တိုင္းရင္းသူေတြရိုးလြန္းလို႔ ကိုယ္တိုင္ ထဘီ၀တ္ျပျပီးသင္ေပးခဲ႔တဲ႔ ေ၀ဠဳေက်ာ္

႐ိုးလြန္းတဲ့ တိုင္းရင္းသူေတြကို ကိုယ္တိုင္ ထဘီဝတ္ၿပီး သင္ျပခဲ့ရတဲ့ ေဝဠဳေက်ာ္

အကယ္ဒမီ ေဝဠဳေက်ာ္တစ္ေယာက္ကေတာ့ ရခိုင္ျပည္နယ္ ကူညီေရးေတြ လုပ္ေနရင္းက ၿမိဳတိုင္းရင္းသူေတြကို ကိုယ္တိုင္ ထဘီဝတ္ၿပီး သင္ေပးခဲ့ရတယ္လို႔ သိရပါတယ္။

ေဝဠဳေက်ာ္က ရခိုင္ျပည္နယ္တြင္ တစ္ရြာဝင္တစ္ရြာထြက္ ကူညီမႈေတြ လုပ္ေနခဲ့တာ လ အနည္းငယ္ ၾကာၿပီ ျဖစ္ပါတယ္။ စိတ္ဓာတ္ အင္အားေတြလည္း တည္ေဆာက္ေပး ေနရတာ ျဖစ္ပါတယ္။

ဒီေန႔ (ေအာက္တိုဘာလ ၂၃ ရက္) မွာေတာ့ ၿမိဳတိုင္းရင္းသူ အဖြားမ်ားႏွင့္ ေတြ႔ဆံုခဲ့ပါတယ္။ ရိုးသားလြန္းတဲ့ သူတို႔အတြက္ အကႌ်၊ လံုခ်ည္မ်ား ေပးရံုတင္မကပဲ ဝတ္နည္းမ်ားကိုပါ သင္ျပခဲ့ရတာျဖစ္ပါတယ္။

“ေမာင္ေတာေျမာက္ပိုင္း၊ထရိန္ ေက်းရြာ ရွိ ၿမိဳတိုင္းရင္းသားမ်ားအား အဝတ္အစားမ်ား ေထာက္ပ့ံေပးရင္း ေပ်ာ္ေပ်ာ္ပါးပါး ကိုယ္တိုင္လဲ ဝတ္ျပၾက။” လို႔ ေဝဠဳေက်ာ္က ၄င္းတို႔၏ ေဖ့စ္ဘြက္စာမ်က္ႏွာေပၚတြင္ ေရးသားထားသည္။

ေဝဠဳေက်ာ္ဟာ ပင္လယ္ထက္ကေနဝန္းနီ ဇာတ္ကားျဖင့္ ၂၀၁၁ ခုႏွစ္က အကယ္ဒမီရရွိခဲ့သူ ျဖစ္သည္။ ခုေနာက္ပိုင္း ႏွိင္ငံအႏွံ႔ ပရဟိတလုပ္ငန္းမ်ား လုပ္ေဆာင္ရင္း ဘဝကို ျဖတ္သန္းေနသည္။

Photos©Wai Lu Kyaw

Credit: Pannpwint

Unicode

ရိုးလွန်းတဲ့ တိုင်းရင်းသူတွေကို ကိုယ်တိုင် ထဘီဝတ်ပြီး သင်ပြခဲ့ရတဲ့ ဝေဠုကျော်

အကယ်ဒမီ ဝေဠုကျော်တစ်ယောက်ကတော့ ရခိုင်ပြည်နယ် ကူညီရေးတွေ လုပ်နေရင်းက မြိုတိုင်းရင်းသူတွေကို ကိုယ်တိုင် ထဘီဝတ်ပြီး သင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဝေဠုကျော်က ရခိုင်ပြည်နယ်တွင် တစ်ရွာဝင်တစ်ရွာထွက် ကူညီမှုတွေ လုပ်နေခဲ့တာ လ အနည်းငယ် ကြာပြီ ဖြစ်ပါတယ်။ စိတ်ဓာတ် အင်အားတွေလည်း တည်ဆောက်ပေး နေရတာ ဖြစ်ပါတယ်။

ဒီနေ့ (အောက်တိုဘာလ ၂၃ ရက်) မှာတော့ မြိုတိုင်းရင်းသူ အဖွားများနှင့် တွေ့ဆုံခဲ့ပါတယ်။ ရိုးသားလွန်းတဲ့ သူတို့အတွက် အင်္ကျီ၊ လုံချည်များ ပေးရုံတင်မကပဲ ဝတ်နည်းများကိုပါ သင်ပြခဲ့ရတာဖြစ်ပါတယ်။

“မောင်တောမြောက်ပိုင်း၊ထရိန် ကျေးရွာ ရှိ မြိုတိုင်းရင်းသားများအား အဝတ်အစားများ ထောက်ပ့ံပေးရင်း ပျော်ပျော်ပါးပါး ကိုယ်တိုင်လဲ ဝတ်ပြကြ။” လို့ ဝေဠုကျော်က ၄င်းတို့၏ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ဝေဠုကျော်ဟာ ပင်လယ်ထက်ကနေဝန်းနီ ဇာတ်ကားဖြင့် ၂၀၁၁ ခုနှစ်က အကယ်ဒမီရရှိခဲ့သူ ဖြစ်သည်။ ခုနောက်ပိုင်း နှိင်ငံအနှံ့ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရင်း ဘဝကို ဖြတ်သန်းနေသည်။

Photos©Wai Lu Kyaw

Credit: Pannpwint