တသက်​မှာတခါသာမြင်​ဖူးခွင့်​ရမယ့်​ မြင်​ကွင်း​ဓာတ်​ပုံလက်ရာ​​များ
Unicode
တခါတလေ စိတ်ပိုင်းဆိုင်ရာအရ ဝေလေလေဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ကိုတချက်ကြည့်လိုက်ရုံနဲ့ လန်းဆန်းမှုတွေရလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မြင်ကွင်းတွေ ရှူထောင့်ပေါင်းစုံကရှိနိုင်တာကြောင့် သာမန်အရာလေးတွေကိုတောင်မှ ထူးခြားအမြင်နဲ့ကြည့်ရှုနိူင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်စိတ်ကူးယဉ်နိုင်ကြဖို့ တသက်မှာတခါသာမြင်ဖူးခွင့်ရလောက်တယ်လို့ ည္ပန်းဆိုရမယ့် ထူးခြား မြင်ကွင်းဓာတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။
ဒါဟာ သစ်ရွက်တရွက် ရှင်သန်မှုရဲ့ သံသရာစက်ဝန်းလို့ ပြောလို့ရတဲ့ဓာတ်ပုံမြင်ကွင်းဖြစ်ပါတယ်။ စိမ်းလန်းမယ်၊ ဝါဖျော့လာမယ်၊ ခြောက်သွေ့ကြွပ်ဆတ်လာမယ်၊ ပျက်စီးပျောက်ကွယ်သွားမယ်… ဒါဟာ သစ်ရွက်တွေတင်မက လူသားတွေပါကြုံနေရတဲ့ဓမ္မတာမဟုတ်လား။
ဒီမြင်ကွင်းက အတော်လေးကိုထူးခြားပါတယ်။ တိမ်တိုက်တွေကိုအပေါ်စီးကနေကြည့်ဖို့စိတ်ကူးယဉ်ဖူးလား။ ဒါဟာ နေဝင်ချိ်န်မှာ တိမ်တိုက်တွေရဲ့အပေါ်စီးဖက်ကနေ ရိုက်ကူးရယူထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။
သူဟာ တရုတ်ပြည်တနံတလျားကို တစ်နှစ်တိတိဖြတ်လျှောက်ခဲ့တဲ့ အာဂလူသားဖြစ်ပါတယ်။ ဒီလိုခရီးကြမ်းကိုမစတင်ခင် သူရဲ့ရုပ်သွင်နဲ့ ခရီးကြမ်းကြီးအပြီးမှာ ဘဝကြမ်းခဲ့ရတဲ့သူ့ရဲ့ပုံစံကိုနှိုင်းယှဉ်မြင်တွေ့နိုင်ပါတယ်။
လျှပ်စစ်ကျွမ်းကျင်ပညာရှင်တဦးဟာ ပြင်းထန်းလွန်းလှတဲ့ ဗို့အားနဲ့ဓာတ်လိုက်မှုခံစားခဲ့ရပြီး အဲ့ဒီ ဗို့အားဟာ ၁၄၀၀၀ ဗို့အားပမာဏအထိရှိခဲ့တာဖြစ်ပါတယ်။ ဒါကိုကြုံတွေ့ခံစားခဲ့ရတဲ့ သူ့ရဲ့မျက်လုံးအတွင်းဘက်မှာ ကြယ်လိုပုံသဏ္ဍာန်အထိဖြစ်ပေါ်ခဲ့တာကိုတွေ့ကြရမှာပါ။
ဒါဟာ ဘဲလေးကချေသည်တဦးရဲ့စွမ်းအားပဲဖြစ်ပါတယ်။ ဘယ်လောက်ထိသူလေ့ကျင့်ခဲ့လဲဆိုတာ ပေါ်လွင်စေတဲ့မြင်ကွင်းပါပဲ။ မယုံကြည်ဖွယ်ရာကောင်းလောက်အောင် ပါဝါပြင်းလွန်းပါတယ်။
ဒါကတော့ အဖုံးပိတ်ထားတဲ့ပလတ်စတစ်ဘူးခွံတခုနဲ့ စမ်းသပ်မှုတခုပြုလုပ်ခဲ့တာပါ။ အမြင့်ကိုရောက်လာလေ ထုရဲ့ဖိအားပြောင်းလဲလာလေဖြစ်တာကြောင့် ပေ ၁ထောင်မှာ ပိန်လိမ်နေတဲ့အခြေအနေက ပလတ်စတစ်ဘူးဟာ ပေ ၁၄၀၀၀ အမြင့်မှာတော့ ပြည့်ဖောင်းနေတာကိုမြင်ရမှာပါ။
ကလေးငယ်တဦးကို X-ray ဓာတ်မှန်ရိုက်တဲ့အခါ ဘယ်လိုရိုက်ကြလဲဆိုတာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ အကောင်သေးသေးလေးနဲ့လူကြီးတွေလို ခန္ဓာကိုယ်မဟုတ်တဲ့အခါ သူတို့ကိုအခုလိုဓာတ်မှန်ရိုက်ဖို့လိုချိန် အခုလိုရိုက်ရတော့တာပါ။