တရားဝင္လမ္းခြဲလိုက္ၾကၿပီလို႔ သတင္းေတြထြက္ေနတဲ့ Kylie Jenner နဲ႔ Travis Scott

၂၀၁၉ ခုႏွစ္ဟာ ကမၻာေက်ာ္ဆယ္လီ ခ်စ္သူစံုတြဲေတြအတြက္ အေျခေနဆိုးေတြကို သယ္ေဆာင္လာတဲ့ ႏွစ္တစ္ႏွစ္လို႔မ်ားဆိုရင္ မ်ားမယ္ မထင္ပါဘူး ။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ ႀကိဳက္ႏွစ္သက္ အားေပးရတဲ့ ဆယ္လီစံုတြဲတစ္တြဲၿပီး တစ္တြဲဟာ ဒီႏွစ္ထဲမွာပဲ လမ္းခြဲျပတ္စဲၾကတယ္ဆိုတဲ့ သတင္းေတြကို က်ေနာ္တို႔ မ်က္စိေတြ ႏွလံုးသားေတြနဲ႔ မဆန္႔ေအာင္ျမင္ေနၾကားေနရလို႔ပါပဲ ။ ျမန္မာျပည္က ဆယ္လီစံုတြဲတခ်ိဳ႕ကေနစၿပီး ဂ်ိဳလီနဲ႔ပစ္တို႔အထိ တကယ့္ကို လမ္းခြဲျပတ္စဲခဲ့ၾကပါတယ္။ အခုေဖာ္ျပေပးသြားမယ့္ သတင္းေလးကလည္း ကမၻာေက်ာ္ဆယ္လီစံုတြဲတစ္တြဲ လမ္းခြဲျပတ္စဲသြားၾကတဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။ တကယ့္ကိုေၾကကြဲထိရွစရာ သတင္းပါပဲ ။

အသက္ ၂၂ ႏွစ္အရြယ္ ကမၻာေက်ာ္အလွကုန္ထုတ္သူတစ္ေယာက္ ျဖစ္ရံုသာမကဘဲ ကမၻာ့အခ်မ္းသာဆံုး ဆယ္လီေတြ စာရင္းမွာလည္း ပါဝင္ေနတဲ့ ဘီလ်ံနာတစ္ေယာက္လည္း ျဖစ္တဲ့ Kylie Jenner နဲ႔ Trap Music ေတြကို ဖန္တီးတဲ့ Hip-Hop အဆိုင္ရွင္တစ္ေယာက္ျဖစ္တဲ့ Travis Scott (၂၈ႏွစ္) တို႔ဟာ လမ္းခြဲလိုက္ၾကၿပီဆိုၿပီး အင္တာနက္စာမ်က္ႏွာတခ်ိဳ႕ မွာ သတင္းေတြ ေဖာ္ျပခံေနရပါတယ္။ သူတို႕ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြကတည္းက ၃ႏွစ္နီးပါးခ်ည္ေႏွာင္လာခဲ့တဲ့ သူတို႔ရဲ႕ အခ်စ္လမ္းခရီးကို ျဖတ္ေတာက္လိုက္ၿပီး တစ္ေယာက္ဆီပိုင္တဲ့ကိုယ္ပိုင္လမ္းေတြမွာပဲ ဆက္ေလွ်ာက္ၾကဖို႔ စဥ္းစားေနတယ္ဆိုၿပီး သတင္းေတြထြက္ေနပါတယ္။



သူတို႔ႏွစ္ေယာက္ စတင္ခ်ိန္းေတြ႔မႈေတြျပဳလုပ္ၿပီးသိပ္မၾကာခင္မွာပဲ Kylie တစ္ေယာက္ဟာ သမီးေလးကို ကိုယ္ဝန္ေဆာင္ခဲ့ပါတယ္။ ၿပီးေတာ့ ၂၀၁၈ မွာေတာ့ သမီးေလးကို ေမြးဖြားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ မတ္လကတည္းကေနစၿပီး သူတို႔ၾကားမွာ အစာမေၾကစရာ ကိစၥေလးေတြက စတင္လာခဲ့တယ္ဆိုပါတယ္။ အခုခ်ိန္မွာေတာ့ ဘာကိုမွ ငဲ့ကြက္ၾကည့္မေနတာ ေကာင္းတယ္လို႔လည္း သတင္းတစ္ပုဒ္မွာ ဆိုထားပါတယ္။ Travis တစ္ေယာက္ကေတာ့ အဲ့ဒီလို လမ္းခြဲခဲ့ရတဲ့ ဒဏ္ေတြရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ JB နဲ႔ Hailey တို႔ရဲ႕ မဂၤလာပြဲကိုေတာင္ တက္ေရာက္ႏိုင္ခဲ့ျခင္းမရွိပါဘူး။




Unicode

၂၀၁၉ ခုနှစ်ဟာ ကမ္ဘာကျော်ဆယ်လီ ချစ်သူစုံတွဲတွေအတွက် အခြေနေဆိုးတွေကို သယ်ဆောင်လာတဲ့ နှစ်တစ်နှစ်လို့များဆိုရင် များမယ် မထင်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကြိုက်နှစ်သက် အားပေးရတဲ့ ဆယ်လီစုံတွဲတစ်တွဲပြီး တစ်တွဲဟာ ဒီနှစ်ထဲမှာပဲ လမ်းခွဲပြတ်စဲကြတယ်ဆိုတဲ့ သတင်းတွေကို ကျနော်တို့ မျက်စိတွေ နှလုံးသားတွေနဲ့ မဆန့်အောင်မြင်နေကြားနေရလို့ပါပဲ ။ မြန်မာပြည်က ဆယ်လီစုံတွဲတချို့ကနေစပြီး ဂျိုလီနဲ့ပစ်တို့အထိ တကယ့်ကို လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။ အခုဖော်ပြပေးသွားမယ့် သတင်းလေးကလည်း ကမ္ဘာကျော်ဆယ်လီစုံတွဲတစ်တွဲ လမ်းခွဲပြတ်စဲသွားကြတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ တကယ့်ကိုကြေကွဲထိရှစရာ သတင်းပါပဲ ။

အသက် ၂၂ နှစ်အရွယ် ကမ္ဘာကျော်အလှကုန်ထုတ်သူတစ်ယောက် ဖြစ်ရုံသာမကဘဲ ကမ္ဘာ့အချမ်းသာဆုံး ဆယ်လီတွေ စာရင်းမှာလည်း ပါဝင်နေတဲ့ ဘီလျံနာတစ်ယောက်လည်း ဖြစ်တဲ့ Kylie Jenner နဲ့ Trap Music တွေကို ဖန်တီးတဲ့ Hip-Hop အဆိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Travis Scott (၂၈နှစ်) တို့ဟာ လမ်းခွဲလိုက်ကြပြီဆိုပြီး အင်တာနက်စာမျက်နှာတချို့ မှာ သတင်းတွေ ဖော်ပြခံနေရပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ၃နှစ်နီးပါးချည်နှောင်လာခဲ့တဲ့ သူတို့ရဲ့ အချစ်လမ်းခရီးကို ဖြတ်တောက်လိုက်ပြီး တစ်ယောက်ဆီပိုင်တဲ့ကိုယ်ပိုင်လမ်းတွေမှာပဲ ဆက်လျှောက်ကြဖို့ စဉ်းစားနေတယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။



သူတို့နှစ်ယောက် စတင်ချိန်းတွေ့မှုတွေပြုလုပ်ပြီးသိပ်မကြာခင်မှာပဲ Kylie တစ်ယောက်ဟာ သမီးလေးကို ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၈ မှာတော့ သမီးလေးကို မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လကတည်းကနေစပြီး သူတို့ကြားမှာ အစာမကြေစရာ ကိစ္စလေးတွေက စတင်လာခဲ့တယ်ဆိုပါတယ်။ အခုချိန်မှာတော့ ဘာကိုမှ ငဲ့ကွက်ကြည့်မနေတာ ကောင်းတယ်လို့လည်း သတင်းတစ်ပုဒ်မှာ ဆိုထားပါတယ်။ Travis တစ်ယောက်ကတော့ အဲ့ဒီလို လမ်းခွဲခဲ့ရတဲ့ ဒဏ်တွေရဲ့ ရိုက်ခတ်မှုကြောင့် JB နဲ့ Hailey တို့ရဲ့ မင်္ဂလာပွဲကိုတောင် တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။