ထင်​သ​လောက် ​​ပေါက်​မသွားခဲ့တဲ့ တကယ့်​လက်​ရာ​မြောက်​ ရုပ်​ရှင်​ ၇ ကား

0
85

ရုပ်​ရှင်​ကြီး​တွေထွက်​လာပြီဆိုရင်​ ကား​ကောင်းတာ၊ ကားမ​ကောင်းတာထက်​ လူ​တွေကြားမှာ​တော့ မထွက်​ခင်​ကတည်းက သိပ်​​ရေပန်းစားပါတယ်​။ ဒီလိုအရှိန်​အဝါ ဖုံးလွှမ်းမှု​တွေရှိတဲ့အခါ တကယ့်​ရုပ်​ရှင်​ပရိသတ်​​တွေအ​နေနဲ့ လူမသိသူမသိ လက်​လွတ်​သွားခဲ့တဲ့ ကား​တွေလဲ ရှိ​နေပါတယ်​။ တကယ်​ အရသာရှိရှိကြည့်​ရမှာပါ။ ၂၀၁၈ မှာ ထင်​သ​လောက်​မ​ပေါက်​သွားခဲ့တဲ့ တကယ့်​လက်​ရာ​မြောက်​ နိုင်​ငံတကာ ရုပ်​ရှင်​ ၇ ကား ကို တင်​ဆက်​​ပေးပါရ​စေ။

In the Aisles – IMDB 7.1

ဂျာမန်​ဒါရိုက်​တာကြီး Thomas Stuber ရဲ့ ထူးခြားလက်​ရာဖြစ်​ပြီး​တော့ ဘာလင်​နိုင်ငံတကာရုပ်​ရှင်​ပွဲ​တော်​မှာ အ​တော်​​လေး အနှစ်​သက်​ခံခဲ့ရပါတယ်​။ ရိုးစင်းလွန်းစွာနဲ့ လူ့ဘဝ​တွေက အထီးကျန်​ခံစားမှု၊ လူ​တွေရဲ့ စိတ်​အတွင်းပိုင်းအကျဉ်း​ထောင်​​တွေ နဲ့ ပတ်​သက်​ပြီး ​မေးခွန်း​တွေ အမြစ်​တူးသွားခဲ့တယ်​။ ​နောက်​တစ်​ခုက… ​ပျော်​ရွှင်​သာယာမှုဆိုတဲ့ အရာ…. ဒီရုပ်​ရှင်​က​ပေးမယ့်​ အဓိပ္ပါယ်​ကဘယ်​လိုဖြစ်​မလဲ ရင်​ခုန်​ကြည့်​​စေချင်​ပါတယ်​။

Shoplifters IMDB 8.1

ဝေဖန်​သူ​တွေကအစ အကြိုက်​​တွေ့ခဲ့တဲ့ ဂျပန်ုကားဖြစ်​ပါတယ်​။ ကိန်းရုပ်​ရှင်​ပွဲ​တော်​မှာ Palme d’Or ဆုကိုရခဲ့တယ်​။ ဆင်းရဲတဲ့မိသားစု​လေးတစ်​ခု… ​နေ့စဉ်​အသက်​ရှင်​ဝမ်း​ကျောင်းနိုင်​ဖို့အတွက်​ ခိုးဝှက်​ရင်း အသက်​ကို​မွေးကြရတယ်​။ အ​ကောင်းနဲ့အဆိုး၊ ​ကောင်းမှု နဲ့ မ​ကောင်းမှု ဘယ်​လိုယှဉ်​တွဲဆုံးဖြတ်​ကြသလဲ ဆိုတာ ဒီဇာတ်​လမ်းက လှုံ့​ဆော်​ရာ ဖြစ်​လာပါလိမ့်​မယ်​။

Searching IMDB 7.8

ဒီရုပ်​ရှင်​က အ​မေရိကန်​ ရုပ်​ရှင်​စတူဒီယို Timur Bekmambetov မှာ ဖန်​တီးထားခဲ့တာပါ။ ဒီလိုကားအမျိုးအစား​တွေက ဒီဘက်​​ခေတ်​သစ်​​ပြောင်းလဲတိုးတက်​မှုမှာ သင်​ဆိုလိုချင်​သမျှကို ပုံ​ဖော်​ညွှန်း​ပေးဖို့ အ​တော်​ပဲ လိုက်​ဖက်​ညီစွာ ​ရွေ့လျား​ပေးလာပါတယ်​။ ဖုန်း နဲ့ ကွန်​ပျူတာ စခရင်​​တွေ​ပေါ်မှာတင်​ ဇာတ်​လမ်းဇာတ်​ကွက်​ တစ်​ခုလုံးတည်​​ဆောက်​ထားတာဖြစ်​တယ်​။ ကြည့်​သင့်​ကြည့်​ထိုက်​ တဲ့ ကားတစ်​ကားပါပဲ။

Hereditary IMDB 7.3

အသက်​အရွယ်​ အကန့်​အသက်​နဲ့သာ ကြည့်​ရှုသင့်​ပြီး မိသားစုတစ်​ခုအတွင်းက လျို့ဝှက်သည်းဖို ဇာတ်​အိမ်​ ဒရာမာ ဖြစ်​ပါတယ်​။ မြင်​​တွေ့​နေကျ Horror ဇာတ်​လမ်း​တွေနဲ့ အလှည့်​အ​ပြောင်းေ​တွခြားနားလွန်းစွာပဲ ခံစားကြရမှာပါ။ တစ်​ကားလုံးကို ငြီး​ငွေ့ဖွယ်​ရာမရှိ​အောင်​ ဇာတ်​လမ်းဖွဲ့စည်းမှု၊ ဇာတ်​ညွှန်း စသဖြင့်​ အင်​အားပြည့်​ဝပါတယ်​။

The Extraordinary Journey of the Fakir IMDB 7.0

ချစ်​စဖွယ်​​ကောင်းတဲ့ အချစ်​ရိုမန်ု့စ်​ရုပ်​ရှင်​ဖြစ်​ပါတယ်​။ ပြင်​သစ်​၊ ဘယ်​လ်​ဂျီယံ၊ အိန္ဒိယ၊ စင်​ကာပူ၊ နဲ့ အ​မေရိကန်​တို့ ပူး​ပေါင်းထားတဲ့ နိုင်​ငံတကာရုပ်​ရှင်​ Team က​နေ ထွက်​ရှိလာတဲ့ လက်​​ရောက်​​မြောက်​ဇာတ်​လမ်း ဖြစ်​ပါတယ်​။ ချစ်​မြတ်​နိုးတတ်​သူ တစ်​​ယောက်​ဖြစ်​လာ​အောင်​ အ​တော်​ဆွဲ​ဆောင်​​ပေးနိုင်​ပါလိမ့်​မယ်​။

Braven  IMDB 6.1

က​နေဒါပြည်​က မြို့က​လေးတစ်​ခု… ​တောကြီး​တောင်​တန်းအလှ​တွေနဲ့ဖွဲ့စည်းထားတဲ့ အရပ်​မှာ ဘဝကို ​အေးချမ်း​ပျော်​ရွှင်​စွာရှိ​နေတဲ့ ​တော​ခေါင်းနဲ့ သူ့မိသားစု​လေး….။ ခရစ္စမတ်​မတိုင်​မီညမှာ မြို့ထဲကို ​ရောက်​လာတဲ့ မူးယစ်​ဂိုဏ်း​တွေရဲ့ ထိတ်​လန့်​​စေမှု… သူတို့ ရန်​စွယ်​က​နေ မိသားစုကို အသက်​​ပေးပြီး ကာကွယ်​မယ့်​ ဇာတ်​​ကောင်​….။ ​နောက်​တစ်​ချက်​က ကင်​မရာအယူအဆနဲ့ ရိုက်​ချက်​​တွေလဲ သိပ်​​ကောင်းတာပါ။ နှဲင်းထုလွှာ​တွေနဲ့ ရှူ​မျှော်​ခင်း​တွေဟာ တကယ့်​ နှစ်​သက်​စဖွယ်​​ပါပဲ။

The Pig IMDB – 6.4

ဘာလင်​ရုပ်​ရှင်​ပွဲ​တော်​အတွင်း Gold bear ဆုအတွက်​ ဆန်​ခါတင်​အဆင့်​အထိ စာရင်းဝင်​ခဲ့တဲ့ကားပါ။ အ​မေ့​လျော့ခံ ရုပ်​ရှင်​ဒါရိုက်​တာကြီးတစ်​​ယောက်​… သူ့ရဲ့လုပ်​​ဖော်​ကိုင်​ဖက်​​တွေကို သတ်​ဖြတ်​သွားတဲ့ ကွင်းဆက်​လူသတ်​မှု​တွေကို ဘယ်​လို​ဖော်​ထုတ်​မလဲ ဆိုတာ အ​ရှေ့တိုင်းအာရှက စိတ်​အခံသ​ဘောထား​တွေနဲ့ အတူ အယူအဆပိုင်း ကိုက်​ညှိကြည့်​နိုင်​မှာပါ။ အီရန်​​တွေရဲ့ ရုပ်​ရှင်​အဆင့်​အတန်းကိုမြင်​ချင်​ရင်​ မြည်းစမ်းကြည့်​သင့်​တဲ့ကားပါပဲ။

Zaw (H2H)