ထင်မှတ်မထားလောက်အောင် သက်တမ်းကြီးရင့်ကြတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ


၁။




၂။




ကျနော်တို့ရုပ်ရှင်တွေထဲမှာ မြင်နေကျရပ်တာတွေတွေ အရွယ်အစားမဟုတ်ဘဲနဲ့ ကြက်ဆင်သာသာ အရွယ်တွေသာရှိတဲ့ အရိုးစုနှစ်ခုကို တွေ့ခဲ့တာကလည်း တကယ့်ကို အံ့အားသင့်စရာပါပဲ ။ ဘာဖြစ်လို့လည်းဆိုတဲ့သူတို့နှစ်ခုရဲ့ နှစ်သက်တမ်းဟာ နှစ်သန်းပေါင်း ၆၀ နီးပါးရှိနေလို့ပါပဲ ။ Jurassic Park ဇာတ်လမ်းထဲက ရပ်တာတွေနဲ့ ယှဉ်လိုက်ရင်တော့ တကယ့်ကို အကောင်သေးလေးတွေ ဖြစ်နေမှာပါ ။

၃။




၎။


၅။


Unicode

ကမ္ဘာ့မြေလွှာရဲ့ အောက်ပိုင်းမှာ သိပ္ပံဆိုင်ရာယူဆချက်တွေအတွက်နဲ့ အတော်ကိုထူးဆန်းတဲ့အရာတွေ ကမ္ဘာ့ရတနာတွေ တည်ရှိနေပါတယ် ။ နှစ်သန်းပေါင်းများစွာ မြေအောက်မှာ ရှိနေတာကြောင့် ယနေ့ခေတ်သိပ္ပံပညာအတွက်တော့ အတော်ဆန်းကြယ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာတည် ရှိနေပါတယ် ။ အဲ့ဒီကျောက်ဖြစ်ရုပ်ကြွင်းတွေကတော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ ကမ္ဘာ့သမိုင်းရဲ့ ကျောရိုးတွေလည်းဖြစ်နေပြန်ပါတယ် ။ ကျနော်တို့ မသိနိုင်တဲ့ သက်ရှိမျိုးစိတ်တွေ နေထိုင်ခဲ့တဲ့ ကမ္ဘာကြီးအကြောင်းကို အဲ့ဒီကျောက်ဖြစ်ရုပ်ကြွင်းတွေကပဲ ပြောပြပေးတာပါ ။ ဒိုင်နိုဆောတွေဟာ ကျနော်တို့ကို အံ့အားသင့်စေတဲ့ သက်ရှိမျိုးစိတ်တွေဖြစ်ခဲ့ဖူးပါတယ် ။ အခါကျနော်တို့ ပြောချင်လွန်းလို့က မိတ်ဆွေတွေကိုတင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ ကမ္ဘာ့ အထူးအဆန်းဆုံး ကြောက်ဖြစ်ရုပ်ကြွင်းတွေအကြောင်းပဲ ဖြစ်ပါတယ် ။

၁။

ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုမှာ ထူးဆန်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု နှစ် ၉၉သန်း သက်တမ်းရှိပြီးပြီဖြစ်တဲ့ ဒိုင်နိုဆောတစ်ကောင် ရဲ့အမြီးကို ပယင်းတစ်ခုရဲ့ အထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမွေးတွေနဲ့ အပြည့် အဝဖုံးအုပ်ခံထားရတဲ့ အမြီးတစ်ခုဖြစ်တဲ့ အမွေးရှိတဲ့ ဒိုင်နိုဆော မျိုးစိတ်ထဲက ဘယ်တစ်ခုရဲ့ အမြီးဖြစ်မလဲဆိုတာသိရဖို့ကိုတော့ သူတို့ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ကမ္ဘာ့ဘူမိဗေဒ ဆိုင်ရာတက္ကသိုလ်က လေ့လာရေးအဖွဲ့က ဒီကျောက်ဖြစ်ရုပ်ကြွင်းကိုလေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၂။

နောက်ထပ်တွေ့ရှိမှုတစ်ခုကဆိုရင်တော့ ကျနော်တို့မျက်လုံးတွေနဲ့တောင် ယုံနိုင်စရာမရှိတဲ့ အဖြစ်အပျက်တစ်ခုပါပဲ ။ အခုနောက်ပိုင်းတွေ့ရှိတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတော် တော်များများဟာ တစ်ကောင်တည်း ဒါမှ မဟုတ် အပေါ်မှာပြောပြခဲ့သလို နှစ်ကောင်ဆိုတဲ့ ပမာဏဟာ အများဆုံးပါပဲ ဒီရုပ်ကြွင်းကတော့ အသိုက်ထဲမှာ ရှိနေတဲ့ပုံစံမျိုးနဲ့တွေ့ခဲ့ရတာပါ။ တကယ့်ကို ထူးထူးဆန်းအရာပါပဲ။

၃။

နောက်ထပ်တွေ့ရှိမှုတစ်ခုကဆိုရင်တော့ ကျနော်တို့မျက်လုံးတွေနဲ့တောင် ယုံနိုင်စရာမရှိတဲ့ အဖြစ်အပျက်တစ်ခုပါပဲ ။ အခုနောက်ပိုင်းတွေ့ရှိတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတော် တော်များများဟာ တစ်ကောင်တည်း ဒါမှ မဟုတ် အပေါ်မှာပြောပြခဲ့သလို နှစ်ကောင်ဆိုတဲ့ ပမာဏဟာ အများဆုံးပါပဲ ဒီရုပ်ကြွင်းကတော့ အသိုက်လိုက်ပုံစံမျိုးနဲ့တွေ့ခဲ့ရတာပါ။ တကယ့်ကို ထူးထူးဆန်းအရာပါပဲ။

၄။

အခုကျနော်ပြောပြပေးသွားမယ့် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုရဲ့ သက်တမ်းဟာဆိုရင်တော့ ကျနော်တို့ အပေါ်မှာပြောခဲ့တဲ့ အရာတွေထက် တော်တော်ထူးဆန်းတဲ့ အရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကျောက်ဖြစ်ရုပ်ကြွင်းဟယ နှစ်သန်းပေါင်း၁၀၀နီးပါးရှိနေတဲ့ ပင့်ကူတစ်ကောင်ရဲ့ ကြောက်ဖြစ်ရုပ်ကြွင်းပါပဲ။

၅။
နောက်ဆုံး အနေနဲ့ ဖော်ပြပေးသွားမယ့် အကြောင်းလေးကတော့ ဒိုင်နိုဆောတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းအကြောင်းမဟုတ်ဘဲ ဒိုင်နိုင်ဆော တွေကို စားနိုင်တဲ့ ဖားပြုတ်တွေအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဟာကတော့ တော်တော်ထူးထူးဆန်းဆန်းပါပဲ ပြီးခဲ့တဲ့နှစ်သန်းပေါင်း ၆၈ သန်းဘောက်ကို အချိန်ခရီးသွားလို့ရရင် ဒီအကောင်တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါသတဲ့ ။

Tags:

Leave a Reply