တစ္ေခတ္တစ္ခါက ေအာင္ျမင္ေက်ာ္ႀကားခဲ႔တဲ႔ ေႀကာ္ျငာဘုရင္မ တစ္ေယာက္အေႀကာင္း

0
46

ဒီတစ္ခါမွာေတာ႔ ေျပာခ်င္လြန္းလို႔ကေန ထူးထူးျခားျခားအေနနဲ႔ တစ္ေခတ္တစ္ခါက ေအာင္ျမင္ေက်ာ္ႀကားခဲ႔တဲ႔ ရုပ္ရွင္သရုပ္ေဆာင္အကယ္ဒမီ ထက္ထက္မိုးဦး အေႀကာင္းကို အနည္းငယ္ ေဖာက္သည္ခ်ေျပာျပခ်င္တာပါ။

၁၉၇၁ ခုနွစ္ ေမလ ၈ ရက္ေန႔မွာ ေမြးဖြားခဲ႔တဲ႔ ရုပ္ရွင္သရုပ္ေဆာင္ ထက္ထက္မိုးဦးဟာ ေမြးခ်င္း ၃ေယာက္အနက္ အငယ္ဆံုးသမီးျဖစ္ပါတယ္။ ေမြးရပ္ဇာတိကေတာ႔ မိုးကုတ္ျမိဳ႕ျဖစ္ပါတယ္။

သူမဟာ အနုပညာေလာကထဲကို္ ၁၉၉၂ ခုနွစ္က စတင္ဝင္ေရာက္ခဲ႔ျပီးေတာ႔ ပထမဆံုးအနုပညာလႈပ္ရွားမႈအေနနဲ႔ “ ခိုင္မာလာနွင္းဆီ” ဆိုတဲ႔ သနပ္ခါးေႀကာ္ျငာကို စတင္ ရိုက္ကူးခဲ႔ပါတယ္။ ထို႔ေနာက္မွာေတာ႔ ေႀကာ္ျငာဘုရင္မ လို႔ ပရိသတ္ေတြတင္စားေခၚေဝၚေလာက္ရတဲ႔အထိ ေအာင္ျမင္ခဲ႔တဲ႔ ထက္ထက္မိုးဦးဟာ တီဗီ ေႀကာ္ျငာေပါင္း ၁ေထာင္ နီးပါး ရိုက္ကူးခဲ႔သလို ရုပ္ရွင္ နဲ႔ ဗီဒီယို ဇာတ္ကားေပါင္း ၃၀၀ ေက်ာ္ကို လည္း ရိုက္ကူးခဲ႔ပါတယ္။

၁၉၉၆ ခုနွစ္မွာေတာ႔ “ပန္းသခင္” ဆိုတဲ႔ ရုပ္ရွင္ဇာတ္ကားႀကီး နဲ႔ ပထမဆံုး ျမန္မာ႔ရုပ္ရွင္ထူးခၽြန္ဆု အကယ္ဒမီကို ရရွိခဲ႔ပါတယ္။ ဒုတိယေျမာက္ အကယ္ဒမီဆုကိုေတာ႔ “ သမီး မိုက္ “ ဆိုတဲ႔ ရုပ္ရွင္ကား နဲ႔ ဆြတ္ခူးရရွိခဲ႕ပါတယ္။

ထက္ထက္မိုးဦးေခတ္လို႔ ေျပာရေလာက္တဲ႔ တီဗီေႀကာ္ျငာေခတ္မွာ ဆယ္စုနွစ္တစ္ခုအႀကာ တီဗီဖန္သားျပင္ထက္က ပရိသတ္ေတြရဲ႕ အားေပးမႈေတြ ေအာင္ျမင္မႈေတြ ရရွိခဲ႔ေပမယ္႔ အိမ္ေထာင္ေရး နဲ႔ ပက္သက္ျပီး ကံေခခဲ႔ သူတစ္ဦး ျဖစ္ပါတယ္။ သူမဟာ ၂၀၁၀ ခုနွစ္မွာ ေမာ္ဒယ္ ၊ သရုပ္ေဆာင္ စိုင္းလႊမ္း နဲ႔ လက္ထပ္ခဲ႔ျပီး စစ္လြန္းဝတီထက္ဆိုတဲ႔ သမီးေလး တစ္ဦး ရရွိခဲ႔ပါတယ္။

သမီးျဖစ္သူ စစ္လြန္းဝတီထက္ နွင္႔အတူ ေႀကာ္ျငာမ်ားလည္း ရိုက္ကူးခဲ႔သလို ပရိသတ္မ်ားက အေမ႔ေျခရာ နင္းမယ္႔ သမီးေလး လို႔ သတ္မွတ္ထင္ေႀကးေပးခဲ႔ႀကပါတယ္။ ၁၉၉၃ ခုနွစ္မွ စတင္ကာ အနုပညာအလုပ္မ်ားကို ဆက္တိုက္လုပ္လာခဲ႔တဲ႔ ထက္ထက္မိုးဦး တစ္ေယာက္ ႀကားကာလတစ္ခုမွာေတာ႔ အနုပညာအလုပ္မ်ားကို ခဏတာရပ္နားခဲ႔ပါတယ္။

မႀကာေသးမီက သာသနာ႔ေဘာင္ထဲက ေန ထြက္လာခဲ႔တဲ႔ သူမဟာ ပရိသတ္ေရွ႔ေမွာက္သို႕ “ ထက္ထက္မိုးဦး ျပန္လာျပီ “ ဆိုတဲ႔ ေခါင္းစဥ္နဲ႔ အနုပညာအလုပ္မ်ားကို ျပန္လည္လုပ္ကုိင္သြားမွာျဖစ္ေႀကာင္း ဧျပီလ ၁၉ ရက္ေန႔မွာ မီဒီယာေတြကေနတစ္ဆင္႔ ေႀကညာခဲ႔ပါတယ္။
လက္ရွိမွာ ရံုတင္ျပသေနတဲ႔ “ ရွယ္ေခၽြးမ” ဆိုတဲ႔ ရုပ္ရွင္ဇာတ္ကားႀကီးဟာ အကယ္ဒမီ ထက္ထက္မိုးဦးရဲ႕ အနုပညာလုပ္ငန္း ျပန္လည္စတင္လုပ္ကိုင္ခ်ိန္က ရိုက္ကူးထားတယ္လို႔လည္း သိရပါတယ္။ ဒီဇာတ္ကားမွာေတာ႔ အကယ္ဒမီ စိုးျမတ္သူဇာ ၊ ေအာင္ရဲလင္းတို႔ နဲ႔ အတြဲညီညီ ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ကဲ .. အခု ေျပာျပေပးလိုက္တဲ႔ ရုပ္ရွင္သရုပ္ေဆာက္ အကယ္ဒမီ ထက္္ထက္မိုးဦးအေႀကာင္းကို မသိရွိေသးတဲ႔ ထက္ထက္မိုးဦး ကို တစ္ေခတ္တစ္ခါက အရူးအမူး ႀကိဳက္နွစ္သက္ခဲ႔တဲ႔ သူေတြအတြက္ ေဝမွ်ေပးလိုက္ႀကပါဦး ။
#pMk

Unicode

ဒီတစ်ခါမှာတော့ ပြောချင်လွန်းလို့ကနေ ထူးထူးခြားခြားအနေနဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ထက်ထက်မိုးဦး အကြောင်းကို အနည်းငယ် ဖောက်သည်ချပြောပြချင်တာပါ။

၁၉၇၁ ခုနှစ် မေလ ၈ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးဟာ မွေးချင်း ၃ယောက်အနက် အငယ်ဆုံးသမီးဖြစ်ပါတယ်။ မွေးရပ်ဇာတိကတော့ မိုးကုတ်မြို့ဖြစ်ပါတယ်။

သူမဟာ အနုပညာလောကထဲကို ၁၉၉၂ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီးတော့ ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ “ ခိုင်မာလာနှင်းဆီ” ဆိုတဲ့ သနပ်ခါးကြော်ငြာကို စတင် ရိုက်ကူးခဲ့ပါတယ်။ ထို့နောက်မှာတော့ ကြော်ငြာဘုရင်မ လို့ ပရိသတ်တွေတင်စားခေါ်ဝေါ်လောက်ရတဲ့အထိ အောင်မြင်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ တီဗီ ကြော်ငြာပေါင်း ၁ထောင် နီးပါး ရိုက်ကူးခဲ့သလို ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားပေါင်း ၃၀၀ ကျော်ကို လည်း ရိုက်ကူးခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာတော့ “ပန်းသခင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီကို ရရှိခဲ့ပါတယ်။ ဒုတိယမြောက် အကယ်ဒမီဆုကိုတော့ “ သမီး မိုက် “ ဆိုတဲ့ ရုပ်ရှင်ကား နဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။

ထက်ထက်မိုးဦးခေတ်လို့ ပြောရလောက်တဲ့ တီဗီကြော်ငြာခေတ်မှာ ဆယ်စုနှစ်တစ်ခုအကြာ တီဗီဖန်သားပြင်ထက်က ပရိသတ်တွေရဲ့ အားပေးမှုတွေ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် အိမ်ထောင်ရေး နဲ့ ပက်သက်ပြီး ကံခေခဲ့ သူတစ်ဦး ဖြစ်ပါတယ်။ သူမဟာ ၂၀၁၀ ခုနှစ်မှာ မော်ဒယ် ၊ သရုပ်ဆောင် စိုင်းလွှမ်း နဲ့ လက်ထပ်ခဲ့ပြီး စစ်လွန်းဝတီထက်ဆိုတဲ့ သမီးလေး တစ်ဦး ရရှိခဲ့ပါတယ်။

သမီးဖြစ်သူ စစ်လွန်းဝတီထက် နှင့်အတူ ကြော်ငြာများလည်း ရိုက်ကူးခဲ့သလို ပရိသတ်များက အမေ့ခြေရာ နင်းမယ့် သမီးလေး လို့ သတ်မှတ်ထင်ကြေးပေးခဲ့ကြပါတယ်။ ၁၉၉၃ ခုနှစ်မှ စတင်ကာ အနုပညာအလုပ်များကို ဆက်တိုက်လုပ်လာခဲ့တဲ့ ထက်ထက်မိုးဦး တစ်ယောက် ကြားကာလတစ်ခုမှာတော့ အနုပညာအလုပ်များကို ခဏတာရပ်နားခဲ့ပါတယ်။

မကြာသေးမီက သာသနာ့ဘောင်ထဲက နေ ထွက်လာခဲ့တဲ့ သူမဟာ ပရိသတ်ရှေ့မှောက်သို့ “ ထက်ထက်မိုးဦး ပြန်လာပြီ “ ဆိုတဲ့ ခေါင်းစဉ်နဲ့ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့မှာ မီဒီယာတွေကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။
လက်ရှိမှာ ရုံတင်ပြသနေတဲ့ “ ရှယ်ချွေးမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ အနုပညာလုပ်ငန်း ပြန်လည်စတင်လုပ်ကိုင်ချိန်က ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။ ဒီဇာတ်ကားမှာတော့ အကယ်ဒမီ စိုးမြတ်သူဇာ ၊ အောင်ရဲလင်းတို့ နဲ့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကဲ .. အခု ပြောပြပေးလိုက်တဲ့ ရုပ်ရှင်သရုပ်ဆောက် အကယ်ဒမီ ထက်ထက်မိုးဦးအကြောင်းကို မသိရှိသေးတဲ့ ထက်ထက်မိုးဦး ကို တစ်ခေတ်တစ်ခါက အရူးအမူး ကြိုက်နှစ်သက်ခဲ့တဲ့ သူတွေအတွက် ဝေမျှပေးလိုက်ကြပါဦး ။
#pMk

LEAVE A REPLY

Please enter your comment!
Please enter your name here