့ဘုရင်မကြီးဟာ ကားမောင်းတဲ့နေရာမှာလည်း အလွန်မြန်ဆန်တဲ့အရှိန်နဲ့မောင်းတတ်တာကြောင့် ကျန်တဲ့ တော်ဝင်မျိုးနွယ်တွေက ဘုရင်မကြီးမောင်းတဲ့ကားကို စီးဖို့ကြောက်ရွံ့ကြပြီး ဘုရင်မကြီးကိုအရှိန်လျှော့ပြီး လမ်းပေါ်အာရုံစိုက်ပြီးမောင်းဖို့အမြဲလိုလိုသတိပေးကြရကြောင်း The Mirror သတင်းစာက ဖော်ပြထားပါတယ်။ ဘုရင်မကြီးက ကားမောင်းလိုင်စင်မရှိသလို လိုင်စင်စာမေးပွဲတွေဘာတွေလည်း တစ်ခါမှဖြေဆိုခဲ့ဖူးခြင်းမရှိပါဘူးတဲ့။ ဒါပေမယ့် ကားမောင်းတာကိုတော့ ကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တယ်လို့ဆိုပါတယ်။ ဘုရင်မကြီးဟာ လက်ရှိမှာအသက် 93 နှစ်ရှိပြီဖြစ်ပြီး အခုထိ သွက်သွက်လက်လက်နဲ့အလုပ်တွေလုပ်နေဆဲဖြစ်သလို အသားတင်ပိုင်ဆိုင်မှုပေါင်း ပေါင် 418 သန်း ကျော်ရှိနေပါတယ်။




တစ်သက်လုံးလိုင်စင်မလိုပဲ တရားဝင်ကားမောင်းခွင့်ရထားတဲ့ ဘုရင်မကြီးရဲ့ဘဝကတော့ အားကျစရာပဲလို့ဆိုရမှာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော အင်္ဂလန်ရဲ့ဘုရင်မကြီးကို အားကျကြလား။ ဘုရင်မကြီးလို ကားကိုအရမ်းအမြန်မောင်းတတ်တဲ့ အမျိုးသမီးလေးတွေရောရှိလား။ ပြောခဲ့ပါဦး။

Unicode





