တန္ဖုိးအႀကီးဆုံး ဖုန္း ၅ လုံး

0
49

လက္ထဲမွာ ေဒၚလာ ငါးသိန္းေလာက္ ကုိင္ၿပီး လမ္းေလွ်ာက္ခုိင္းမယ္ ဆုိရင္ မသမာသူေတြ အႏ ၱရာယ္ေၾကာင့္ ေလွ်ာက္ရဲပါ့မလား။ ေဒၚလာငါးသိန္းေလာက္ကုိင္ၿပီး ေန႔စဥ္ေန႔တုိင္း လမ္းေပၚေလွ်ာက္သြားေနသူေတြ ရွိပါတယ္။ ဒါေပမဲ့ သူတုိ႔ ကုိင္ထားတဲ့ ေဒၚလာငါးသိန္းက ေငြသားမဟုတ္ပါဘူး။ သူတုိ႔ ဘယ္ေလာက္ ခ်မ္းသာၾကြယ္ဝလဲဆုိတာ ေဖာ္ညႊန္းေနတဲ့ တန္ဖုိးႀကီးပစၥည္းေတြ ကုိင္ေဆာင္ထားၾကတာပါ။

ဘဏ္အေကာင့္ထဲမွာ ေဒၚလာဘီလ်ံနဲ႔ခ်ီ ရွိေနသူေတြအတြက္ေတာ့ စိန္၊ ေရႊ၊ လက္ဝတ္ရတနာေတြ၊ သားေမႊးအက်ၤ ီေတြ၊ ကုိယ္ပုိင္ရဟတ္ယာဥ္ေတြနဲ႔တင္ အားမရၾကဘဲ နည္းပညာေလာကမွာ ေနရာယူလာတဲ့ ဖုန္းေတြကုိ သူ႔ထက္ ငါ တန္ဖုိးႀကီးတာေတြ ကုိင္လာၾကပါတယ္။ အဲဒီအထဲမွာ ေရႊသား ကုိယ္ထည္နဲ႔လုပ္ၿပီး စိန္စီထားတဲ့ စမတ္ဖုန္းေတြလည္း ပါဝင္ပါတယ္။ ေျပာခ်င္လြန္းလုိ႔ ပရိသတ္ေတြအတြက္ အခုေဖာ္ျပေပးမွာကေတာ့ ကမာၻ႔တန္ဖုိးအႀကီးဆုံး စမတ္ဖုန္း ငါးမ်ဳိးပဲ ျဖစ္ပါတယ္။

(၁) Black Diamond iPhone 5 – ၁၃.၅ သန္း

၂၄ ကာရက္ရွိတဲ့ ေရႊသား ၁၃၅ ဂရမ္၊ အနာအဆာမရွိတဲ့ စိန္ပြင့္ ၅၃ ပြင့္ အသုံးျပဳၿပီး သီတင္းပတ္ ၉ ပတ္ၾကာ အခ်ိန္ယူ ဖန္တီးခဲ့တာပါ။ ဖုန္းမ်က္ႏွာျပင္ကုိ ျပာလဲ့ေနတဲ့ နီလာနဲ႔ ျပဳလုပ္ထားတာပါ။ တ႐ုတ္ႏုိင္ငံသား စီးပြားေရး လုပ္ငန္းရွင္တစ္ဦးက သူ႔ရဲ႕ ခ်မ္းသာၾကယ္ဝမႈေတြကုိ ေဖာ္ျပဖုိ႔ ၿဗိတိန္အေျခစုိက္ လက္မႈပညာရွင္ စတူးအက္ဟုခ်္ထံမွာ ေအာ္ဒါမွာယူခဲ့တာပါ။

(၂) Goldvish Le Million – ၁.၃ သန္း

ဒါကေတာ့ ၂၀၀၆ ခုႏွစ္က ထြက္ေပၚခဲ့တာပါ။ အထင္ကရ စမတ္ဖုန္းတစ္လုံးလုိ႔ ေျပာဖုိ႔ခက္ခဲသလုိ ဖုန္းကုိယ္ထည္ ေနာက္ပုိင္းမွာလည္း အရမ္းကြန္႔ထားသလုိ ျဖစ္ေနပါတယ္။ ဒါေပမဲ့ ထူးျခားတဲ့ပုံစံနဲ႔ မက္ေလာက္စရာ သြင္ျပင္ရွိေနတာေတာ့ ေသခ်ာပါတယ္။ ေစ်းကြက္ထဲမွာလည္း ျမင္ေတြ႕ရေလ့မရွိတဲ့ပုံစံမ်ဳိးပါ။ ၁၈ ကာရက္ရွိတဲ့ ေရႊသားေၾကာင့္ ေတာက္ပေနတဲ့ဖုန္းကုိ ၁၂၀ ကာရက္ရွိတဲ့ စိန္ေတြစီၿပီး ၿပိဳးၿပိဳးျပက္ျပက္ျဖစ္ေအာင္ ဖန္တီးထားတာပါ။ ဒီဖုန္းကုိ ဖန္တီးသူကေတာ့ အီမန္ႏူယယ္ဂူအစ္ ျဖစ္ပါတယ္။

(၃) Black Diamond VIPN – ေဒၚလာ ၃ သိန္း

ထူးျခားတဲ့ပုံစံနဲ႔ အနာဂတ္ကုိ ေရွး႐ႈတဲ့ ဒီဇုိင္းမ်ဳိး ဖန္တီးထားတာပါ။ ဖုန္းကုိယ္ထည္ကုိ တုိင္တန္နီယမ္သတၱဳ၊ ပုိလီကာဗြန္ေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး အေပၚယံအခြံမွာ စိန္ပြင့္ေတြ ထည့္သြင္းထားပါတယ္။ ဂ်ာရင္ဂုိ႔ဆုိသူက ဖန္တီးခဲ့တာပါ။

(၄) Dior Reverie Haute Couture – ေဒၚလာ ၁၀၂၁၂၂

ဖက္ရွင္ဒီဇုိင္း တီထြင္သူေတြအားလုံးရဲ႕ အိပ္မက္ထဲက ဒီဇုိင္းမ်ဳိးလုိ႔ ဆုိႏုိင္ပါတယ္။ ခ်စ္စရာေကာင္းၿပီး စတုိင္က်ပါတယ္။ Dior(ဒီေအာ)
ေဖာက္သည္ေတြအတြက္ ဖန္တီးထားတာျဖစ္ၿပီး ပုလဲ၊ စိန္၊ ေရႊျဖဴေတြနဲ႔ မြမ္းမံစီခ်ယ္ထားပါတယ္။ ဒီလုိဖုန္းမ်ဳိး ၉၉ လုံးပဲ ထုတ္လုပ္ခဲ့တာပါ။ မ်က္ႏွာျပင္ကေတာ့ LCD touchscreen ျဖစ္ၿပီး စိန္ပြင့္ ၁၅၃၉ ပြင့္၊ သဘာဝပုလဲ ၄၆ လုံး၊ ၁၈ ကာရက္ ေရႊျဖဴေတြနဲ႔ ဖန္တီးထားတာပါ။

(၅) Aston Martin Racing 808- ေဒၚလာ ၃၀၀၀၀

ဂ်ိမ္းစ္ဘြန္းဇာတ္ကားထဲမွာ မင္းသားစီးတဲ့ Aston Martin ကားကုိ တအားစြဲလမ္းၿပီး မဝယ္ႏုိင္ဘူးဆုိရင္ေတာ့ အဲဒီကားပုံစံဒီဇုိင္း ဖန္တီးထားတဲ့ ဖုန္းကေတာ့ ဝယ္ခ်င္စရာ ျဖစ္ေနမွာပါ။ ဒါဟာ သမုိငး္တစ္ေလွ်ာက္ စြဲေဆာင္မႈအရွိဆုံး စမတ္ဖုန္းလုိ႔ မဆုိႏုိင္ေပမယ့္ သူ႔အထာနဲ႔သူ လန္းေနတာေတာ့ အမွန္ပါပဲ။ ဖုန္းကုိယ္ထည္ကုိ ၁၈ ကာရက္ ေရႊသားနဲ႔ လုပ္ထားၿပီး စိန္အလုံးသန္႔ေတြနဲ႔ မြမ္းမံထားတာပါ။

Unicode

လက်ထဲမှာ ဒေါ်လာ ငါးသိန်းလောက် ကိုင်ပြီး လမ်းလျှောက်ခိုင်းမယ် ဆိုရင် မသမာသူတွေ အန ္တရာယ်ကြောင့် လျှောက်ရဲပါ့မလား။ ဒေါ်လာငါးသိန်းလောက်ကိုင်ပြီး နေ့စဉ်နေ့တိုင်း လမ်းပေါ်လျှောက်သွားနေသူတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ ကိုင်ထားတဲ့ ဒေါ်လာငါးသိန်းက ငွေသားမဟုတ်ပါဘူး။ သူတို့ ဘယ်လောက် ချမ်းသာကြွယ်ဝလဲဆိုတာ ဖော်ညွှန်းနေတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ကိုင်ဆောင်ထားကြတာပါ။

ဘဏ်အကောင့်ထဲမှာ ဒေါ်လာဘီလျံနဲ့ချီ ရှိနေသူတွေအတွက်တော့ စိန်၊ ရွှေ၊ လက်ဝတ်ရတနာတွေ၊ သားမွှေးအကျင်္ ီတွေ၊ ကိုယ်ပိုင်ရဟတ်ယာဉ်တွေနဲ့တင် အားမရကြဘဲ နည်းပညာလောကမှာ နေရာယူလာတဲ့ ဖုန်းတွေကို သူ့ထက် ငါ တန်ဖိုးကြီးတာတွေ ကိုင်လာကြပါတယ်။ အဲဒီအထဲမှာ ရွှေသား ကိုယ်ထည်နဲ့လုပ်ပြီး စိန်စီထားတဲ့ စမတ်ဖုန်းတွေလည်း ပါဝင်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် အခုဖော်ပြပေးမှာကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း ငါးမျိုးပဲ ဖြစ်ပါတယ်။

(၁) Black Diamond iPhone 5 – ၁၃.၅ သန်း

၂၄ ကာရက်ရှိတဲ့ ရွှေသား ၁၃၅ ဂရမ်၊ အနာအဆာမရှိတဲ့ စိန်ပွင့် ၅၃ ပွင့် အသုံးပြုပြီး သီတင်းပတ် ၉ ပတ်ကြာ အချိန်ယူ ဖန်တီးခဲ့တာပါ။ ဖုန်းမျက်နှာပြင်ကို ပြာလဲ့နေတဲ့ နီလာနဲ့ ပြုလုပ်ထားတာပါ။ တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့ ချမ်းသာကြယ်ဝမှုတွေကို ဖော်ပြဖို့ ဗြိတိန်အခြေစိုက် လက်မှုပညာရှင် စတူးအက်ဟုချ်ထံမှာ အော်ဒါမှာယူခဲ့တာပါ။

(၂) Goldvish Le Million – ၁.၃ သန်း

ဒါကတော့ ၂၀၀၆ ခုနှစ်က ထွက်ပေါ်ခဲ့တာပါ။ အထင်ကရ စမတ်ဖုန်းတစ်လုံးလို့ ပြောဖို့ခက်ခဲသလို ဖုန်းကိုယ်ထည် နောက်ပိုင်းမှာလည်း အရမ်းကွန့်ထားသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့ပုံစံနဲ့ မက်လောက်စရာ သွင်ပြင်ရှိနေတာတော့ သေချာပါတယ်။ စျေးကွက်ထဲမှာလည်း မြင်တွေ့ရလေ့မရှိတဲ့ပုံစံမျိုးပါ။ ၁၈ ကာရက်ရှိတဲ့ ရွှေသားကြောင့် တောက်ပနေတဲ့ဖုန်းကို ၁၂၀ ကာရက်ရှိတဲ့ စိန်တွေစီပြီး ပြိုးပြိုးပြက်ပြက်ဖြစ်အောင် ဖန်တီးထားတာပါ။ ဒီဖုန်းကို ဖန်တီးသူကတော့ အီမန်နူယယ်ဂူအစ် ဖြစ်ပါတယ်။

(၃) Black Diamond VIPN – ဒေါ်လာ ၃ သိန်း

ထူးခြားတဲ့ပုံစံနဲ့ အနာဂတ်ကို ရှေးရှုတဲ့ ဒီဇိုင်းမျိုး ဖန်တီးထားတာပါ။ ဖုန်းကိုယ်ထည်ကို တိုင်တန်နီယမ်သတ္တု၊ ပိုလီကာဗွန်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အပေါ်ယံအခွံမှာ စိန်ပွင့်တွေ ထည့်သွင်းထားပါတယ်။ ဂျာရင်ဂို့ဆိုသူက ဖန်တီးခဲ့တာပါ။

(၄) Dior Reverie Haute Couture – ဒေါ်လာ ၁၀၂၁၂၂

ဖက်ရှင်ဒီဇိုင်း တီထွင်သူတွေအားလုံးရဲ့ အိပ်မက်ထဲက ဒီဇိုင်းမျိုးလို့ ဆိုနိုင်ပါတယ်။ ချစ်စရာကောင်းပြီး စတိုင်ကျပါတယ်။ Dior(ဒီအော)
ဖောက်သည်တွေအတွက် ဖန်တီးထားတာဖြစ်ပြီး ပုလဲ၊ စိန်၊ ရွှေဖြူတွေနဲ့ မွမ်းမံစီချယ်ထားပါတယ်။ ဒီလိုဖုန်းမျိုး ၉၉ လုံးပဲ ထုတ်လုပ်ခဲ့တာပါ။ မျက်နှာပြင်ကတော့ LCD touchscreen ဖြစ်ပြီး စိန်ပွင့် ၁၅၃၉ ပွင့်၊ သဘာဝပုလဲ ၄၆ လုံး၊ ၁၈ ကာရက် ရွှေဖြူတွေနဲ့ ဖန်တီးထားတာပါ။

(၅) Aston Martin Racing 808- ဒေါ်လာ ၃၀၀၀၀

ဂျိမ်းစ်ဘွန်းဇာတ်ကားထဲမှာ မင်းသားစီးတဲ့ Aston Martin ကားကို တအားစွဲလမ်းပြီး မဝယ်နိုင်ဘူးဆိုရင်တော့ အဲဒီကားပုံစံဒီဇိုင်း ဖန်တီးထားတဲ့ ဖုန်းကတော့ ဝယ်ချင်စရာ ဖြစ်နေမှာပါ။ ဒါဟာ သမိုငး်တစ်လျှောက် စွဲဆောင်မှုအရှိဆုံး စမတ်ဖုန်းလို့ မဆိုနိုင်ပေမယ့် သူ့အထာနဲ့သူ လန်းနေတာတော့ အမှန်ပါပဲ။ ဖုန်းကိုယ်ထည်ကို ၁၈ ကာရက် ရွှေသားနဲ့ လုပ်ထားပြီး စိန်အလုံးသန့်တွေနဲ့ မွမ်းမံထားတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here