တစ္ႏွစ္ေလာက္ ေရမခ်ဳိးဘဲ ေနလုိက္ရင္ ဘာျဖစ္လာမလဲ ႏွင့္ အျခား ထူးဆန္းေမးခြန္းမ်ား

0
34

တကယ္လို႔မ်ား တစ္ႏွစ္ေလာက္ ေရမခ်ိဳးဘဲ စကားမေျပာဘဲေနမယ္ဆိုရင္ ဘာေတြျဖစ္လာမလည္း။ ကမာၻၾကီးသာ လည္ေနရင္း ရုတ္တရက္ရပ္တန္႔သြားရင္ ဘာေတြျဖစ္လာမလည္း။အမွန္တကယ္ေတာ႔ လူတစ္ခ်ိဳ႕ကသာလွ်င္ သူတို႔ရဲ႕ အက်ိဳးအေၾကာင္းစပ္ဆက္မႈ႕ကုိသာ စိတ္၀င္စားၾကတာျဖစ္ပါတယ္။ဒါေပမယ္႔ ဒီေမးခြန္းေတြကေတာ႔ အခုထိတိုင္ေအာင္ စိတ္ကုိ ႏႈိးဆြေပးေနႏိုင္တုန္းဘဲျဖစ္ပါတယ္။ဒီေမးခြန္းေတြႏွင္႔ ပတ္သက္ျပီးေတာ႔ တစ္စံုတစ္ေယာက္ကမ်ား အေျဖတစ္ခ်ိဳ႕တစ္ေလ ေတြ႔သြားတယ္ဆုိရင္ေတာင္ တကယ္ကုိ ထူးျခား အံ႔ၾသဖြယ္ေကာင္းသြားမွာျဖစ္ပါတယ္။ဒီသတင္းေလးထဲမွာေတာ႔ ရွာေဖြေတြ႕ရွိျပီးသား အခ်ိဳ႕ေသာ အေျဖေလးေတြကုိ ေဖာ္ျပေပးထားပါတယ္။

၁)တစ္ႏွစ္ေလာက္စကားမေျပာဘဲေနလိုက္ရင္ ဘာေတြျဖစ္လာမလဲ

လူသားေတြအားလံုးအတြက္ ေပါင္းသင္းဆက္ဆံေရးဆိုတာလိုအပ္တာေၾကာင္႔ သာမာန္လူတစ္ေယာက္ကုိပင္ တစ္ႏွစ္ေလာက္စကားမေျပာဘဲေနခိုင္းဖို႔ဆိုတာ အေတာ္ကုိခက္ခဲတဲ႔အရာဘဲျဖစ္ပါတယ္။ဒါေပမယ္႔ တကယ္လို႔မ်ား တစ္စံုတစ္ေယာက္က အခ်ိန္အတိုင္းအတာတစ္ခုအထိ စကားမေျပာဘဲေနလိုက္မယ္ဆိုရင္ အနည္းငယ္ေသာ ထိခိုက္မႈ႕မ်ိဳးရွိလာပါလိမ္႔မယ္။စကားအၾကာၾကီးမေျပာလိုက္ရလို႔ သူတို႔ စကားေျပာလို႔ မရေတာ႔တာမ်ိဳးႏွင္႔ မ်က္ႏွာကၾကြက္သားေတြ လႈပ္ရွားလို႔မရေတာ႔တာမ်ိဳးမျဖစ္သြားပါဘူး။ ဘာလို႔လည္း ဆိုေတာ႔ အစားစားေနတဲ႔ခ်ိန္ေတြ၊သြားတိုက္ေနတဲ႔အခ်ိန္ေတြႏွင္႔ စိတ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈ႕ေတြကုိ ေဖာ္ျပတဲ႔အခါေတြမွာ အဲ႔ဒီၾကြက္သားေတြက လႈပ္ရွားေနရလို႔ဘဲျဖစ္ပါတယ္။ ကြ်မ္းက်င္ပညာရွင္ေတြရဲ႕ ေျပာဆိုခ်က္ေတြအရ လူတစ္ခ်ိဳ႕ကုိ စကားအခ်ိန္အေတာ္ၾကာမေျပာခိုင္းဘဲ ေလ႔လာမႈ႕ေတြျပဳလုပ္ခဲ႔တဲ႔အခါ အသံပိုင္းဆိုင္ရာႏွင္႔ ပတ္သက္ျပီး ျပႆနာအနည္းငယ္ရွိခဲ႔ေပမယ္႔ အခ်ိန္တိုအတြင္းမွာဘဲ ျပန္ေကာင္းသြား တယ္လို႔ သိရပါတယ္။

၂) တစ္ႏွစ္ေလာက္ေရမခ်ိဳးဘဲေနရင္ေကာ ဘာေတြျဖစ္လာႏိုင္မလဲ

တစ္ႏွစ္ေလာက္ေရမခ်ိဳးယံုႏွင္႔ေတာ႔ သင္ဟာ မေသဆံုးႏိုင္ပါဘူးတဲ႔။ဒါေပမယ္႔ ကြ်န္ေတာ္တို႔ လူပတ္၀န္းက်င္မွာ ဒီလိုမ်ိဳး အေတြ႔အၾကံဳရွိတဲ႔သူေတာ႔ မရွိေသးပါဘူး။ဘတ္တီးရီးယားအမ်ားၾကီးနဲ႔ အေရျပားေသဆံုးမႈ႕ေတြေၾကာင္႔ အနံ႔ေတြဆိုးဆိုးရြားရြားထြက္ေနမွာျဖစ္ျပီးေတာ႔ ၀က္ျခံေတြ၊မိႈေတြ၊အဖုအပိမ္႔ေတြႏွင္႔ ေဗာက္ေတြအမ်ားၾကီးရွိေနမွာ အမွန္ပါဘဲ။ဒီလိုနဲ႔ ကူးစက္မႈ႕ရဲ႕ ဆိုးက်ိဳးရလာဒ္ ေတြက အေတာ္ကုိဆိုးရြားသြားမွာျဖစ္ျပီး အေသးစားခြဲစိတ္ကုသမႈ႕ေတြေတာင္ လုပ္ရမွာျဖစ္ပါတယ္။ေရအၾကာၾကီးျပန္ခ်ိဳးျပီးသြားတာေတာင္မွ ရက္သတၱပတ္အနည္းေလာက္ေတာ႔ ပံုမွန္အေျခအေန ပံုမွန္အသားအရည္ရေအာင္ျပန္လုပ္ယူရအံုးမွာျဖစ္ပါတယ္။

၃) ကမာၻၾကီးလည္ေနရင္းႏွင္႔ ရပ္တန္႔သြားရင္ ဘာေတြျဖစ္မလဲ

ကမာၻၾကီးလည္ေနတဲ႔ အရွိန္က တစ္နာရီကုိ ၁၆၀၀ ကီလိုမီတာျဖစ္ေနတာေတာင္မွ ဘယ္သူမွ သတိမထား မိပါဘူး။ကမာၻၾကီးသာလည္ေနရင္းႏွင္႔ ရပ္တန္႔သြားခဲ႔မယ္ဆိုရင္ ဘာေတြျဖစ္လာမလည္းဆိုတာ ကြ်န္ေတာ္တု႔ိ ေတြးလို႔ေတာင္မရပါဘူး။ဒီလိုမ်ိဳး လံုး၀ျဖစ္လာႏိုင္စရာအေၾကာင္းမရွိေပမယ္႔လည္း တကယ္သာျဖစ္သြားခဲ႔သည္ ရွိေသာ္ အေတာ္ကုိ ဆိုးရြားတ႔ဲ အေျခအေန ပ်က္ဆီးဆံုးရႈံးမႈ႕ေတြျဖစ္သြားမွာျဖစ္ပါတယ္။ အေဆာက္အဦးေတြ၊ သစ္ပင္ေတြ၊ကားေတြႏွင္႔ ကမာၻေပၚက အျခားအရာ၀တၳဳေတြအားလံုးဟာ အေရွ႕ဘက္ကုိပ်ံတက္သြားမွာျဖစ္ျပီး ေၾကာက္စရာေကာင္းတဲ႔ ေလထုၾကီးေတြျဖစ္ေပၚလာပါလိမ္႔မယ္။ ကုန္းေျမေပၚႏွင္႔ ပင္လယ္ထဲက မီးေတာင္ေတြ လႈပ္ခတ္မႈ႕ေၾကာင္႔ ျဖစ္ေပၚလာတဲ႔ ဆူနာမီၾကီးေတြဟာ ေတာင္တစ္လံုးစာထက္ ျမင္႔မားသြားမွာျဖစ္ျပီး လမ္းေၾကာင္းတစ္ေလွ်ာက္မွာရွိတဲ႔ အရာေတြအားလံုးကုိ ဖ်က္ဆီးသြားမွာျဖစ္ပါတယ္။ဒါဟာ လူသားမ်ိဳးႏြယ္ရဲ႕ အဆံုးအသတ္ျဖစ္သြားမွာပါ။ကမာၻတစ္ျခမ္းမွာ အေမွာင္အမည္းၾကီးဘဲ ၆လေလာက္ျဖစ္သြားမွာ ျဖစ္ပါတယ္။ တစ္ဦးတစ္ေယာက္မွ အသက္ရွင္က်န္ရစ္မွာ မဟုတ္ဘဲ တကယ္လို႔ အသက္ရွင္က်န္ရစ္ခဲ႔သည္ရွိေသာ္ သူတို႔ေတြဟာ ကမာၻတစ္ျခမ္းခ်င္းစီတိုင္းကုိ ၆လတစ္ခါျပည္႔တိုင္းေျပာင္းေရႊ႕ေနထိုင္ရမွာျဖစ္ပါတယ္။

၄) လက္ရွိအသံုးျပဳေနတဲ႔ Google ၾကီးသာ နာရီ၀က္ေလာက္ရပ္တန္႔သြားခဲ႔မယ္ဆိုရင္

၂၀၁၃ခုႏွစ္ ၾသဂုတ္လတုန္းက Google ႏွင္႔ သူ႕ရဲ႕ ၀န္ေဆာင္မႈ႕အားလံုးဟာ ၅မိနစ္ေလာက္ ရပ္တန္႔သြားခဲ႔ျပီ အင္တာနက္လမ္းေၾကာင္းဟာလည္း ၄၀ရာခိုင္ႏႈန္းေလ်ာ႔က်သြားခဲ႔ပါတယ္။ဒီေလာက္ဆိုရင္ေတာ႔ နာရီ၀က္သာ ရပ္တန္႔သြားမယ္ဆိုရင္ ဘယ္ေလာက္ေတာင္ ျပႆနာအၾကီးၾကီးေတြ တက္သြားမလည္းဆိုတာ ပံုေဖာ္ၾကည္႔ လို႔ရမယ္ထင္ပါတယ္။Google ကုိယ္တိုင္ေရာ သူရဲ႕ ၀န္ေဆာင္မႈ႕အားလံုးကုိ အသံုးျပဳေနတဲ႔ တျခား company ေတြအားလံုးေကာ ေငြေၾကးအေျမာက္အျမားဆံုးရႈံးသြားမွာျဖစ္ပါတယ္။မက္ေဆ႔အေရအတြက္ႏွင္႔ ဖုန္းေခၚဆိုမႈ႕ ေတြ မ်ားျပားသြားႏိုင္တဲ႔ အေျခအေနမွာရွိျပီးေတာ႔ Google လိုတျခားေသာ ရွာေဖြေရး website ေတြအတြက္ ေတာ႔ ေကာင္းမြန္သြားမွာျဖစ္ပါတယ္။

၅) လူတိုင္း အသက္ ၁၀၀ ေနထိုင္ႏိုင္မယ္ဆိုရင္

လူတိုင္းသာ အနည္းငယ္ ပိုမိုတဲ႔ အသက္နဲ႔ ေနထိုင္ခြင္႔ရခဲ႔မယ္ဆိုရင္ အသက္ၾကီးပိုင္းေတြ မ်ားျပားလာမွာျဖစ္ျပီး လူထုအဖြဲ႕အစည္းမွာ ေျပာင္းလဲမႈ႕ေတြ အမ်ားအျပားျဖစ္သြားမွာျဖစ္ပါတယ္။ဥပမာေျပာရရင္ တကၠသုိလ္ေတြ ႏွင္႔ ေကာလိပ္ေတြမွာ အသက္ ၁၈ႏွစ္ေတြအတြက္ေကာ အသက္ ၈၀ေတြအတြက္ပါ ေျပာင္းလဲေနရာ ထားေပးထားရမွာျဖစ္ပါတယ္။ျပီးေတာ႔ ျမိဳ႕အျပင္ဘက္မွာေနထိုင္တဲ႔ လူဦးေရေတြလည္း မ်ားသြားမွာျဖစ္ျပီး သက္ၾကီးပိုင္းေတြကုိ ဦးတည္တဲ႔ ေၾကာ္ျငာေတြလည္း မ်ားလာမွာျဖစ္ပါတယ္။အဲ႔ဒီလိုေၾကာ္ျငာေတြ မ်ားျပားလာတာေၾကာင္႔ သံုးစြဲမႈ႕ေတြလည္း မ်ားသြားမွာပါ။အသက္ ငယ္ရြယ္သူေတြလိုမ်ိဳး ၈၅ႏွစ္ေရာက္ရွိေနျပီး သားသူေတြဟာ အသစ္သစ္ေသာ အေၾကာင္းအရာေတြကုိ စိတ္၀င္စားၾကေတာ႔မွာ မဟုတ္ပါဘူး။ သက္ၾကီးပိုင္း ေတြက မႈ႕ခင္း အသိေတြကုိေျပာျပမွာျဖစ္တဲ႔အတြက္ေၾကာင္႔ မႈ႕ခင္းေတြလည္း က်ဆင္းသြားမွာျဖစ္ပါတယ္။ လူမႈ႕ဘ၀မွာ ကေလးေမြးႏႈန္းဟာ ရပ္တန္႔သြားမွာျဖစ္တဲ႔အျပင္ သူငယ္ခ်င္းမိတ္ေဆြ ဆက္ဆံေရးကလည္း ပိုျပီးေတာ႔ အေရးပါလာမွာျဖစ္ပါတယ္။

၆) ေရအစား ဆိုဒါေတြ ေသာက္မယ္ဆိုရင္

သင္႔ရဲ႕ ေန႔စဥ္စားေသာက္ေနတဲ႔ အရာေတြအားလံုးကုိ soda နဲ႔အစားလိုက္မယ္လို႔ စိတ္ကူးၾကည္႔႔ါ.တကယ္ကုိ မလုပ္သင္႔တဲ႔ အၾကံဆိုတာကုိ သင္သိပါလိမ္႔မယ္။ဒါေပမယ္႔ ခႏၶာကုိယ္မွာ ဘာေတြျဖစ္သြားမလည္း။ ပထမ အခ်က္ကေတာ႔ soda မွာတဲ႔ အက္ဆစ္ေတြက သင္႔ရဲ႕ သြားမွာရွိတ႔ဲ ေၾကြအလႊာကုိ စတင္ဖ်က္ဆီးပါလိမ္႔မယ္။ ျပီးေတာ႔ သြားေခ်းမွာ ကပ္ေနတဲ႔ ပိုးမႊားေတြက အခ်ိဳဓာတ္ေတြကုိဘဲ စားသံုးေနရတာေၾကာင္႔ သြားပိုးစားတဲ႔ အေျခအေနေရာက္ေအာင္ျပဳလုပ္ပါလိမ္႔မယ္။Soda တစ္ဘူးဟာ သင္႔ကုိ သၾကားဓာတ္ ၄၅ဂရမ္ေပးမွာ ျဖစ္ျပီးေတာ႔ သင္႔ရဲ႕ ဦးေႏွာက္က Soda ဘူးေတြကုိ ထပ္ထပ္ျပီး လိုအပ္ေတာင္႔တေတာ႔မွာျဖစ္ပါတယ္။ပီဇာ အခ်ပ္ၾကီးႏွစ္ခ်ပ္ကုိ တေန႔ထဲစားလိုက္သလိုမ်ိဳး ၅၄၃၂ ရွိတဲ႔ ကယ္လိုရီပမာဏကုိ ရရွိပါလိမ္႔မယ္။ဒီလိုနဲ႔ အဆီပိတ္ပါေတာ႔မယ္။ျပီးေတာ႔Soda မွာ သၾကားဓာတ္ အေျမာက္အမ်ားပါ၀င္တဲ႔ ေကာက္ႏွံအရည္တစ္မ်ိဳး ပါ၀င္တာေၾကာင္႔ ခႏၶာကုိယ္က ေကာင္းေကာင္ အစာမခ်က္ႏိုင္ေတာ႔ပါဘူး။ဒါ႔ေၾကာင္႔ အသည္းအဆီဖံုးတဲ႔ ေရာဂါႏွင္႔ ႏွလံုးေသြးေၾကာက်ဥ္းတဲ႔ေရာဂါအေျခအေနေတြပါ ျဖစ္ေပၚလာမွာျဖစ္ပါတယ္။

၇) သင္႔ရဲ႕ ကုိယ္ခႏၶာဟာ မားစ္ ျဂိဳလ္ေပၚမွာ ေနထိုင္ရင္ ဘာေတြျဖစ္မလဲ

မားစ္ျဂိဳလ္ေပၚမွာ ေနထိုင္တာ က်န္းမာေရးအတြက္ လံုး၀မေကာင္းႏိုင္တာအေသအခ်ာပါဘဲ။ကုိယ္တြင္းမွာရွိတဲ႔ ေသြးနီဆဲလ္ေတြဟာ ဆြဲအားေလ်ာ႔နည္းမႈ႕ေၾကာင္႔ က်ဆင္းသြားျပီး ေရာဂါခုခံတိုက္ဖ်က္တဲ႔ စနစ္ကုိ ဆိုးရြားသြားေစမွာျဖစ္ပါတယ္။
ေရာင္ျခည္ျဖာထြက္ျခင္းေၾကာင္႔ ကင္ဆာျဖစ္ႏိုင္ေခ် ၁၀ရာခိုင္ႏႈန္းထိ တိုးသြားမွာျဖစ္ပါတယ္။မားစ္ ေျမဆီထဲက ဓာတုေဗဒဓာတ္ေတြေၾကာင္႔ ေသြးက်ိရဲ႕ လုပ္ေဆာင္ခ်က္ကုိ ေလ်ာ႔နည္းေစျပီး ေသြးဖိအားတိုးလာေစ ႏိုင္ပါတယ္။ဒီလို ဓာတုေဗဒဓာတ္ေတြ ပိုမ်ားလာမယ္ဆိုရင္ေတာ႔ အဆုတ္ကုိပါ ထိခိုက္လာႏိုင္ပါတယ္။

၈) ကုိယ္႔ရဲ႕ ကုိယ္ပြားပံုတူကုိ ထုတ္မိရင္ ဘာေတြျဖစ္ႏိုင္မလဲ

သိပၸံပညာရွင္ေတြက ဒီစမ္းသပ္ခ်က္ကုိ တိရစာၦန္ေတြႏွင္႔စမ္းသပ္ျပီးသြားျပီျဖစ္ပါတယ္။ဒါေပမယ္႔ လူေတြကေတာ႔ ကုိယ္႔ကုိကုိယ္ ပံုတူကူးရင္ ဘာေတြျဖစ္လာမလည္း။ သိပၸံစိတ္ကူးယဥ္ကားေတြထဲက လြဲျပီးေတာ႔ အျပင္မွာ ပံုတူပြားမယ္ဆိုရင္ သင္ႏွင္႔ လံုး၀မတူႏိုင္ပါဘူးတဲ႔။ဂ်င္န္း အမ်ိဳးအစားေတြေပၚ မူတည္တယ္ဆိုတာ မွန္ေပမယ္႔လည္း သားအိမ္ထဲမွာရွိတဲ႔ ပတ္၀န္းက်င္ရဲ႕ လႊမ္းမိုးမႈ႕ေပၚမွာလည္း မူတည္ေနပါတယ္။ရုပ္ပိုင္းဆိုင္ရာ မတူေပမယ္႔လည္း သင္ေတြ႕ၾကံဳခဲ႔တဲ႔ ဘ၀အေတြ႔အၾကံဳ႕ေတြေတာ႔ သူက တစ္ထပ္ထဲရရွိႏိုင္ပါတယ္။စိတ္မေကာင္းစရာတစ္ခုက သင္႔ရဲ႕ ပံုတူကိုယ္ပြားက က်န္းမာေရးလံုး၀ေကာင္းမွာ မဟုတ္ပါဘူး။တိရစာၦန္ေတြရဲ႕ ပံုတူမွာေတာ႔ ဦးေႏွာဏ္ပိုင္း၊ႏွလံုးႏွင္႔ အသည္းတို႔မွာ ခ်ိဳ႕ယြင္းခ်က္ ျပႆနာေလးေတြရွိျပီး ေရာဂါကုိခုခံတဲ႔ ကုိယ္တြင္းစနစ္က ညံ႔ဖ်င္းပါတယ္။

၉) တကယ္လို႔မ်ား လူေတြက အလင္းရဲ႕ အျမန္ႏႈန္းႏွင္႔ ေရြ႕လ်ားႏိုင္ခဲ႔ရင္

ဒီအခ်က္က မျဖစ္ႏိုင္ပါဖူးကြာလို႔ေျပာၾကမွာပါ။မွန္ပါတယ္။ဒါေပမယ္႔ လူတစ္ေယာက္က အလင္းရဲ႕ အျမန္ႏႈန္းနဲ႔ ေရႊ႕လ်ားသြားႏိုင္တယ္လို႔ စိတ္ကူးယဥ္ၾကည္႔ရေအာင္။ဒီလိုလူတစ္ေယာက္အတြက္ အခ်ိန္က ေႏွးသြားပါလိမ္႔မယ္။ သူတို႔ရဲ႕ အျမင္ကလည္း ေျပာင္းသြားပါလိမ္႔မယ္။ ကမာၻၾကီးက ရွည္လ်ားျပီး ေမွာင္မဲေနတဲ႔ လိႈင္ေခါင္းၾကီးတစ္ခုလိုျဖစ္ျပီးေတာ႔ စကားေျပာရတာလည္း အဲ႔ဒီလို ခံစားမႈ႕မ်ိဳးႏွင္႔ဘဲျဖစ္ပါတယ္။ ၾကယ္ေတြရဲ႕ ဦးပိုင္းဟာ အျပာေရာင္ျဖစ္ေနျပီးေတာ႔ အေနာက္ပိုင္းက အနီေရာင္ျဖစ္ေနပါလိမ္႔မယ္။တိက်ေသခ်ာသြားတဲ႔ အရွိန္အျမန္ႏႈန္းမွာဆိုရင္ လူတစ္ေယာက္ဟာ အေမွာင္ကိုသာ ျမင္ရေတာ႔မွာျဖစ္ပါတယ္။ဘာလို႔လည္းဆိုေတာ႔ အလင္းရဲ႕ လိႈင္းေတြက ျမင္ႏိုင္တဲ႔အကြာအေ၀းရဲ႕ အျပင္မွာ ေရာက္သြားလို႔ျဖစ္ပါတယ္။

၁၀) ဒိုင္ႏိုေဆာေတြသာ ဆက္လက္ရွင္သန္ခဲ႔ရင္

လြန္ခဲ႔ေသာ ႏွစ္သန္းေပါင္း မ်ားစြာတုန္းကထဲက ဥကၠာခဲၾကီးသား ကမာၻကုိ ေက်ာ္သြားျပီး ဒိုင္ႏိုေဆာေတြကုိ မသတ္မိဘူးလို႔ စိတ္ကူးယဥ္ၾကည္႔ၾကရေအာင္။သူတို႔ေတြဟာ သာမန္ဘ၀နဲ႔ဘဲေနထိုင္ျပီးေတာ႔ အျခားႏို႔တိုက္သတၱ၀ါေတြကေတာ႔ ကုိက္ျဖတ္တက္တဲ႔ သတၱ၀ါေတြေလာက္ ဖြံ႔ျဖိဳးမႈ႕ရွိေတာ႔မွာ မဟုတ္ပါဘူး။ ဒိုင္ႏိုေဆာေတြသာ ေပ်ာက္ကြယ္သြားရင္ေတာ႔ ႏို႔တိုက္သတၱ၀ါအေျမာက္အျမားဟာ အခုတည္ရွိေနတဲ႔ ပံုစံအတိုင္း ဖြံ႔ျဖိဳးေနမွာျဖစ္ပါတယ္။ဒိုင္ႏိုေဆာေတြတည္ရွိေနရင္ ႏို႔တိုက္သတၱ၀ါေတြဟာ တြားတြားသတၱ၀ါ ေတြႏွင္႔ အတူယွဥ္ျပိဳင္ျပီးေနထိုင္ႏို္င္ေတာ႔မွာ မဟုတ္ပါဘူး။အဲ႔လိုသာဆိုရင္ စာဖတ္ေနသူ သင္ကလည္း အခုခ်ိန္ တည္ရွိေနမွာမဟုတ္ပါဘူး။

Unicode

တကယ်လို့များ တစ်နှစ်လောက် ရေမချိုးဘဲ စကားမပြောဘဲနေမယ်ဆိုရင် ဘာတွေဖြစ်လာမလည်း။ ကမ္ဘာကြီးသာ လည်နေရင်း ရုတ်တရက်ရပ်တန့်သွားရင် ဘာတွေဖြစ်လာမလည်း။အမှန်တကယ်တော့ လူတစ်ချို့ကသာလျှင် သူတို့ရဲ့ အကျိုးအကြောင်းစပ်ဆက်မှု့ကိုသာ စိတ်ဝင်စားကြတာဖြစ်ပါတယ်။ဒါပေမယ့် ဒီမေးခွန်းတွေကတော့ အခုထိတိုင်အောင် စိတ်ကို နှိုးဆွပေးနေနိုင်တုန်းဘဲဖြစ်ပါတယ်။ဒီမေးခွန်းတွေနှင့် ပတ်သက်ပြီးတော့ တစ်စုံတစ်ယောက်ကများ အဖြေတစ်ချို့တစ်လေ တွေ့သွားတယ်ဆိုရင်တောင် တကယ်ကို ထူးခြား အံ့သြဖွယ်ကောင်းသွားမှာဖြစ်ပါတယ်။ဒီသတင်းလေးထဲမှာတော့ ရှာဖွေတွေ့ရှိပြီးသား အချို့သော အဖြေလေးတွေကို ဖော်ပြပေးထားပါတယ်။

၁)တစ်နှစ်လောက်စကားမပြောဘဲနေလိုက်ရင် ဘာတွေဖြစ်လာမလဲ

လူသားတွေအားလုံးအတွက် ပေါင်းသင်းဆက်ဆံရေးဆိုတာလိုအပ်တာကြောင့် သာမာန်လူတစ်ယောက်ကိုပင် တစ်နှစ်လောက်စကားမပြောဘဲနေခိုင်းဖို့ဆိုတာ အတော်ကိုခက်ခဲတဲ့အရာဘဲဖြစ်ပါတယ်။ဒါပေမယ့် တကယ်လို့များ တစ်စုံတစ်ယောက်က အချိန်အတိုင်းအတာတစ်ခုအထိ စကားမပြောဘဲနေလိုက်မယ်ဆိုရင် အနည်းငယ်သော ထိခိုက်မှု့မျိုးရှိလာပါလိမ့်မယ်။စကားအကြာကြီးမပြောလိုက်ရလို့ သူတို့ စကားပြောလို့ မရတော့တာမျိုးနှင့် မျက်နှာကကြွက်သားတွေ လှုပ်ရှားလို့မရတော့တာမျိုးမဖြစ်သွားပါဘူး။ ဘာလို့လည်း ဆိုတော့ အစားစားနေတဲ့ချိန်တွေ၊သွားတိုက်နေတဲ့အချိန်တွေနှင့် စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု့တွေကို ဖော်ပြတဲ့အခါတွေမှာ အဲ့ဒီကြွက်သားတွေက လှုပ်ရှားနေရလို့ဘဲဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောဆိုချက်တွေအရ လူတစ်ချို့ကို စကားအချိန်အတော်ကြာမပြောခိုင်းဘဲ လေ့လာမှု့တွေပြုလုပ်ခဲ့တဲ့အခါ အသံပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိခဲ့ပေမယ့် အချိန်တိုအတွင်းမှာဘဲ ပြန်ကောင်းသွား တယ်လို့ သိရပါတယ်။

၂) တစ်နှစ်လောက်ရေမချိုးဘဲနေရင်ကော ဘာတွေဖြစ်လာနိုင်မလဲ

တစ်နှစ်လောက်ရေမချိုးယုံနှင့်တော့ သင်ဟာ မသေဆုံးနိုင်ပါဘူးတဲ့။ဒါပေမယ့် ကျွန်တော်တို့ လူပတ်ဝန်းကျင်မှာ ဒီလိုမျိုး အတွေ့အကြုံရှိတဲ့သူတော့ မရှိသေးပါဘူး။ဘတ်တီးရီးယားအများကြီးနဲ့ အရေပြားသေဆုံးမှု့တွေကြောင့် အနံ့တွေဆိုးဆိုးရွားရွားထွက်နေမှာဖြစ်ပြီးတော့ ဝက်ခြံတွေ၊မှိုတွေ၊အဖုအပိမ့်တွေနှင့် ဗောက်တွေအများကြီးရှိနေမှာ အမှန်ပါဘဲ။ဒီလိုနဲ့ ကူးစက်မှု့ရဲ့ ဆိုးကျိုးရလာဒ် တွေက အတော်ကိုဆိုးရွားသွားမှာဖြစ်ပြီး အသေးစားခွဲစိတ်ကုသမှု့တွေတောင် လုပ်ရမှာဖြစ်ပါတယ်။ရေအကြာကြီးပြန်ချိုးပြီးသွားတာတောင်မှ ရက်သတ္တပတ်အနည်းလောက်တော့ ပုံမှန်အခြေအနေ ပုံမှန်အသားအရည်ရအောင်ပြန်လုပ်ယူရအုံးမှာဖြစ်ပါတယ်။

၃) ကမ္ဘာကြီးလည်နေရင်းနှင့် ရပ်တန့်သွားရင် ဘာတွေဖြစ်မလဲ

ကမ္ဘာကြီးလည်နေတဲ့ အရှိန်က တစ်နာရီကို ၁၆၀၀ ကီလိုမီတာဖြစ်နေတာတောင်မှ ဘယ်သူမှ သတိမထား မိပါဘူး။ကမ္ဘာကြီးသာလည်နေရင်းနှင့် ရပ်တန့်သွားခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလည်းဆိုတာ ကျွန်တော်တို့ တွေးလို့တောင်မရပါဘူး။ဒီလိုမျိုး လုံးဝဖြစ်လာနိုင်စရာအကြောင်းမရှိပေမယ့်လည်း တကယ်သာဖြစ်သွားခဲ့သည် ရှိသော် အတော်ကို ဆိုးရွားတဲ့ အခြေအနေ ပျက်ဆီးဆုံးရှုံးမှု့တွေဖြစ်သွားမှာဖြစ်ပါတယ်။ အဆောက်အဦးတွေ၊ သစ်ပင်တွေ၊ကားတွေနှင့် ကမ္ဘာပေါ်က အခြားအရာဝတ္ထုတွေအားလုံးဟာ အရှေ့ဘက်ကိုပျံတက်သွားမှာဖြစ်ပြီး ကြောက်စရာကောင်းတဲ့ လေထုကြီးတွေဖြစ်ပေါ်လာပါလိမ့်မယ်။ ကုန်းမြေပေါ်နှင့် ပင်လယ်ထဲက မီးတောင်တွေ လှုပ်ခတ်မှု့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီကြီးတွေဟာ တောင်တစ်လုံးစာထက် မြင့်မားသွားမှာဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အရာတွေအားလုံးကို ဖျက်ဆီးသွားမှာဖြစ်ပါတယ်။ဒါဟာ လူသားမျိုးနွယ်ရဲ့ အဆုံးအသတ်ဖြစ်သွားမှာပါ။ကမ္ဘာတစ်ခြမ်းမှာ အမှောင်အမည်းကြီးဘဲ ၆လလောက်ဖြစ်သွားမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်မှ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘဲ တကယ်လို့ အသက်ရှင်ကျန်ရစ်ခဲ့သည်ရှိသော် သူတို့တွေဟာ ကမ္ဘာတစ်ခြမ်းချင်းစီတိုင်းကို ၆လတစ်ခါပြည့်တိုင်းပြောင်းရွှေ့နေထိုင်ရမှာဖြစ်ပါတယ်။

၄) လက်ရှိအသုံးပြုနေတဲ့ Google ကြီးသာ နာရီဝက်လောက်ရပ်တန့်သွားခဲ့မယ်ဆိုရင်

၂၀၁၃ခုနှစ် သြဂုတ်လတုန်းက Google နှင့် သူ့ရဲ့ ဝန်ဆောင်မှု့အားလုံးဟာ ၅မိနစ်လောက် ရပ်တန့်သွားခဲ့ပြီ အင်တာနက်လမ်းကြောင်းဟာလည်း ၄ဝရာခိုင်နှုန်းလျော့ကျသွားခဲ့ပါတယ်။ဒီလောက်ဆိုရင်တော့ နာရီဝက်သာ ရပ်တန့်သွားမယ်ဆိုရင် ဘယ်လောက်တောင် ပြဿနာအကြီးကြီးတွေ တက်သွားမလည်းဆိုတာ ပုံဖော်ကြည့် လို့ရမယ်ထင်ပါတယ်။Google ကိုယ်တိုင်ရော သူရဲ့ ဝန်ဆောင်မှု့အားလုံးကို အသုံးပြုနေတဲ့ တခြား company တွေအားလုံးကော ငွေကြေးအမြောက်အမြားဆုံးရှုံးသွားမှာဖြစ်ပါတယ်။မက်ဆေ့အရေအတွက်နှင့် ဖုန်းခေါ်ဆိုမှု့ တွေ များပြားသွားနိုင်တဲ့ အခြေအနေမှာရှိပြီးတော့ Google လိုတခြားသော ရှာဖွေရေး website တွေအတွက် တော့ ကောင်းမွန်သွားမှာဖြစ်ပါတယ်။

၅) လူတိုင်း အသက် ၁၀၀ နေထိုင်နိုင်မယ်ဆိုရင်

လူတိုင်းသာ အနည်းငယ် ပိုမိုတဲ့ အသက်နဲ့ နေထိုင်ခွင့်ရခဲ့မယ်ဆိုရင် အသက်ကြီးပိုင်းတွေ များပြားလာမှာဖြစ်ပြီး လူထုအဖွဲ့အစည်းမှာ ပြောင်းလဲမှု့တွေ အများအပြားဖြစ်သွားမှာဖြစ်ပါတယ်။ဥပမာပြောရရင် တက္ကသိုလ်တွေ နှင့် ကောလိပ်တွေမှာ အသက် ၁၈နှစ်တွေအတွက်ကော အသက် ၈ဝတွေအတွက်ပါ ပြောင်းလဲနေရာ ထားပေးထားရမှာဖြစ်ပါတယ်။ပြီးတော့ မြို့အပြင်ဘက်မှာနေထိုင်တဲ့ လူဦးရေတွေလည်း များသွားမှာဖြစ်ပြီး သက်ကြီးပိုင်းတွေကို ဦးတည်တဲ့ ကြော်ငြာတွေလည်း များလာမှာဖြစ်ပါတယ်။အဲ့ဒီလိုကြော်ငြာတွေ များပြားလာတာကြောင့် သုံးစွဲမှု့တွေလည်း များသွားမှာပါ။အသက် ငယ်ရွယ်သူတွေလိုမျိုး ၈၅နှစ်ရောက်ရှိနေပြီး သားသူတွေဟာ အသစ်သစ်သော အကြောင်းအရာတွေကို စိတ်ဝင်စားကြတော့မှာ မဟုတ်ပါဘူး။ သက်ကြီးပိုင်း တွေက မှု့ခင်း အသိတွေကိုပြောပြမှာဖြစ်တဲ့အတွက်ကြောင့် မှု့ခင်းတွေလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။ လူမှု့ဘဝမှာ ကလေးမွေးနှုန်းဟာ ရပ်တန့်သွားမှာဖြစ်တဲ့အပြင် သူငယ်ချင်းမိတ်ဆွေ ဆက်ဆံရေးကလည်း ပိုပြီးတော့ အရေးပါလာမှာဖြစ်ပါတယ်။

၆) ရေအစား ဆိုဒါတွေ သောက်မယ်ဆိုရင်

သင့်ရဲ့ နေ့စဉ်စားသောက်နေတဲ့ အရာတွေအားလုံးကို soda နဲ့အစားလိုက်မယ်လို့ စိတ်ကူးကြည့့်ါ.တကယ်ကို မလုပ်သင့်တဲ့ အကြံဆိုတာကို သင်သိပါလိမ့်မယ်။ဒါပေမယ့် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်သွားမလည်း။ ပထမ အချက်ကတော့ soda မှာတဲ့ အက်ဆစ်တွေက သင့်ရဲ့ သွားမှာရှိတဲ့ ကြွေအလွှာကို စတင်ဖျက်ဆီးပါလိမ့်မယ်။ ပြီးတော့ သွားချေးမှာ ကပ်နေတဲ့ ပိုးမွှားတွေက အချိုဓာတ်တွေကိုဘဲ စားသုံးနေရတာကြောင့် သွားပိုးစားတဲ့ အခြေအနေရောက်အောင်ပြုလုပ်ပါလိမ့်မယ်။Soda တစ်ဘူးဟာ သင့်ကို သကြားဓာတ် ၄၅ဂရမ်ပေးမှာ ဖြစ်ပြီးတော့ သင့်ရဲ့ ဦးနှောက်က Soda ဘူးတွေကို ထပ်ထပ်ပြီး လိုအပ်တောင့်တတော့မှာဖြစ်ပါတယ်။ပီဇာ အချပ်ကြီးနှစ်ချပ်ကို တနေ့ထဲစားလိုက်သလိုမျိုး ၅၄၃၂ ရှိတဲ့ ကယ်လိုရီပမာဏကို ရရှိပါလိမ့်မယ်။ဒီလိုနဲ့ အဆီပိတ်ပါတော့မယ်။ပြီးတော့Soda မှာ သကြားဓာတ် အမြောက်အများပါဝင်တဲ့ ကောက်နှံအရည်တစ်မျိုး ပါဝင်တာကြောင့် ခန္ဓာကိုယ်က ကောင်းကောင် အစာမချက်နိုင်တော့ပါဘူး။ဒါ့ကြောင့် အသည်းအဆီဖုံးတဲ့ ရောဂါနှင့် နှလုံးသွေးကြောကျဉ်းတဲ့ရောဂါအခြေအနေတွေပါ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

၇) သင့်ရဲ့ ကိုယ်ခန္ဓာဟာ မားစ် ဂြိုလ်ပေါ်မှာ နေထိုင်ရင် ဘာတွေဖြစ်မလဲ

မားစ်ဂြိုလ်ပေါ်မှာ နေထိုင်တာ ကျန်းမာရေးအတွက် လုံးဝမကောင်းနိုင်တာအသေအချာပါဘဲ။ကိုယ်တွင်းမှာရှိတဲ့ သွေးနီဆဲလ်တွေဟာ ဆွဲအားလျော့နည်းမှု့ကြောင့် ကျဆင်းသွားပြီး ရောဂါခုခံတိုက်ဖျက်တဲ့ စနစ်ကို ဆိုးရွားသွားစေမှာဖြစ်ပါတယ်။
ရောင်ခြည်ဖြာထွက်ခြင်းကြောင့် ကင်ဆာဖြစ်နိုင်ချေ ၁ဝရာခိုင်နှုန်းထိ တိုးသွားမှာဖြစ်ပါတယ်။မားစ် မြေဆီထဲက ဓာတုဗေဒဓာတ်တွေကြောင့် သွေးကျိရဲ့ လုပ်ဆောင်ချက်ကို လျော့နည်းစေပြီး သွေးဖိအားတိုးလာစေ နိုင်ပါတယ်။ဒီလို ဓာတုဗေဒဓာတ်တွေ ပိုများလာမယ်ဆိုရင်တော့ အဆုတ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။

၈) ကိုယ့်ရဲ့ ကိုယ်ပွားပုံတူကို ထုတ်မိရင် ဘာတွေဖြစ်နိုင်မလဲ

သိပ္ပံပညာရှင်တွေက ဒီစမ်းသပ်ချက်ကို တိရစ္ဆာန်တွေနှင့်စမ်းသပ်ပြီးသွားပြီဖြစ်ပါတယ်။ဒါပေမယ့် လူတွေကတော့ ကိုယ့်ကိုကိုယ် ပုံတူကူးရင် ဘာတွေဖြစ်လာမလည်း။ သိပ္ပံစိတ်ကူးယဉ်ကားတွေထဲက လွဲပြီးတော့ အပြင်မှာ ပုံတူပွားမယ်ဆိုရင် သင်နှင့် လုံးဝမတူနိုင်ပါဘူးတဲ့။ဂျင်န်း အမျိုးအစားတွေပေါ် မူတည်တယ်ဆိုတာ မှန်ပေမယ့်လည်း သားအိမ်ထဲမှာရှိတဲ့ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု့ပေါ်မှာလည်း မူတည်နေပါတယ်။ရုပ်ပိုင်းဆိုင်ရာ မတူပေမယ့်လည်း သင်တွေ့ကြုံခဲ့တဲ့ ဘဝအတွေ့အကြုံ့တွေတော့ သူက တစ်ထပ်ထဲရရှိနိုင်ပါတယ်။စိတ်မကောင်းစရာတစ်ခုက သင့်ရဲ့ ပုံတူကိုယ်ပွားက ကျန်းမာရေးလုံးဝကောင်းမှာ မဟုတ်ပါဘူး။တိရစ္ဆာန်တွေရဲ့ ပုံတူမှာတော့ ဦးနှောဏ်ပိုင်း၊နှလုံးနှင့် အသည်းတို့မှာ ချို့ယွင်းချက် ပြဿနာလေးတွေရှိပြီး ရောဂါကိုခုခံတဲ့ ကိုယ်တွင်းစနစ်က ညံ့ဖျင်းပါတယ်။

၉) တကယ်လို့များ လူတွေက အလင်းရဲ့ အမြန်နှုန်းနှင့် ရွေ့လျားနိုင်ခဲ့ရင်

ဒီအချက်က မဖြစ်နိုင်ပါဖူးကွာလို့ပြောကြမှာပါ။မှန်ပါတယ်။ဒါပေမယ့် လူတစ်ယောက်က အလင်းရဲ့ အမြန်နှုန်းနဲ့ ရွှေ့လျားသွားနိုင်တယ်လို့ စိတ်ကူးယဉ်ကြည့်ရအောင်။ဒီလိုလူတစ်ယောက်အတွက် အချိန်က နှေးသွားပါလိမ့်မယ်။ သူတို့ရဲ့ အမြင်ကလည်း ပြောင်းသွားပါလိမ့်မယ်။ ကမ္ဘာကြီးက ရှည်လျားပြီး မှောင်မဲနေတဲ့ လှိုင်ခေါင်းကြီးတစ်ခုလိုဖြစ်ပြီးတော့ စကားပြောရတာလည်း အဲ့ဒီလို ခံစားမှု့မျိုးနှင့်ဘဲဖြစ်ပါတယ်။ ကြယ်တွေရဲ့ ဦးပိုင်းဟာ အပြာရောင်ဖြစ်နေပြီးတော့ အနောက်ပိုင်းက အနီရောင်ဖြစ်နေပါလိမ့်မယ်။တိကျသေချာသွားတဲ့ အရှိန်အမြန်နှုန်းမှာဆိုရင် လူတစ်ယောက်ဟာ အမှောင်ကိုသာ မြင်ရတော့မှာဖြစ်ပါတယ်။ဘာလို့လည်းဆိုတော့ အလင်းရဲ့ လှိုင်းတွေက မြင်နိုင်တဲ့အကွာအဝေးရဲ့ အပြင်မှာ ရောက်သွားလို့ဖြစ်ပါတယ်။

၁၀) ဒိုင်နိုဆောတွေသာ ဆက်လက်ရှင်သန်ခဲ့ရင်

လွန်ခဲ့သော နှစ်သန်းပေါင်း များစွာတုန်းကထဲက ဥက္ကာခဲကြီးသား ကမ္ဘာကို ကျော်သွားပြီး ဒိုင်နိုဆောတွေကို မသတ်မိဘူးလို့ စိတ်ကူးယဉ်ကြည့်ကြရအောင်။သူတို့တွေဟာ သာမန်ဘဝနဲ့ဘဲနေထိုင်ပြီးတော့ အခြားနို့တိုက်သတ္တဝါတွေကတော့ ကိုက်ဖြတ်တက်တဲ့ သတ္တဝါတွေလောက် ဖွံ့ဖြိုးမှု့ရှိတော့မှာ မဟုတ်ပါဘူး။ ဒိုင်နိုဆောတွေသာ ပျောက်ကွယ်သွားရင်တော့ နို့တိုက်သတ္တဝါအမြောက်အမြားဟာ အခုတည်ရှိနေတဲ့ ပုံစံအတိုင်း ဖွံ့ဖြိုးနေမှာဖြစ်ပါတယ်။ဒိုင်နိုဆောတွေတည်ရှိနေရင် နို့တိုက်သတ္တဝါတွေဟာ တွားတွားသတ္တဝါ တွေနှင့် အတူယှဉ်ပြိုင်ပြီးနေထိုင်နို်င်တော့မှာ မဟုတ်ပါဘူး။အဲ့လိုသာဆိုရင် စာဖတ်နေသူ သင်ကလည်း အခုချိန် တည်ရှိနေမှာမဟုတ်ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here