သင်တို့တောင် တွေးမိမှာမဟုတ်တဲ့ အရာတွေကို တီထွင်နိုင်တဲ့ ကလေးငယ်များ
Unicode
ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို လျှော့တွက်လို့မရပါဘူး။ သူတို့မှာ လူကြီးတွေနဲ့မတူတဲ့ အမြင် ရှိတတ်ပြီး ဘာလို့မဖြစ်နိုင်ရမှာလဲ ဆိုတဲ့အတွေးနဲ့ စမ်းသပ်လိုစိတ်လည်း အပြည့်ပါပဲ။ ပြောချင်လွန်းလို့ တို့အတွက် အခုတစ်ခါ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ကလေးတွေကို ဖော်ပြပေးပါရစေ။
၁. ရထားလိုင်းပေါ်မှာထိုင်ခုံနေရာမရဘဲ ပင်ပန်းနေမယ့်ကလေးတွေအတွက် သူတို့ရဲ့ ခြေနင်းစက်ဘီးလေးက အဖြေဖြစ်လာနိုင်ပါတယ်။ ပုံထဲမှာတော့ သူ့ရဲ့အကြံကို ဂုဏ်ယူစွာနဲ့ ထိုင်ခုံလွတ်တွေမစီးဘဲ သရုပ်ပြနေတဲ့ ကောင်လေးကို တွေ့ရမှာပါ။ အလေးချိန်ရဲ့ ဟန်ချက်ကိုလည်း ကောင်းစွာနားလည်မှာဖြစ်ပါတယ်။
၂. ဖုန်းလေးတစ်လုံးနဲ့ စက္ကူသေတ္တာတစ်ခုရှိရုံနဲ့ အိမ်တွင်းရုပ်ရှင်ရုံအသေးစားလေး ပြုလုပ်နိုင်ပါတယ်။ အားသွင်းကြိုးနဲ့ နားကြပ်ကိုလည်း အခုလိုတပ်ထားရင် အဆက်မပြတ်ကြည့်ရှုနိုင်မှာပါ။ ဒီအိုင်ဒီယာကို 3D ကတ္တူသေတ္တာဆီကနေ ရတာလား မသေချာပေမယ့် သူ့အတွက်တော့ အကောင်းဆုံးအဖြေပါပဲ။
၃. ဆံပင်ရှည်နဲ့ ကလေးတွေအတွက် အသုံးဝင်မယ့်နည်းလမ်းလေးပါပဲ။ အပြင်မှာတော့ လိုက်မလုပ်ကြနဲ့နော်။
၄. စကားတောင် သေချာမပြောတတ်ဦးမယ့်အရွယ်ဖြစ်သော်လည်း ကလေးလေးရဲ့ ဟန်ချက်နဲ့ အသုံးချပုံကို နားလည်နိုင်စွမ်းက မြင့်မားနေပါပြီ။ ဒါ့အပြင် နည်းပညာပစ္စည်းဖြစ်တဲ့ တက်ဘလက်ကိုလည်း လည်ဝယ်စွာ အသုံးပြုနေတာ တွေ့ရမှာပါ။ ဒီဘက်ခေတ်မှာတော့ ကလေးတွေဟာ နည်းပညာပစ္စည်းတွေကို သူတို့ခြေထောက်နဲ့ ပါးစပ်ထက် အရင် ကျွမ်းကျင်စွာ အသုံးပြုနိုင်လာတဲ့ ဥပမာလဲ ဟုတ်ပါတယ်။
၅. ပျင်းစရာကောင်းတဲ့ မြက်ရှင်းခြင်းအလုပ်ကို ပျော်စရာဖြစ်အောင် ဖန်တီးထားတာ တွေ့ရမှာပါ။ သူ့စက်ဘီး ရှေ့ဘီးကိုဖြုတ်ပြီး မြက်ရိတ်ဓါးသွားတပ်ထားတာဖြစ်ပါတယ်။ အပြင်သွားရင်တော့ အနည်းငယ် အန္တရာယ်ရှိနိုင်ပေမယ့် မိဘတွေခိုင်းတဲ့အလုပ်အတွက်တော့ အဆင်ပြေမှာပါ။
၆. ဒီလိုပုံစံနဲ့သာဆိုရင်တော့ ဘယ်လိုပါတီမျိုးကိုမဆို ရေကူးကန်ပါတီ (Pool Party) ဖြစ်အောင် လုပ်လို့ ရပါပြီ။ နေရာလေးတစ်ခုသာ လိုအပ်မှာပါ။ ရေနဲ့ကစားချင်တဲ့ ကလေးတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
၇. မနက်စာ စားနေရင်း ရုပ်ရှင်ကြည့်မပျက်အောင် ကြံစည်ထားတဲ့ ဉာဏ်ကြီးရှင်လေးပါပဲ။ ပြောချင်လွန်းလို့ တို့လည်း တစ်ခါတလေ အတုခိုးသင့်ပါတယ်။
၈. ရထားနဲ့ ဘတ်စ်ကားပေါ်မှာ ဟန်ချက်မပျက်အောင် အလွယ်တကူထိန်းနိုင်မယ့် နည်းလမ်းပါ။ သေးငယ်တဲ့ တိုင်လေးတွေကို ကိုင်ပြီး မှီထားရတာ မကြိုက်တဲ့သူတွေအတွက် ပိုတောင် အဆင်ပြေနိုင်ပါသေးတယ်။ ဒီကလေးကတော့ တစ်ရေးတောင် အိပ်ပြီး လိုက်သွားလို့ရမယ့်ပုံပါပဲ။