တိုင်ရွန်က ပြောစကားနားထောင်တယ်ဆိုတဲ့ နေခြည်ဦး

0
50

Beauty Blogger အဖြစ်ကနေ မင်းသမီးတစ်လက်ဖြစ်လာတဲ့နေခြည်ဦးဟာဆိုရင်ဖြင့် သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးကိုလည်းရုံတင်ထားပြီးပြီဖြစ်သလို နောက်ထပ်လည်းရုံတင်ဖို့ကားတွေရှိသေးတဲ့အတွက်ရင်ခုန်နေတယ်လို့သိရပါတယ်။နေခြည်ဦးဟာ ကောင်မလေးတွေအသည်းစွဲ မော်ဒယ်မင်းသားတိုင်ရွန်နဲ့လည်းရင်းနှီးတဲ့သူငယ်ချင်းတွေလို့ဆိုပါတယ်။နေခြည်က မီဒီယာတွေနဲ့အင်တာဗျူးမှာ တိုင်ရွန်က သူ့အတွက်တော်တော်အရေးကြီးကြောင်းနဲ့ တိုင်ရွန်နဲ့ပတ်သက်မှုသံယောဇဉ်တွေကို ဖြေကြားသွားခဲ့ပါတယ်။

နေခြည်ဦးက နေခြည့်အပေါ် တိုင်ရွန်ရဲ့အားပေးကြမ်းပုံကို “နေခြည့်သူငယ်ချင်းတွေကအရမ်းချစ်ဖို့ကောင်းကြတယ်။ တိုင်ရွန်လိုမျိုးပေါ့နော်။ သူငယ်ချင်း ငါနင့်ကိုအရမ်းချစ်ပါတယ်။ စာအုပ်ထွက်ပြီဆိုတာနဲ့ ဆယ်အုပ်မှာမယ်သူငယ်ချင်း၊ငါ့ဖန်တွေကိုပေးမှာတဲ့။ ပြီးလည်းပြီးရော ဖန်တွေကရတယ် သူကစာအုပ်မရသေးဘူး။ ချိဖငါငိုနေပြီနော် ငါငိုနေပြီ။ငါ့စာအုပ်ဘယ်မှာလဲတဲ့။ ငါတောင်းပန်ပါတယ်သားကြီးရယ်လို့။ အခုထိ သူစာအုပ်မရသေးဘူး။ သူပထမဆုံးမှာတာ။ သူမရသေးဘူး”လို့ရယ်မောရင်းပြောပြထားပါတယ်။

နေခြည်က တိုင်ရွန်နဲ့ သံယောဇဉ်အတိမ်အနက်ကိုလည်း “နေခြည့်အတွက်တိုင်ရွန်ကတော်တော်အရေးကြီးပါတယ်။ သူမော်ဒယ်လုပ်ကတည်းက နေခြည်တို့အရမ်းခင်တာ။ သူမင်းသားလုပ်မယ်ပေါ့။သူသရုပ်ဆောင်တာတွေအများကြီးတွေ့ရတဲ့အချိန်မှာနေခြည်က သူ့ကိုအရမ်းဖြစ်စေချင်တယ်။ ကိုယ်က သူ့နောက်ကွယ်ကမန်နေဂျာပါ။ ကိုယ်ကအလုပ်တစ်ခုဆို ဟဲ့ နင်ဒါလုပ်သင့်တယ် ဒါမလုပ်သင့်ဘူးအမြဲတမ်းပြောပြတယ်” လို့လည်း ရင်ဖွင့်ထားပါတယ်။

ဒါ့အပြင်တိုင်ရွန်က ပြောစကားနားထောင်လို့ ပိုပြီးဖြစ်စေချင်ကြောင်းကို “နောက်ပြီးတော့ သူက ပြောစကားနားထောင်တယ်။ အခြားသူငယ်ချင်းတွေဆို နည်းနည်းခေါင်းမာတယ်ကွာ။ သူက နင်ဒါလုပ်ရမယ်ဟိုဟာလုပ်ရမယ်ဆို အေးအေးငါလုပ်ရမယ်ဆိုတာမျိုး။သူသရုပ်ဆောင်တာတွေလည်းတွေ့ရတော့ နေခြည်က သူ့ကိုအရမ်းဖြစ်စေချင်တယ်။ ပြီးတော့ သူအခုလိုမျိုးအချိန်တိုတိုလေးအတွင်းမှာအရမ်းအောင်မြင်လာတယ်။ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာတဲ့အတွက်နေခြည်က သူ့ကိုဂုဏ်ယူတယ်”လို့ ဝမ်းသာစကားပြောထားပါတယ်။

တိုင်ရွန်ရဲ့အချစ်ရေးတွေကို ဝင်ရောက်အကြံပေးဖြစ်တဲ့အကြောင်းလည်းနေခြည်က “သူကယောက်ျားလေးဆိုတော့ နည်းနည်းဆိုးတာပေါ့။ ယောက်ျားလေးကတော့ဆိုးဆိုးပဲ။သိပ်မယုံနဲ့လို့ ကောင်မလေးတွေကို။ သူကဆိုးတယ်။အရမ်းချစ်တတ်တယ်။ ဒါပေမယ့်သူ့မှာချစ်စရာအသည်းနှလုံးတွေကတော့အများကြီးပဲ။ အရမ်းတော့ချစ်တတ်တယ်။ တစ်ခုခုဆို သူက ဖီးလ်မယ်။ရိုချစ်တယ်။အဲဒါမျိုးပဲ။ သူကအရမ်းချစ်တတ်တယ်။ ချစ်စရာတွေများနေတာတစ်ခုပဲ”လို့ သူငယ်ချင်းကိုရတတ်သမျှလေးအပြေးအလွှားဆေးထိုးလိုက်ပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည့်ကိုချစ်ကြလား။ နေခြည်နဲ့တိုင်ရွန်နဲ့ပိုင်ဆိုင်ထားတဲ့သူငယ်ချင်းဘဝကိုရောအားကျကြလား။ သူတို့နှစ်ယောက်ရဲ့ပရိသတ်တော်တော်များများက သူတို့ကိုအချင်းချင်းတိုးတိုးတိတ်တိတ်သဘောတူနေကြသလိုရော နေခြည်နဲ့တိုင်ရွန်ကိုချစ်သွားစေချင်ကြလား။ သူတို့နှစ်ယောက်ရုပ်ရှင်ကားကြီးတစ်ခုတည်းမှာအတူသရုပ်ဆောင်ဖြစ်မယ်ဆိုရင် အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

LEAVE A REPLY

Please enter your comment!
Please enter your name here