တြဲခဲ့ဖူးသမွ် အဆက္ေဟာင္းေတြအေၾကာင္း ဆိုထားတဲ့ Taylor Swift ရဲ႕ သီခ်င္းမ်ား

0
79

သီခ်င္းေရးသားတဲ့အခါ ရင္တြင္းျဖစ္ေတြက ေပါက္တာပိုျမန္သလို တိုက္ဆိုင္မႈရွိေနတဲ့ ပရိသတ္ေတြမ်ားရင္လည္း ေရာင္းအားအေကာင္းဆံုးေတြ ဘာေတြ ျဖစ္လာႏိုင္ပါတယ္။ Taylor Swift လို ခ်စ္သူေတြ ထည္လဲတြဲေနတဲ့ အဆိုေတာ္မေလးအတြက္ကေတာ့ ခံစားခ်က္တိုင္းက သံစဥ္ေတြ ျဖစ္ေနမွာပါပဲ။ ဒီေတာ့ အဆက္ေဟာင္းေတြအေၾကာင္း ေရးဖြဲ႕သီဆိုထားတဲ့ Taylor Swift ရဲ႕ သီခ်င္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

We Are Never Getting Back Together

ဒီသီခ်င္းေလးကေတာ့ Red သီခ်င္းေခြထဲမွာပါျပီး single song ေလး ျဖစ္ပါတယ္။ ခ်စ္သူ Jake Gyllenhaal အေၾကာင္း ေျပာမွန္း သိသာထင္ရွားပါတယ္။ music video ထဲမွာ သရုပ္ေဆာင္မင္းသားက အင္ဒီေတးဂီတအဖြဲ႕ကို ၾကိဳက္တာကအစ လည္စည္းပုဝါအဆံုး အားလံုးက Gyllenhaal နဲ႕ ခ်ိန္းေတြ႕စဥ္က အေၾကာင္းအရာေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ပရိသတ္ေတြက ဒီသီခ်င္းျဖစ္လာတဲ့ ေနာက္ကြယ္လူက Gyllenhaal ေၾကာင့္ပဲလို႕ ထင္လိုက္ၾကပါတယ္။

Style

1989 ဆိုတဲ့ အေခြထဲမွာပါတဲ့ သီခ်င္းနာမည္ကိုၾကည့္လိုက္တည္းက ဒါက Harry Styles ကို ရည္ရြယ္မွန္း ထင္ရွားပါတယ္။ သီခ်င္းထဲမွာပါတဲ့ မင္းသားကလည္း Harry နဲ႕ ဆင္ပါတယ္။

Back To December

ပရိသတ္ေတြကေတာ့ ဒီသီခ်င္းက Taylor Launter အေၾကာင္း ေရးစပ္ထားတယ္လို႕ ယံုၾကည္ၾကပါတယ္။ သူတို႕ႏွစ္ေယာက္က Valentine’s Day ဇာတ္ကား မွာ တူတူ သရုပ္ေဆာင္ျပီးတည္းက ဒီသီခ်င္းကို ေရးစပ္ဖို႕ အေၾကာင္းဖန္လာတာ ျဖစ္ပါတယ္။

I Knew You Were Trouble

ဒီသီခ်င္းက Harry Styles အေၾကာင္းပဲ ျဖစ္ျပီး ဂရမ္မီဆုေပးပြဲမွာ ဒီသီခ်င္းကို ေဖ်ာ္ေျဖျပီးေနာက္ Taylor Swift က ခုလိုေျပာၾကားခဲ့ ပါတယ္။ “ဒီသီခ်င္းကို ရည္ရြယ္ေရးထားတဲ့ တစ္ေယာက္ေသာသူက စတိတ္စင္ေဘးနားမွာ ရပ္ၾကည့္ေနတာေလာက္ ခံစားခ်က္က ေနမထိထိုင္မသာ ျဖစ္ရတာ မရွိေတာ့ဘူး” လို႕ ဆိုပါတယ္။

Dear John

အဆိုေတာ္ John Mayer ရဲ႕ နာမည္က သီခ်င္းထဲမွာ ပါလာရံုတင္မကပါဘူး သီခ်င္းစာသားေတြကလည္း John နဲ႕ Taylor ၾကားက အသက္ကြာဟမႈကို ရည္ညႊန္းျပေနတာ ျဖစ္ပါတယ္။

Better Than Revenge

Speak Now ထဲမွာပါတဲ့ Better Than Revenge သီခ်င္းစာသားထဲမွာ မင္းသမီးေတြအေၾကာင္းနဲ႕ vintage ဝတ္စံုအေၾကာင္းလည္း ပါပါတယ္။ ဒါက မင္းသမီး Camilla Belle ႏွစ္သက္တဲ့ အရာေတြပဲ ျဖစ္ပါတယ္။ Camilla က Taylor Swift နဲ႕ Joe Jonas ၾကားမွာ ဝင္ရႈပ္ျပီးေနာက္ ဒီသီခ်င္းကို ထုတ္လႊင့္ခဲ့တာျဖစ္ပါတယ္။

The Last Time
Taylor နဲ႕ Jake Gyllenhaal တို႕ စျပီးခ်ိန္းေတြ႕စဥ္မွာ Jake က အျခားမင္းသမီးႏွစ္ေယာက္ျဖစ္တဲ့ ေရခ်ယ္နဲ႕ အန္နာတို႕နဲ႕လည္း အခ်ိတ္အဆက္ရွိေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီသီခ်င္းက ရည္ရြယ္သူေတြအားလံုး ပါဝင္ေနတယ္လို႕ေတာင္ ထင္ရပါတယ္။

Forever & Always
2008 ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Fearless သီခ်င္းေခြက Taylor Swift နဲ႕ Joe Jonas တို႕ ျပတ္သြားတဲ့အခ်ိန္မွာ ေရးစပ္ထားတာ ျဖစ္ပါတယ္။ သီခ်င္းစာသားေတြက Taylor ဖုန္းထဲမွာ ခ်စ္သူနဲ႕လမ္းခြဲတုန္းက ေျပာခဲ့တာေတြပဲ ျဖစ္ပါတယ္။

Fifteen
Brandon Borello နဲ႕ ပတ္သက္ျပီး Taylor Swift ေရးသားထားတဲ့ သီခ်င္းျဖစ္ပါတယ္။ ဒီသီခ်င္းက ၁၅ ႏွစ္အရြယ္မွာ သူခ်စ္ခဲ့ဖူးတဲ့ ေကာင္ေလး အေၾကာင္း ေရးစပ္ထားတာလည္း ျဖစ္ပါတယ္။

Should’ve Said No
Sam Armstrong က Taylor Swift ရဲ႕ အထက္တန္းေက်ာင္းတုန္းက ခ်စ္သူ ျဖစ္ျပီး သူမအေပၚမွာ လွည့္စားခဲ့လို႕ လမ္းခြဲခံခဲ့ရသူလည္း ျဖစ္ပါတယ္။ ဒီသီခ်င္းေလးက Sam ကို ရည္ရြယ္ျပီး သီဆိုခဲ့တာ ျဖစ္ပါတယ္။

Unicode

သီချင်းရေးသားတဲ့အခါ ရင်တွင်းဖြစ်တွေက ပေါက်တာပိုမြန်သလို တိုက်ဆိုင်မှုရှိနေတဲ့ ပရိသတ်တွေများရင်လည်း ရောင်းအားအကောင်းဆုံးတွေ ဘာတွေ ဖြစ်လာနိုင်ပါတယ်။ Taylor Swift လို ချစ်သူတွေ ထည်လဲတွဲနေတဲ့ အဆိုတော်မလေးအတွက်ကတော့ ခံစားချက်တိုင်းက သံစဉ်တွေ ဖြစ်နေမှာပါပဲ။ ဒီတော့ အဆက်ဟောင်းတွေအကြောင်း ရေးဖွဲ့သီဆိုထားတဲ့ Taylor Swift ရဲ့ သီချင်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

We Are Never Getting Back Together

ဒီသီချင်းလေးကတော့ Red သီချင်းခွေထဲမှာပါပြီး single song လေး ဖြစ်ပါတယ်။ ချစ်သူ Jake Gyllenhaal အကြောင်း ပြောမှန်း သိသာထင်ရှားပါတယ်။ music video ထဲမှာ သရုပ်ဆောင်မင်းသားက အင်ဒီတေးဂီတအဖွဲ့ကို ကြိုက်တာကအစ လည်စည်းပုဝါအဆုံး အားလုံးက Gyllenhaal နဲ့ ချိန်းတွေ့စဉ်က အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက ဒီသီချင်းဖြစ်လာတဲ့ နောက်ကွယ်လူက Gyllenhaal ကြောင့်ပဲလို့ ထင်လိုက်ကြပါတယ်။

Style

1989 ဆိုတဲ့ အခွေထဲမှာပါတဲ့ သီချင်းနာမည်ကိုကြည့်လိုက်တည်းက ဒါက Harry Styles ကို ရည်ရွယ်မှန်း ထင်ရှားပါတယ်။ သီချင်းထဲမှာပါတဲ့ မင်းသားကလည်း Harry နဲ့ ဆင်ပါတယ်။

Back To December

ပရိသတ်တွေကတော့ ဒီသီချင်းက Taylor Launter အကြောင်း ရေးစပ်ထားတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့နှစ်ယောက်က Valentine’s Day ဇာတ်ကား မှာ တူတူ သရုပ်ဆောင်ပြီးတည်းက ဒီသီချင်းကို ရေးစပ်ဖို့ အကြောင်းဖန်လာတာ ဖြစ်ပါတယ်။

I Knew You Were Trouble

ဒီသီချင်းက Harry Styles အကြောင်းပဲ ဖြစ်ပြီး ဂရမ်မီဆုပေးပွဲမှာ ဒီသီချင်းကို ဖျော်ဖြေပြီးနောက် Taylor Swift က ခုလိုပြောကြားခဲ့ ပါတယ်။ “ဒီသီချင်းကို ရည်ရွယ်ရေးထားတဲ့ တစ်ယောက်သောသူက စတိတ်စင်ဘေးနားမှာ ရပ်ကြည့်နေတာလောက် ခံစားချက်က နေမထိထိုင်မသာ ဖြစ်ရတာ မရှိတော့ဘူး” လို့ ဆိုပါတယ်။

Dear John

အဆိုတော် John Mayer ရဲ့ နာမည်က သီချင်းထဲမှာ ပါလာရုံတင်မကပါဘူး သီချင်းစာသားတွေကလည်း John နဲ့ Taylor ကြားက အသက်ကွာဟမှုကို ရည်ညွှန်းပြနေတာ ဖြစ်ပါတယ်။

Better Than Revenge

Speak Now ထဲမှာပါတဲ့ Better Than Revenge သီချင်းစာသားထဲမှာ မင်းသမီးတွေအကြောင်းနဲ့ vintage ဝတ်စုံအကြောင်းလည်း ပါပါတယ်။ ဒါက မင်းသမီး Camilla Belle နှစ်သက်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ Camilla က Taylor Swift နဲ့ Joe Jonas ကြားမှာ ဝင်ရှုပ်ပြီးနောက် ဒီသီချင်းကို ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

The Last Time
Taylor နဲ့ Jake Gyllenhaal တို့ စပြီးချိန်းတွေ့စဉ်မှာ Jake က အခြားမင်းသမီးနှစ်ယောက်ဖြစ်တဲ့ ရေချယ်နဲ့ အန်နာတို့နဲ့လည်း အချိတ်အဆက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသီချင်းက ရည်ရွယ်သူတွေအားလုံး ပါဝင်နေတယ်လို့တောင် ထင်ရပါတယ်။

Forever & Always
2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fearless သီချင်းခွေက Taylor Swift နဲ့ Joe Jonas တို့ ပြတ်သွားတဲ့အချိန်မှာ ရေးစပ်ထားတာ ဖြစ်ပါတယ်။ သီချင်းစာသားတွေက Taylor ဖုန်းထဲမှာ ချစ်သူနဲ့လမ်းခွဲတုန်းက ပြောခဲ့တာတွေပဲ ဖြစ်ပါတယ်။

Fifteen
Brandon Borello နဲ့ ပတ်သက်ပြီး Taylor Swift ရေးသားထားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းက ၁၅ နှစ်အရွယ်မှာ သူချစ်ခဲ့ဖူးတဲ့ ကောင်လေး အကြောင်း ရေးစပ်ထားတာလည်း ဖြစ်ပါတယ်။

Should’ve Said No
Sam Armstrong က Taylor Swift ရဲ့ အထက်တန်းကျောင်းတုန်းက ချစ်သူ ဖြစ်ပြီး သူမအပေါ်မှာ လှည့်စားခဲ့လို့ လမ်းခွဲခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒီသီချင်းလေးက Sam ကို ရည်ရွယ်ပြီး သီဆိုခဲ့တာ ဖြစ်ပါတယ်။