တိုက္တန္းနစ္ထက္ရင္နင့္ေၾကကြဲစရာေကာင္းတဲ့ ျဖစ္ရပ္ေလး

ဘဝႀကီးရဲ႕ တခ်ဳိ႕ေနရာေတြ ၊ တခ်ိဳ႕ အခ်ိန္ေတြဟာ အရမ္းနာက်င္စရာေကာင္းလွပါတယ္ ။ ခ်စ္ရတဲ့သူေတြနဲ႔ခြဲခြါရမယ့္ အခိုက္တန္႔ေတြဟာ ဘဝရဲ႕ အပူေလာင္ဆံုးခ်ိန္ျဖစ္ပါလိမ့္မယ္ ။ ေတြ႔ဆံုတုန္းေလး အခ်ိန္ခဏမွာ ေပ်ာ္ရႊင္ဖြယ္ရာ အခိုက္တန္႔ေတြကို ဖန္တီးရယူခ်င္းကလည္း ဘဝႀကီးကို တစ္စိတ္တစ္ေဒသအားျဖင့္ ၿပီးျပည့္စံုေစခ်င္းပါပဲ ။ ကိုယ့္ကို ထာဝရ ခြဲခြါသြားရေတာ့မယ့္ လူတစ္ေယာက္ရဲ႕ ဆႏၵကုိ ျဖည့္ဆည္းေပးရခ်င္းကေတာ့ ကိုယ့္အတြက္ နာက်င္ေၾကကြဲစရာေတြ ျပည့္ႏွက္ေနေပမယ့္ တစ္ဖက္လူရဲ႕ စိတ္ႏွလံုးကို ရႊင္ၿပံဳးေစတယ္ဆိုရင္ပဲ နာက်င္မႈဟာထိုက္တန္ပါတယ္။ က်ေနာ္တို႔ေတြေရာ ဘဝမွာ ဘယ္ေလာက္ေၾကကြဲ ခဲ့ရၿပီးပါၿပီလဲ ။ ဒီေမးခြန္းေတြ မဆံုးေသးခင္မွာပဲ ထက္ၿပီးေတာ့ ေၾကကြဲစရာေတြဟာ က်ေနာ္တို႔ဘဝမွာ တန္းစီေစာင့္စားေန ၿပီးသားျဖစ္ပါတယ္ ။ အခု က်ေနာ္တို႔ရဲ႕ မိတ္ေဆြေတြကို တိုက္တန္းနစ္ သေဘာၤႀကီးရဲ႕ ျဖစ္ရပ္ထက္ ေၾကကြဲစရာေကာင္းတဲ့ အျဖစ္ပ်က္ေလးတစ္ခုကို ေဖာ္ျပေပးလိုက္ပါရေစ ။

အဲ့ဒါကေတာ့ အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါ ေဒသမွာေနထိုင္တဲ့ Tara Foley ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မိသားစု ဇာတ္လမ္းေလးတစ္ခုအေၾကာင္းပဲ ျဖစ္ပါတယ္ ။ သူမွာ အသက္၁၀၂ႏွစ္အရြယ္ရိွၿပီး နာမက်န္းျဖစ္ေနတဲ့ အဖြားတစ္ေယာက္ရိွပါတယ္ ။ သူဟာ အဖြားျဖစ္သူရဲ႕ေနာက္ဆံုးဆႏၵတစ္ခုကို ျဖည့္ဆည္းေပးဖို႔အတြက္ ျပင္ဆင္ခဲ့ပါတယ္ ။အဖြားရဲ႕ ေနာက္ဆံုးဆႏၵကေတာ့ သူေျမးမေလးရဲ႕ လက္ထပ္ပြဲကို တက္ေရာက္ခ်င္တယ္ဆိုတဲ့ ဆႏၵေလးရိွခဲ့တာပါ ။ အဲ့ဒါဟာ အဖြားျဖစ္သူရဲ႕ေနာက္ဆံုးဆႏၵတစ္ခုပါပဲ ။ အဲ့ဒီလိုနဲ႔ အဖြားျဖစ္သူေနထိုင္ေနတဲ့ ဘိုးဘြားရိပ္သာကုိ သူရဲ႕ သတို႔သမီးဝတ္စံုေလးသယ္သြားၿပီး Tara ဟာ အဖြားရိွရာကို ေရာက္လာခဲ့ပါတယ္ ။



သူေရာက္သြားတဲ့အခ်ိန္မွာေတာ့ အဖြားကို သူ႔နဲ႔ေတြ႔ဖို႔ ဧည့္သည္ေရာက္ေနတယ္ဆိုၿပီး ေဂဟာ တာဝန္ရိွသူေတြက ေခၚလာခဲ့ပါတယ္ ။ အဲ့ဒီအခ်ိန္မွာ အဖြားက အျဖဴေရာင္သတုိ႕သမီး ဝတ္စံုေလးနဲ႔ အလွႀကီးလွေနတဲ့ သူေျမးမေလးကို ၾကည့္ၿပီး ဝမ္းသာမ်က္ရည္ေတြစို႔လာခဲ့ပါတယ္ ။ အဲ့ဒီေနာက္ Tara ဟာသတို႔သမီးဝတ္စံု ဝတ္ထားၿပီး အဖြားျဖစ္သူနဲ႔ အတူ အမွတ္တရဓာတ္ပံုေလးေတြရိုက္ကူးၿပီး ေပ်ာ္ရႊင္ေစခဲ့ပါတယ္။ အဖြားျဖစ္သူကလည္း အဲ့ဒီေန႔က သူ႔ဘဝမွာ အေကာင္းဆံုး ကုန္ဆံုးႏိုင္ခဲ့တဲ့ေန႔တစ္ေန႔ ျဖစ္တယ္ဆိုၿပီးေတာ့လည္း စာတစ္ေစာင္ေရးသားသြားခဲ့ပါတယ္ ။ အခုေတာ့ အဖြားဟာ Tara တို႔ရဲ႕ ေဝးရာအရပ္ဆီကို ထြက္သြားပါၿပီ။ အဖြားျဖစ္သူမရိွေတာ့တဲ့ အခ်ိန္မွာေတာ့ Tara ဟာ သူရဲ႕ Facebook အေကာင့္မွာ အဖြားရဲ႕ ေနာက္ဆံုးအခ်ိန္ကို သူနဲ႔ အတူေပ်ာ္ရႊင္စြာ ျဖတ္သန္းသြားတဲ့ ပံုရိပ္ေလးေတြကို ျပန္လည္ မွ်ေဝခဲ့ပါတယ္ ။ စကားလံုးေတြနဲ႔ ရွင္းျပလို႔မရႏိုင္တဲ့ အဲ့ ဒီျမင္ကြင္းေလးေတြကို က်ေနာ္တို႔ မိတ္ေဆြေတြ ေတြ႕ျမင့္ခံစားရေအာင္လို႔ တင္ဆက္ေပးလိုက္ပါတယ္ ။




Unicode

ဘဝကြီးရဲ့ တချို့နေရာတွေ ၊ တချို့ အချိန်တွေဟာ အရမ်းနာကျင်စရာကောင်းလှပါတယ် ။ ချစ်ရတဲ့သူတွေနဲ့ခွဲခွါရမယ့် အခိုက်တန့်တွေဟာ ဘဝရဲ့ အပူလောင်ဆုံးချိန်ဖြစ်ပါလိမ့်မယ် ။ တွေ့ဆုံတုန်းလေး အချိန်ခဏမှာ ပျော်ရွှင်ဖွယ်ရာ အခိုက်တန့်တွေကို ဖန်တီးရယူချင်းကလည်း ဘဝကြီးကို တစ်စိတ်တစ်ဒေသအားဖြင့် ပြီးပြည့်စုံစေချင်းပါပဲ ။ ကိုယ့်ကို ထာဝရ ခွဲခွါသွားရတော့မယ့် လူတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရချင်းကတော့ ကိုယ့်အတွက် နာကျင်ကြေကွဲစရာတွေ ပြည့်နှက်နေပေမယ့် တစ်ဖက်လူရဲ့ စိတ်နှလုံးကို ရွှင်ပြုံးစေတယ်ဆိုရင်ပဲ နာကျင်မှုဟာထိုက်တန်ပါတယ်။ ကျနော်တို့တွေရော ဘဝမှာ ဘယ်လောက်ကြေကွဲ ခဲ့ရပြီးပါပြီလဲ ။ ဒီမေးခွန်းတွေ မဆုံးသေးခင်မှာပဲ ထက်ပြီးတော့ ကြေကွဲစရာတွေဟာ ကျနော်တို့ဘဝမှာ တန်းစီစောင့်စားနေ ပြီးသားဖြစ်ပါတယ် ။ အခု ကျနော်တို့ရဲ့ မိတ်ဆွေတွေကို တိုက်တန်းနစ် သဘောၤကြီးရဲ့ ဖြစ်ရပ်ထက် ကြေကွဲစရာကောင်းတဲ့ အဖြစ်ပျက်လေးတစ်ခုကို ဖော်ပြပေးလိုက်ပါရစေ ။



အဲ့ဒါကတော့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ဒေသမှာနေထိုင်တဲ့ Tara Foley ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မိသားစု ဇာတ်လမ်းလေးတစ်ခုအကြောင်းပဲ ဖြစ်ပါတယ် ။ သူမှာ အသက်၁၀၂နှစ်အရွယ်ရှိပြီး နာမကျန်းဖြစ်နေတဲ့ အဖွားတစ်ယောက်ရှိပါတယ် ။ သူဟာ အဖွားဖြစ်သူရဲ့နောက်ဆုံးဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးဖို့အတွက် ပြင်ဆင်ခဲ့ပါတယ် ။အဖွားရဲ့ နောက်ဆုံးဆန္ဒကတော့ သူမြေးမလေးရဲ့ လက်ထပ်ပွဲကို တက်ရောက်ချင်တယ်ဆိုတဲ့ ဆန္ဒလေးရှိခဲ့တာပါ ။ အဲ့ဒါဟာ အဖွားဖြစ်သူရဲ့နောက်ဆုံးဆန္ဒတစ်ခုပါပဲ ။ အဲ့ဒီလိုနဲ့ အဖွားဖြစ်သူနေထိုင်နေတဲ့ ဘိုးဘွားရိပ်သာကို သူရဲ့ သတို့သမီးဝတ်စုံလေးသယ်သွားပြီး Tara ဟာ အဖွားရှိရာကို ရောက်လာခဲ့ပါတယ် ။

သူရောက်သွားတဲ့အချိန်မှာတော့ အဖွားကို သူ့နဲ့တွေ့ဖို့ ဧည့်သည်ရောက်နေတယ်ဆိုပြီး ဂေဟာ တာဝန်ရှိသူတွေက ခေါ်လာခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ အဖွားက အဖြူရောင်သတို့သမီး ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ သူမြေးမလေးကို ကြည့်ပြီး ဝမ်းသာမျက်ရည်တွေစို့လာခဲ့ပါတယ် ။ အဲ့ဒီနောက် Tara ဟာသတို့သမီးဝတ်စုံ ဝတ်ထားပြီး အဖွားဖြစ်သူနဲ့ အတူ အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးပြီး ပျော်ရွှင်စေခဲ့ပါတယ်။ အဖွားဖြစ်သူကလည်း အဲ့ဒီနေ့က သူ့ဘဝမှာ အကောင်းဆုံး ကုန်ဆုံးနိုင်ခဲ့တဲ့နေ့တစ်နေ့ ဖြစ်တယ်ဆိုပြီးတော့လည်း စာတစ်စောင်ရေးသားသွားခဲ့ပါတယ် ။ အခုတော့ အဖွားဟာ Tara တို့ရဲ့ ဝေးရာအရပ်ဆီကို ထွက်သွားပါပြီ။ အဖွားဖြစ်သူမရှိတော့တဲ့ အချိန်မှာတော့ Tara ဟာ သူရဲ့ Facebook အကောင့်မှာ အဖွားရဲ့ နောက်ဆုံးအချိန်ကို သူနဲ့ အတူပျော်ရွှင်စွာ ဖြတ်သန်းသွားတဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေခဲ့ပါတယ် ။ စကားလုံးတွေနဲ့ ရှင်းပြလို့မရနိုင်တဲ့ အဲ့ ဒီမြင်ကွင်းလေးတွေကို ကျနော်တို့ မိတ်ဆွေတွေ တွေ့မြင့်ခံစားရအောင်လို့ တင်ဆက်ပေးလိုက်ပါတယ် ။

Tags: